Home သတင်း အာဆီယံ စီးပွား‌ရေးအသိုက်အဝန်း ဖြစ်လာပါက ရင်ဆိုင်ရမည့် ပြဿနာများ‌ဖြေရှင်းနိုင်ရန် ထိုင်းနှင့်မြန်မာ ညှိနှိုင်း

အာဆီယံ စီးပွား‌ရေးအသိုက်အဝန်း ဖြစ်လာပါက ရင်ဆိုင်ရမည့် ပြဿနာများ‌ဖြေရှင်းနိုင်ရန် ထိုင်းနှင့်မြန်မာ ညှိနှိုင်း

1854
ဇွန် ၄ရက်၊ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

လာမည့် ၂၀၁၆ ခုနှစ်တွင် အာဆီယံ စီးပွား‌ရေးအသိုက်အဝန်း(ASEAN Economic Community -AEC) ဖြစ်လာပါက ထိုင်း-မြန်မာနယ်စပ်‌ဒေသအတွင်း ရင်ဆိုင်ရမည့် မူးယစ်‌ဆေးဝါး၊ လူကုန်ကူးမှုနှင့် ‌ရွှေ့‌ပြောင်း အလုပ်သမား ပြဿနာများကို ‌ဖြေရှင်းနိုင်ရန် နှစ်နိုင်ငံတာဝန်ရှိသူများ၏ ညှိနှိုင်း‌ဆွေး‌နွေးပွဲကို ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့၊ Centara ဟိုတယ်၌ ဇွန် ၃ရက်‌နေ့မှ ၅ရက်‌နေ့အထိ ကျင်းပလျှက်ရှိသည်။

၎င်းညှိနှိုင်း‌ဆွေး‌နွေးပွဲသို့ ထိုင်းနိုင်ငံဘက်က နိုင်ငံခြား‌ရေးဝန်ကြီးဋ္ဌာနမှ ဥပ‌ဒေ‌ရေးရာ အထူးကျွမ်းကျင်သူ နိုင်ပရာဝိ‌ရော်ကဲ‌ယောက်၊ တာ့ခ်ခရိုင် တရားသူကြီးချုပ်၊ မဲ‌ဆောက်မြို့ပိုင်၊ မဲ‌ဆောက်ရဲမှူးကြီးနှင့် မြန်မာနိုင်ငံ ဘက်က မြဝတီခရိုင်ရဲမှူး ဒုရဲမှူးကြီး ဦးမိုးညို၊ ခရိုင်တရားသူကြီးချုပ်၊ မြဝတီအုပ်ချုပ်‌ရေးမှူး၊ ခရိုင်ကျန်းမာ‌ရေးမှူး၊ လူကုန်ကူးမှူ တိုက်ဖျက်‌ရေးတို့အပါအဝင် စုစု‌ပေါင်း (၅၀)ဦး‌ကျော် တက်‌ရောက်ခဲ့ကြသည်။

ထိုင်းနိုင်ငံ နိုင်ငံခြား‌ရေး ဝန်ကြီးဋ္ဌာနမှ ဥပ‌ဒေ‌ရေးရာ အထူးကျွမ်းကျင်သူ နိုင်ပရာဝိ‌ရော်ကဲ‌ယောက်က “မူးယစ် ‌ဆေးဝါးပြဿနာ၊ လူကုန်ကူးမှုပြဿနာ၊ အလုပ်သမားပြဿနာ‌တွေဟာ အခုကျ‌နော်တို့ နှစ်နိုင်ငံကြားမှာပဲ ရှိတဲ့ ပြဿနာသာဖြစ်တယ်။ အကယ်၍ AEC ဖြစ်လာတဲ့အခါကျရင် တရုတ်၊ ထိုင်ဝမ်၊ ဂျပန်၊ ဥ‌ရောပ၊ အ‌မေရိကက ‌ငွေရှင်‌ကြေးရှင်‌တွေ ‌ငွေအထုအထည်နဲ့ ဝင်လာတဲ့အခါ အဲဒီပြဿနာ‌တွေထဲမှာ နိုင်ငံခြားက လူ‌တွေလည်း ပါလာရင် ရှင်းရခက်သွားပြီ။ ဒါ‌ကြောင့် ‌ဖြေရှင်းဖို့ နည်းနာ‌တွေကို ရှာဖို့ ဒီညှိနှိုင်းပွဲကို လုပ်တာပါ”ဟု နယ်ခံ သတင်း‌ထောက်များကို ‌ပြောကြားခဲ့သည်။

ထို့အပြင် လက်ရှိနယ်စပ်‌ဒေသမှ ဖြတ်သန်းသွားလာသည့် မူးယစ်‌ဆေးဝါးပြဿနာ၊ အလုပ်ရှင်နှင့် အလုပ်သမား အကြား လုပ်အားခ၊ ‌နေရာထိုင်ခင်းနှင့် လူကုန်ကူးမှု ပြဿနာအရင်းအမြစ်များကို နှစ်နိုင်ငံခြား ပူး‌ပေါင်း‌ဖြေရှင်း ရာ၌ လိုအပ်ချက်များရှိ‌နေဆဲဖြစ်ကာ နှစ်နိုင်ငံတာဝန်ရှိသူများအ‌နေဖြင့် ကြိုတင်ပြင်ဆင်မှုများ လုပ်‌ဆောင်ရန် လိုအပ်‌ကြောင်း ဥပ‌ဒေ‌ရေးရာ အထူးကျွမ်းကျင်သူ နိုင်ပရာဝိ‌ရော်ကဲ‌ယောက်က ဖြည့်စွက်‌ပြောသည်။
IMG_8145
ယခုကိစ္စအ‌ပေါ် မြဝတီခရိုင်ရဲမှူး ဒုရဲမှူးကြီး ဦးမိုးညိုက “‌ရွှေ့‌ပြောင်းအလုပ်သမားပြဿနာက‌တော့ ကျ‌နော်တို့ နိုင်ငံက အလုပ်အကိုင်အခွင့်အလမ်းရရှိ‌ရေးအတွက်ကို ကြိုးပမ်း‌ဆောင်ရွက်‌နေပါတယ်။ အပြင်‌ရောက်ရှိတဲ့ အလုပ်သမားတွကို တရားဝင်ဖြစ်‌ရေး အ‌ကောင်းဆုံးဖြစ်‌အောင် ညှိနှိုင်း‌ဆောင်ရွက်‌နေပါတယ်။ မူးယစ်‌ဆေးဝါးနဲ့ ပတ်သက်ပြီး‌တော့ မြဝတီခရိုင်အ‌နေနဲ့‌ကော၊ မြန်မာနိုင်ငံအ‌နေနဲ့‌ကော စစ်ဆင်‌ရေးတရပ်ကဲ့သို့ အပိုင်းလိုက်၊ အပိုင်းလိုက် စီမံချက်‌တွေ ဆွဲပြီး အရှိန်အဟုန်နဲ့ ‌ဆောင်ရွက်‌နေပါတယ်”ဟု ‌ပြောသည်။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ မြဝတီခရိုင် တာဝန်ရှိသူများသည် နှစ်နိုင်ငံ ပူး‌ပေါင်း‌ဆောင်ရွက်မှုနှင့် ပတ်သက်၍ ယခင်က မကြာခဏ ‌ဆွေး‌နွေးခဲ့ကြ‌သော်လည်း ယခုကဲ့သို့ AEC အတိုင်းအတာအ‌နေဖြင့် ‌ဆွေး‌နွေးသည်မှာ ပထမဦးဆုံးအကြိမ်ဖြစ်သည်။

အာဆီယံနိုင်ငံများအပြင် နိုင်ငံတကာကပါ လွတ်လပ်စွာ ‌ရွှေ့‌ပြောင်းနို်င်ရန်နှင့် ‌ငွေ‌ကြေးအရင်းအနှီးများ ပိုမို လွတ်လပ်စွာ စီးဆင်းနိုင်သည့်‌ဒေသဖြစ်‌စေရန် ‌ရှေးရှု၍ ၁၂ကြိမ်‌မြောက် အာဆီယံ ထိပ်သီးအစည်းအ‌ဝေးတွင် အဖွဲ့ဝင် ၁ဝနိုင်ငံမှ ‌ခေါင်း‌ဆောင်များက အာဆီယံ စီးပွား‌ရေးအသိုက်အဝန်း ASEAN Economic Community ကို တည်‌ထောင်ရန် သ‌ဘောတူညီခဲ့ခြင်းဖြစ်သည်။