Home သတင်း ‌ဒေါနအ‌ရှေ့ခြမ်းရှိ ‌ကျောင်းဆရာများအတွက် ပထမဦးဆုံးအကြိမ် KED ဖတ်စာအုပ်သင်ကြားမှုဆိုင်ရာ သင်တန်း‌ပေး

‌ဒေါနအ‌ရှေ့ခြမ်းရှိ ‌ကျောင်းဆရာများအတွက် ပထမဦးဆုံးအကြိမ် KED ဖတ်စာအုပ်သင်ကြားမှုဆိုင်ရာ သင်တန်း‌ပေး

2033

ဇွန် ၂ရက်၊ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

ကရင်ပညာ‌ရေးဋ္ဌာန(KED)မှ ‌ရေးဆွဲထား‌သော ‌ကျောင်းသုံးဖတ်စာအုပ်များကို အသိအမှတ်ပြုခံရရန်နှင့် လွတ်လပ်စွာ သင်ကြားနိုင်ရန် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ‌ဒေါနအ‌ရှေ့ခြမ်းရှိ ‌ကျောင်းဆရာ/မများအတွက် ပထမဆုံးအကြိမ် KED၏ ဖတ်စာအုပ်သင်းကြားပို့ချမှု သင်တန်းတစ်ခုကို ‌သေ့‌ဘောဘိုးအထက်တန်း‌ကျောင်း၌ ဇွန် ၁ရက်မှ ၆ရက်‌နေ့အထိ ပြုလုပ်‌ပေးလျှက်ရှိသည်။

‌ဒေါနအ‌ရှေ့ခြမ်း နို့ဖိုး၊ ထီးမူးထာ့၊ မဲ့ကနဲ၊ ဖလူး၊ ရ‌သေ့ဂူ၊ ‌ကော်ဆဲ၊ ‌သေ့‌ဘောဘိုး၊ ‌တောင်နီ၊ ‌မောခီး၊ ထီးသဲလယ်၊ တ‌နော်ထာ့၊ ကနဲ‌လေး၊ ဘလယ့်ဒို့၊ အူးက‌ရေ့ထာ့၊ အူးဖိုးထာ့၊ ကွီးလဲစု၊ တာအုထာ့အပါအဝင် ‌ကျေးရွာ ၃၃ရွာမှ ‌ကျောင်းဆရာ၊ ဆရာမ ၆၉ဦးကို သင်တန်းဆရာ ၈ဦးတို့ဖြင့် သင်ကြားပို့ချ‌ပေးခြင်းဖြစ်သည်။

‌ကော့ကရိတ်မြို့နယ် KED ပညာ‌ရေးမှူး ‌စောမြင့်သန်းက “ကျ‌နော်တို့ ပညာ‌ရေးကို အသိမှတ်ပြုဖို့ရယ်၊ လွတ်လွတ်လပ်လပ် သင်ကြားနိုင်ဖို့ရယ်၊ ‌နောက်ပြီး ကျ‌နော်တို့ သင်ရိုးညွှန်းတမ်းရဲ့ အရည်အ‌သွေးကို မြှင့်တင်‌ပေးဖို့ လိုအပ်တဲ့အ‌ပေါ်မှာ ဒီသင်တန်းကို ပြုလုပ်တာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၆ရက်ကြာ ပြုလုပ်သည့် ၎င်းသင်တန်းတွင် KED ၏ ဖတ်စာအုပ်များဖြစ်ကြ‌သော ကရင်၊ မြန်မာ၊ အဂင်္လိပ်နှင့် သချင်္ာ စသည့်ဘာသာရပ်များဆိုင်ရာ သင်ကြားမှု နည်းနာများကို အဓိကထား သင်ကြားပို့ချ‌ပေးသည်ဟု သိရသည်။
KED curriculum training 1
အဆိုပါ‌ဒေသရှိ ‌ကော်ဆဲမူလတန်း‌ကျောင်းမှ ‌ကျောင်းဆရာ ‌စောခရစ်မလ်က “ပထမဦးဆုံးကြိမ် တက်‌ရောက် တာဖြစ်တဲ့အတွက် သင်ကြားပို့ချမှုပိုင်းမှာ အများကြီး အ‌ထောက်အကူဖြစ်မှာပါ။ အရင်က က‌လေး‌တွေကို လက်တန်းပုံစံမျိုးနဲ့ပဲ သင်‌ပေးတယ်။ အခု သင်တန်းရပြီဆို‌တော့ အ‌ထောက်အကူပစ္စည်း‌တွေနဲ့ သင်ကြားပို့ချ ‌ပေးမယ်ဆို‌တော့ က‌လေး‌တွေအတွက် ပိုပြီး နာလည်လာမယ်လို့ ယူဆတယ်”ဟု ‌ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) ၏ ခရိုင်(၇)ခုတွင် ယခင်နှစ် ၂၀၁၄-၁၅ ပညာသင်နှစ်က KED လက်‌အောက်ခံ စာသင်‌ကျောင်း ၁,၂၉၄‌ကျောင်း၊ ‌ကျောင်းဆရာ ဆရာမ ၆,၁၅၄ဦးနှင့် ‌ကျောင်းသူ‌ကျောင်းသား ၁၄၁,၆၃၂ဦးရှိပြီး ‌ဒေါနအ‌ရှေ့ခြမ်း၌ စာသင်‌ကျောင်း ၃၂‌ကျောင်း၊ ‌ကျောင်းဆရာဆရာမ (၁၅၁)ဦးနှင့် ‌ကျောင်းသူ‌ကျောင်းသား (၃,၉၀၉)ဦးရှိသည်ဟု သိရသည်။