Home ထိပ်တန်းသတင်း ကရင်ပြည်နယ်တွင် လူဦး‌ရေ ၁၅ သိန်း‌ကျော်ရှိ‌ကြောင်း ထုတ်ပြန်

ကရင်ပြည်နယ်တွင် လူဦး‌ရေ ၁၅ သိန်း‌ကျော်ရှိ‌ကြောင်း ထုတ်ပြန်

2087

ဇွန် ၁ရက်၊ ၂၀၁၅ခုနှစ်။ ‌ကေအိုင်စီ

မြန်မာနိုင်ငံ၏ ၂၀၁၄ ခုနှစ်က ‌ကောက်ခံသည့် သန်း‌ခေါင်စာရင်းပင်မအစီရင်ခံစာအရ မြန်မာတစ်နိုင်ငံလုံးရှိ စုစု‌ပေါင်း လူဦး‌ရေမှာ (၅၁,၄၈၆,၂၅၃)ဦးရှိပြီး ထိုအထဲ၌ ကရင်ပြည်နယ်၏ လူဦး‌ရေမှာ (၁,၅၇၄,၀၇၉)ဦး ရှိ‌ကြောင်း ‌မေ ၂၉ရက်‌နေ့က ‌နေပြည်‌တော်တွင် ထုတ်ပြန်ခဲ့သည်။

ကရင်ပြည်နယ်အတွင်းရှိ ဖားအံ၊ ဖာပွန်၊ မြဝတီ၊ ‌ကော့ကရိတ် စသည့် ခရိုင်တို့တွင် စာရင်း‌ကောက်ခံရရှိ‌သော လူဦး‌ရေမှာ ၁,၅၀၄,၃၂၆ ဦးနှင့် စာရင်းမ‌ကောက်ယူနိုင်သည့် လူဦး‌ရေ ၆၉,၇၅၃ ဦးရှိပြီး အမျိုးသားဦး‌ရေ ၇၇၅,၂၆၈ ဦး နှင့် အမျိုးသမီးဦး‌ရေ ၇၉၈,၈၁၁ ဦးရှိသည်ဟု ယင်းသန်း‌ခေါင်စာရင်း ပင်မအစီအရင်ခံစာတွင် ‌ဖော်ပြထားသည်။

အစီအရင်ခံစာအရ ပြည်နယ်လူဦး‌ရေများ‌ဖော်ပြရာတွင် ကချင် ၁,၆၈၉,၄၄၁ ဦး၊ ကယား(ကရင်နီ) ၂၈၆,၆၂၇ဦး၊ ကရင် ၁,၅၇၄,၀၇၉ ဦး၊ ချင်း ၄၇၈,၈၀၁ ဦး၊ မွန် ၂, ဝ၅၄,၃၉၃ ဦး၊ ရခိုင် ၃,၁၈၈,၈၀၇ ဦး၊ ရှမ်း(သျှမ်း) ၅,၈၂၄,၄၃၂ ဦးနှင့် တိုင်း‌ဒေသကြီးများလူဦး‌ရေမှာ ရန်ကုန် ၇,၃၆၀,၇၀၃ ဦး၊ ဧရာဝတီ ၆,၁၈၄,၈၂၉ ဦး၊ စစ်ကိုင်း ၅,၃၂၅,၄၃၇ ဦး၊ တနသင်္ာရီ ၁,၄၀၈,၄၀၁ ဦး၊ ပဲခူး ၄,၈၆၇,၃၇၃ ဦး၊ မ‌ကွေး ၃,၉၁၇,၀၅၅ ဦး၊ မန္တ‌လေး ၆,၁၆၅,၇၂၃ ဦးအပြင် ‌နေပြည်‌တော် ဧရိယာတွင် ၁,၁၆၀,၂၄၂ ဦး ရှိ‌ကြောင်း ‌ဖော်ပြထားသည်။

ထို့အပြင် ‌ကောက်ခံထားသည့် အဆိုပါအစီရင်ခံစာအရ ကချင်၊ ကရင်နှင့် ရခိုင် စသည့် ပြည်နယ်အတွင်းရှိ ‌ဒေသအချို့တွင် မ‌ကောက်ခံနိုင်ခဲ့သည် ခန့်မှန်‌ခြေ လူဦး‌ရေ အ‌ရေအတွက်မှာ (၁,၂၀၆,၃၅၃)ဦးရှိ‌ကြောင်း၊ မြန်မာနိုင်ငံ၏ စုစု‌ပေါင်း အမျိုးသားဦး‌ရေ (၂၄,၈၂၄,၅၈၆ )ဦးနှင့် အမျိုးသမီးဦး‌ရေ (၂၆,၆၆၁,၆၆၇)ဦး ရှိ‌ကြောင်း ‌ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံ၏ သန်း‌ခေါင်စာရင်းရလဒ် အ‌သေးစိတ်ကို ၂၀၁၅ခုနှစ်၊ ‌မေလအကုန်တွင် အပြီးသတ်ထုတ် ပြန်သွား မည်ဖြစ်‌ကြောင်း ယခင်က ‌ကြေညာထား‌သော်လည်း ကျန်ရှိ‌နေ‌သေးသည့် လူမျိုး၊ ဘာသာ၊ အလုပ်အကိုင်၊ လုပ်ငန်း စသည့်အချက်အလက်များကို လာမည့် ၂၀၁၆ ခုနှစ်မှသာ ထုတ်ပြန်‌ပေးမည်ဖြစ်သည်ဟု ‌မေ ၃ဝ ရက် ‌နေ့က ‌နေပြည်‌တော်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်‌ထောင်စု ဝန်ကြီး ဦးခင်ရီက သတင်း‌ထောက်များအား ‌ပြောကြားခဲ့သည်။

မြန်မာနိုင်တွင် လူဦး‌ရေ အ‌ရေအတွက် မှန်မှန်ကန်ကန် သိရှိနိုင်ရန်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူဦး‌ရေ သန်း‌ခေါင်စာရင်းကို ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်၊ မတ် ၃ဝ ရက်‌နေ့မှ ဧပြီ ၁၂ ရက်‌နေ့အထိ ‌ကောက်ခံခဲ့ခြင်းဖြစ်သည်။