Home ထိပ်တန်းသတင်း ကြံ့ဖွံ့ပါတီက သံ‌တောင်ကြီးမြို့နယ်တွင် ပါတီဝင်အင်အား အတင်းအကြပ် စု‌ဆောင်း‌နေ

ကြံ့ဖွံ့ပါတီက သံ‌တောင်ကြီးမြို့နယ်တွင် ပါတီဝင်အင်အား အတင်းအကြပ် စု‌ဆောင်း‌နေ

2975

ဇွန် ၂ဝရက်၊ ၂၀၁၅ခုနှစ်။ ‌စောထွန်းလင်း

ကရင်ပြည်နယ်၊ သံ‌တောင်ကြီးမြို့နယ်အတွင်းရှိ ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီက ‌ဒေသခံများကို ပါတီဝင်အဖြစ် အတင်းအကြပ် စု‌ဆောင်းမှုများပြုလုပ်‌နေသည်ဟု ကိုယ်တိုင်ကြုံ‌တွေ့ခဲ့သူ သံ‌တောင်ကြီးမြို့နယ်၊ အမှတ် ၃ရပ်ကွက်၌ ‌နေထိုင်သူ ‌နော်မူ‌နော်က ‌ကေအိုင်စီသို့ ဇွန်လ ၁၉ရက်‌နေ့တွင် ‌ပြောသည်။

“ပြီးခဲ့တဲ့ တလ‌ကျော်‌လောက်က ကြံ့ခိုင်‌ရေးပါတီက လူ‌တွေ ရပ်ကွက်ထဲကိုလာတယ်၊ အ‌နောအိမ်ကို‌ရောက်‌တော့ အိမ်‌ထောင်စု စာရင်း‌တောင်းတယ်။ အ‌နောကို ဓာတ်ပုံရိုက်သွားတယ်။ ‌နောက်ကျ‌တော့ အိမ်ကို ကြံ့ခိုင်‌ရေးပါတီဝင်ကဒ်ပြား လာ‌ပေးသွား တယ်။ ‌ရွေး‌ကောက်ပွဲနီးရင် မဲဘယ်လို‌ပေးရမယ်ဆိုတာ လာပြမယ်လို့‌တော့ ‌ပြောသွားတယ်။ အ‌နော်တို့ဆန္ဒက‌တော့ ပါတီဝင် မလုပ်ချင်ဘူး”ဟု ‌နော်မူ‌နော်က ‌ပြောဆိုသည်။

ထိုသို့ ပါတီဝင်အဖြစ် အတင်းအကြပ် စု‌ဆောင်းရာတွင် မြို့နယ်ကြံ့ဖွံ့ပါတီဝင်များက မည်သည့်အ‌ကြောင်းပြချက်မျှမ‌ပေးဘဲ အိမ် ‌ထောင်စုစာရင်း‌တောင်းယူကာ ဓာတ်ပုံရိုက်ယူသွားပြီး‌နောက် ပါတီဝင်ကဒ်ပြား လာ‌ပေးခြင်းများရှိသလို ‌ချေး‌ငွေထုတ်‌ပေးမည်ဟု ‌ပြောဆိုကာ ပါတီရုံးသို့‌ခေါ်‌ဆောင်ပြီး ကနဦး ပါတီဝင်ကဒ်များ ပြုလုပ်‌ပေးလိုက်ခြင်းများလည်းရှိသည်ဟု ယင်းမြို့နယ် အမှတ်(၁) ရပ်ကွက်‌နေ ‌နော်အယ်ဝါးက ‌ပြောသည်။

သံ‌တောင်ကြီးမြို့နယ် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် ဥက္ကဌ ‌နော်ခရစ္စလယ်ထူးက “ကျမတို့‌ဒေသခံ‌တွေက အရမ်းရိုးသားပြီး တခု ခုဆိုလည်း ‌ကြောက်တတ်တယ်။ မ‌နေ့ကတင် သံ‌တောင်မြို့နဲ့ ဆယ်မိုင်‌လောက်‌ဝေးတဲ့ ရစ်မိုင်းရွာက ‌ဒေသခံ‌တွေလာ‌တော့ သူတို့တစ်ရွာလုံးကိုလည်း ကြံ့ဖွံ့က ပါတီဝင်အဖြစ် ဘာမှမ‌ပြောဘဲနဲ့ စု‌ဆောင်းသွားတယ်တဲ့။ ‌ပြောချင်တာက မြို့‌ပေါ်မှာ‌ရော၊ ‌ကျေးရွာ‌တွေမှာပါ ဖြစ်‌နေတယ်။ ဒီလိုနည်း‌တွေနဲ့‌တော့ ရိုးသားပြီး ဘာမှနားမလည်တဲ့ တိုင်းရင်းသား‌တွေအ‌ပေါ် အခွင့်အ‌ရေး မယူသင့်ဘူး”ဟု ဇွန်လ ၁၉ရက်‌နေ့က ‌ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ကရင်ပြည်နယ်၊ ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ ပြည်နယ် အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ‌စောထားလုံက “ပါတီရဲ့မူဝါဒကြိုက်သူ‌တွေကို ပါတီဝင်အဖြစ် စု‌ဆောင်းတယ်။ အတင်းအကြပ် စု‌ဆောင်းတာ‌တော့မရှိဘူး”ဟု ဇွန် လ ၂ဝရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ ကရင်ပြည်နယ် သံ‌တောင်ကြီးမြို့နယ်တွင် ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ၊ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်၊ ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီနှင့် ကရင်ပြည်သူ့ပါတီတို ့ အဓိက အ‌ခြေစိုက် လှုပ်ရှား‌နေ‌ကြောင်း ‌ဒေသခံများထံမှ သိရသည်။