Home Authors Posts by KIC News

KIC News

22560 POSTS 0 COMMENTS

ကရင်အာဇာနည်‌နေ့၊ ကရင်ရိုးရာလက်ချည်ပွဲကို ထိုင်းဘုရင့်မိဖုရား‌မွေး‌နေ့နှင့် ပူးတွဲကျင်းပ

ဩဂုတ် ၁၂ရက်၊ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့် ထိုင်းနိုင်ငံ၊ မဲ‌ဆောက်‌ဒေသ‌ရောက် ‌ရွှေ့‌ပြောင်း ကရင်လူမျိုးများသည် ဩဂုတ်လ ၁၂ရက်‌နေ့တွင် ကျ‌ရောက် သည့် (၆၅)နှစ်‌မြောက် ကရင်အမျိုးသား အာဇာနည်‌နေ့၊ (၈၃)နှစ်ပြည့် ထိုင်းဘုရင့် မိဖုရား‌မွေး‌နေ့နှင့် ကရင်ရိုးရာ ချည်ဖြူပွဲတို့ပါဝင်သည့် ‌နေ့ထူး‌နေ့မြတ်များကို စု‌ပေါင်းကာ ယ‌နေ့ မဲ‌ဆောက်မြို့ရှိ ခွဲက‌ဘောင်...

ပြည်နယ်သတ္တုဝန်ကြီး ‌စောဆာ‌လောလ ကြံ့ဖွံ့ပါတီမှနှုတ်ထွက်ကာ KPP ကိုယ်စား အ‌ရွေးခံမည်

ဩဂုတ် ၁၁ရက်၊ ၂၀၁၅ခုနှစ်။ ‌စောထွန်းလင်း ကရင်ပြည်နယ်အစိုးရအဖွဲ့၊ သတ္တုတွင်းဋ္ဌာန ဝန်ကြီး‌စောဆာ‌လောလှသည် ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီဝင်အဖြစ်မှ နှုတ်ထွက်ကာ ကရင်ပြည်သူ့ပါတီ(KPP) ကိုယ်စားပြုအဖြစ် လာမဲ့‌ရွေး‌ကောက်ပွဲတွင် ဝင်‌ရောက်ယှဉ်ပြိုင် အ‌ရွေးခံသွားမည်ဖြစ် ‌ကြောင်း ၎င်းပြည်နယ်ဝန်ကြီးက ‌ကေအိုင်စီသို့ ယ‌နေ့ အတည်ပြု ‌ပြောဆိုသည်။ ဝန်ကြီး‌စောဆာ‌လောလအ‌နေဖြင့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင် ဝင်‌ရောက်ယှဉ်ပြိုင်ရန်အတွက် ကြံ့ဖွံ့ပါတီက...

စစ်‌ဘေးဒဏ်ခံ ပြည်သူများထံ BGF ‌တွေ့ဆုံ၍ စားနပ်ရိက္ခာများ ကူညီ‌ထောက်ပံ့

ဩဂုတ် ၁၁ရက်၊ ၂၀၁၅ခုနှစ်။ (‌ကေအိုင်စီ) ‌ကော့ကရိတ်မြို့နယ်အတွင်း ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းက ဖြစ်ပွားခဲ့သည့် တိုက်ပွဲ‌ကြောင့် စစ်‌ဘေး‌ရှောင်၍ ပိုင်ဆိုင်မှု ဆုံးရှုံးခဲ့ ရ‌သော ရွာသားများထံသို့ ဗိုလ်မှူးကြီး‌စောချစ်သူ ပါဝင်သည့် BGF တပ်ဗိုလ်တပ်မှူးများက ယ‌နေ့ သွား‌ရောက်‌တွေ့ဆုံခဲ့ပြီး စားနပ် ရိက္ခာများ ကူညီ‌ထောက်ပံ့ ‌ပေးအပ်ခဲ့သည်။ BGF မှ...

‌ကေအဲန်ယူရဲတပ်ဖွဲ့ဝင် ၅ဦးအမှု ကျူးလွန်သူများအား ‌သေဒဏ်နှင့် တစ်သက်တစ်ကျွန်းအမိန့်ချမှတ်

ဩဂုတ် ၁၁ရက်၊ ၂၀၁၅ခုနှစ်။ စဖန်း‌ရှောင်း ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF) ဒုရဲမှူး ‌စောသိန်းဦး အပါအဝင် အဖွဲ့ဝင် ၅ဦး ‌သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့်အမှုတွင် ကိုယ် တိုင်ကျူးလွန်သူနှင့် ပါဝင်ပတ်သက်သူ (၃)ဦးကို ဒူးပလာယာခရိုင်၊ တရားရုံးက ဩဂုတ်လ ၈ရက်‌နေ့၊ နံနက် ၈နာရီ ၂၅မိနစ်အ ချိန်ခန့်တွင်...

KWO ၏ ငြိမ်းချမ်း ‌ရေးနှင့် တည်‌ဆောက်‌ရေး စီမံကိန်းတာဝန်ခံ ‌နော်ဆဲဆဲနှင့် ‌တွေ့ဆုံ‌မေးမြန်းခြင်း

ဩဂုတ် ၁၁ရက်၊ ၂၀၁၅ခုနှစ်။ ‌ကေအိုင်စီ “လက်ရှိ ငြိမ်းချမ်း‌ရေးဖြစ်စဉ်‌တွေမှာ ကျမတို့ အမျိုးသမီး‌တွေရဲ့အသံ‌တွေ၊ ခံစားချက်‌တွေကို အမျိုးသား‌တွေ‌ရော၊ အစိုးရ‌ရော အသိအမှတ်ပြုဖို့ လိုပါတယ်။ အစိုးရတင်မကဘူး။ တိုင်းရင်းသားလက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့‌တွေပါ။ ဒါကိုသိတဲ့သူ ‌တော်‌တော်‌လေး နည်း‌နေ‌သေးတယ်။” နီ‌ပေါနိုင်ငံမြို့‌တော်၊ ခတ္တမန္ဒူမြို့၌ ဩဂုတ်လ ၁ရက်မှ ၅ရက်‌နေ့အထိ အိမ်ရှင် နီ‌ပေါ၊ အိန္ဒိယနှင့်...

ဩစ‌တြေးလျားကရင်အဖွဲ့ ၆၅နှစ်‌မြောက် ကရင့်အာဇာနည်‌နေ့ ကျင်းပပြီးစီးခဲ့

ဩဂုတ် ၁၁ရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး ဩဂုတ် ၁၂ရက်‌နေ့တွင် ကျ‌ရောက်‌သော ၆၅နှစ်‌မြောက် ကရင့်အမျိုးသားအာဇာနည်‌နေ့ အခမ်းအနားကို ဩစ‌တြေးလျားနိုင်ငံ၊ ဆစ်ဒနီမြို့၌ ဩစ‌တြေးလျားကရင်အဖွဲ့အစည်း(AKO)က ဦး‌ဆောင်ကာ ပြီးခဲ့သည့် ဩဂုတ်လ ၈ရက်‌နေ့တွင် ကျင်းပပြီးစီးခဲ့ ‌ကြောင်း အဖွဲ့ဥက္ကဋ္ဌ ‌စောလွင်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။ “၆၅နှစ်‌မြောက် ကရင့်အာဇာနည်‌နေ့မှာ ကရင်အမျိုးသား‌တွေကို...

နီ‌ပေါနိုင်ငံတွင် အမျိုးသမီးအခွင့်အ‌ရေးဆိုင်ရာများ KWO ‌ဆွေး‌နွေးဖလှယ်ခဲ့

ဩဂုတ် ၁ဝရက်၊ ၂၀၁၅ခုနှစ်။ စဖန်း‌ရှောင်း နီ‌ပေါနိုင်ငံတွင် Regional feminist leadership institute on peace and security ‌ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် အမျိုးသမီးဆိုင် ရာ နှီး‌နှောဖလှယ်ပွဲတွင် ကရင်အမျိုးသမီးအစည်းအရုံး-KWO မှ မြန်မာနိုင်ငံ ကိုယ်စားပြုပါဝင်တက်‌ရောက်ခဲ့ပြီး အမျိုးသမီးအခွင့် အ‌ရေးဆိုင်ရာများနှင့်ပတ်သက်၍ တင်ပြ‌ဆွေး‌နွေးခဲ့‌ကြောင်း...

‌ရေရှည်တည်တံ့ပြီး အာမခံချက်ရှိတဲ့ ငြိမ်းချမ်း‌ရေး ဘယ်မှာလဲ

(‌မောင်‌ကျော်စွာ) ၂၀၁၅ခုနှစ်၊ ဩဂုတ်လ ၁ဝရက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးဆိုင်ရာ သ‌ဘောတူစာချုပ် (NCA) ကိစ္စ ဩဂုတ်လ ၆ရက်နဲ့ ၇ရက်‌နေ့‌တွေမှာ ‌ဆွေး ‌နွေးခဲ့ကြ‌သော်လည်း “၁၇ဖွဲ့လက်မှတ်ထိုးမလား/ ၁၅ဖွဲ့လက်မှတ်ထိုးမလား” ဆိုတဲ့ကိစ္စမှာ ‌ပြေလည်မှုမရဘဲ တစ်‌နေပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများဘက်က “၁၇ဖွဲ့ ပါဝင်လက်မှတ်‌ရေးထိုး‌ရေး”၊ အစိုးရဘက်က “၁၅ဖွဲ့ လက်မှတ်‌ရေး...

ကရင်အမျိုးသားအာဇာနည်‌နေ့

(မန်းထိန်ဝင်းစိန်) ၂၀၁၅ခုနှစ်၊ ဩဂုတ်လ (၁၂)ရက်‌နေ့သည် ‌ကေအဲန်ယူ-ကရင့်အမျိုးသားအစည်းအရုံး ‌ခေါင်း‌ဆောင် ‌စောဘဦးကြီး ကျဆုံးသည့် (၆၅)နှစ်‌မြောက်‌နေ့ဖြစ်ပြီး ၎င်း‌နေ့မှာ ကရင်အမျိုးသား အာဇာနည်‌နေ့ ဖြစ်သည်။ ‌စောဘဦးကြီးသည် ကရင်ပြည်နယ်၊ ‌ကော့က ရိတ်မြို့နယ်၊ ထို့‌ကော်ကိုး‌ကျေးရွာ လယ်တဲတစ်ခုတွင် စခန်းချ‌နေစဉ် ထီစွမ်းရွာသား‌မောင်အဲဆိုသူ၏ သတင်း‌ပေးမှု‌ကြောင့် နဘူး တပ်စခန်းမှ အစိုးရတပ်က...

ဖက်ဒရယ်ပြည်‌ထောင်စု တည်‌ဆောက်နိုင်သည်အထိ တိုက်ပွဲဝင်သွားမည်ဟု SYCB ‌ပြောဆို

ဩဂုတ် ၈ရက်၊၂၀၁၅ ခုနှစ်။ စအိုင်စူး လက်ရှိ အစိုးရသည် ဒီမိုက‌ရေစီအသွင်ကူး‌ပြောင်း‌ရေးကို ဟန်ပြလုပ်‌ဆောင်ပြီး အာဏာတည်မြဲ‌ရေး အတွက် ဆက်လုပ်‌ဆောင်‌နေခြင်း‌ကြောင့် စစ်မှန်သည့် ဒီမိုကရက်တစ်ဖက် ဒရယ်ပြည်‌ထောင်စု တည်‌ဆောက် နိုင်သည် အထိ ဆက်တိုက်ပွဲဝင်ရမည်ဟု မြန်မာနိုင်ငံ‌ကျောင်းသားလူငယ်များကွန်ဂရက် (SYCB)က ရှစ်‌လေးလုံး ၂၇ နှစ် နှစ်ပတ်လည်‌နေ...
Donate