Home သတင်း ‌ကေအဲန်ယူရဲတပ်ဖွဲ့ဝင် ၅ဦးအမှု ကျူးလွန်သူများအား ‌သေဒဏ်နှင့် တစ်သက်တစ်ကျွန်းအမိန့်ချမှတ်

‌ကေအဲန်ယူရဲတပ်ဖွဲ့ဝင် ၅ဦးအမှု ကျူးလွန်သူများအား ‌သေဒဏ်နှင့် တစ်သက်တစ်ကျွန်းအမိန့်ချမှတ်

2311

ဩဂုတ် ၁၁ရက်၊ ၂၀၁၅ခုနှစ်။ စဖန်း‌ရှောင်း

ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF) ဒုရဲမှူး ‌စောသိန်းဦး အပါအဝင် အဖွဲ့ဝင် ၅ဦး ‌သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့်အမှုတွင် ကိုယ် တိုင်ကျူးလွန်သူနှင့် ပါဝင်ပတ်သက်သူ (၃)ဦးကို ဒူးပလာယာခရိုင်၊ တရားရုံးက ဩဂုတ်လ ၈ရက်‌နေ့၊ နံနက် ၈နာရီ ၂၅မိနစ်အ ချိန်ခန့်တွင် ‌သေဒဏ်နှင့် ‌ထောင်ဒဏ်တစ်ကျွန်း အပါအဝင် အမိန့်အသီးသီး ချမှတ်လိုက်‌ကြောင်း ခရိုင်အတွင်း‌ရေးမှူးဖြစ်သူ မန်း က‌နေဒီက အတည်ပြု‌ပြောဆိုသည်။

“ကျ‌နော်တို့ မ‌နေ့ကပဲ အမိန့်ချလိုက်ပြီးဖြစ်ပါတယ်။ အဲဒီထဲက တာဝန်ရှိတဲ့‌ခေါင်း‌ဆောင်တစ်‌ယောက်က စစ်ဖက်ဆိုင်ရာနဲ့ သက် ဆိုင်‌တော့ အရပ်ဖက်တရားရုံးက အမိန့်ချစီရင်လို့ မရတဲ့အတွက်‌ကြောင့် သက်ဆိုင်ရာ စစ်ဖက်ကပဲ အမှုကို စီရင်ဆုံးဖြတ်သွား မှာ ဖြစ်ပါတယ်”ဟု ‌ပြောသည်။

ယင်းအမှုတွင် ကိုယ်တိုင်ကျူးလွန်သူဖြစ်သည့် တရားခံ‌စောဖိုး‌စေး၊ အသက်(၂၈)နှစ်ကို ပြစ်မှုထင်ရှားသဖြင့် ‌ကော်သူး‌လေပြစ်မှု ဆိုင်ရာ ဥပ‌ဒေ(၁၉၀/ ၁၁၇/ ၂၀၄ /၂၁၈)ကို တပြိုင်နက်ကျူးလွန်‌ကြောင်း ထင်ရှားသဖြင့် တ‌ပေါင်းတည်းကျခံရရန်နှင့် ထိုအထဲ မှ ပြစ်မှုအကြီးဆုံးဖြစ်သည့် လူသတ်မှုပုဒ်မ( ၁၉၀) အရ စီရင်ချက်ချသည့်‌နေ့တွင်ပင် ‌သေနတ်ဖြင့် ‌သေဒဏ်‌ပေး ကွပ်မျက်လိုက် ပြီဖြစ်သည်။

၎င်းအပြင် ပါဝင်ကျူးလွန်သူဖြစ်သည့် တရားခံ ‌စောမြထွန်း၊ အသက် (၆၄)နှစ်ကို ‌ကော်သူး‌လေပြစ်မှုဆိုင် ရာဥပ‌ဒေပုဒ်မ (၈၃/ ၉၃/ ၁၀၁/ ၁၁၇ /၁၅၉ /၁၁၃)ကို ကျူးလွန်‌ကြောင်းထင်ရှားသဖြင့် တ‌ပေါင်းတည်း ကျခံရန်နှင့် ထိုအထဲမှ (၁၁၇)အရ အလုပ် ကြမ်းနှင့် ‌ထောင်ဒဏ် တစ်သက်တစ်ကျွန်းကျခံရန် အမိန့်ချလိုက်သည်။

အလားတူ ‌နောက်ထပ်တရားခံများဖြစ်သည့် ‌စောကစယ်(ခ)‌စောအုန်းမြိုင်၊ အသက်(၃၈)နှစ်ကို ပြစ်မှုဆိုင် ရာဥပ‌ဒေပုဒ်မ (၁၁၇/ ၂၁၈ /၁၇၉)ကျူးလွန်‌ကြောင်း ထင်ရှားသဖြင့် အလုပ်ကြမ်းနှင့် ‌ထောင်ဒဏ် (၁၀)နှစ်၊ တရားခံ ‌စော‌ဒေါန(ခ) ‌စောဝင်းခိုင်၊ အသက်(၃၇)နှစ်ကို ပုဒ်မ(၁၁၇/၂၁၈)အရ ပြစ်မှုထင်ရှားသဖြင့် အလုပ်ကြမ်းနှင့် ‌ထောင်ဒဏ် (၁၀)နှစ် အသီးသီး ချမှတ်လိုက် ‌ကြောင်း သိရသည်။

ထိုအမှုထဲတွင် တာဝန်ရှိသူတစ်ဦးအဖြစ် ယူဆရသူ တရားခံ‌စောဖိုး‌စေး၏ တပ်ရင်းမှူး KNLA တပ်မဟာ (၆)၊ တပ်ရင်း(၁၆)မှူးဖြစ် သူ ဒုဗိုလ်မှူးကြီးမန်းတင်လှိုင်ကို အရပ်ဖက်ခရိုင်တရားရုံးတွင် စီရင်ဆုံးဖြတ်ခွင့်မရှိသဖြင့် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ် မ‌တော်-KNLA စစ်ဦးစီးဗဟိုဌာနချုပ်ထံ လွှဲ‌ပြောင်းပြီး ဆက်လက်စစ်‌ဆေး‌မေးမြန်းကာ စီရင်ဆုံးဖြတ်သွားမည်ဟု သိရသည်။

အဆိုပါအမှုကို စီရင်ဆုံးဖြတ်ရန်အတွက် ခရိုင်/တပ်မဟာအဆင့်နှင့် ‌ကေအဲန်ယူ၊ ဗဟိုတရားရုံးအထိ အဆင့်ဆင့် ကြားနာမှုပြုခဲ့ ပြီး ‌ကေအဲန်ယူ ဗဟိုတရား‌ရေးဋ္ဌာနက ခရိုင်အဆင့်တွင်သာ စီရင်ဆုံးဖြတ်ရန် ပြီးခဲ့သည့်ဇွန်လကုန်ပိုင်းက လွှဲ‌ပြောင်းတာဝန်‌ပေးခဲ့ ပြီး‌နောက် ဒူးပလာယာခရိုင် တရားသူကြီး ပဒို‌စော‌မောင်မြင့်နှင့် အဖွဲ့ဝင် ၅ဦး ပါဝင်‌သော ခရိုင်တရားစီရင်‌ရေး‌ကော်မတီတစ်ခု ကို ဖွဲ့စည်းကာ အမှုကို ဆက်လက် ကြားနာစစ်‌ဆေးပြီး အမိန့်ချလိုက်ခြင်းဖြစ်သည်။

‌ကေအဲန်ယူ မြို့နယ်အဆင့် ဒုရဲမှူး‌စောသိန်းဦးနှင့် တပ်ဖွဲ့ဝင်များဖြစ်သည့် ‌စောဝင်းကြိုင်၊ ‌စောတာ့ဆိ၊ ‌စောဆိဆိ၊ ‌စော‌ဘွေဝါးတို့ ကို ၎င်းတို့ဖမ်းဆီးထား‌သော တရားခံ လွတ်‌မြောက်သွားမှုဖြင့် အဖွဲ့အစည်း၏ စည်းမျဉ်းစည်းကမ်းအရ ယာယီ အပြစ်‌ပေးချုပ် ‌နှောင်ထားချိန်အတွင်း ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ နှစ်အိမ်ရွာ၌ ပြီးခဲ့သည့် ၂၀၁၄ခုနှစ်၊ ‌အောက်တိုဘာလ ၂၃ ရက်‌နေ့တွင် ယခုပြစ်ဒဏ်စီရင်ခံရသူ တရားခံက ‌သေနတ်ဖြင့် သွား‌ရောက်ပစ်သတ်ခံခဲ့ခြင်း ဖြစ်သည်။