Home သတင်း ဩစ‌တြေးလျားကရင်အဖွဲ့ ၆၅နှစ်‌မြောက် ကရင့်အာဇာနည်‌နေ့ ကျင်းပပြီးစီးခဲ့

ဩစ‌တြေးလျားကရင်အဖွဲ့ ၆၅နှစ်‌မြောက် ကရင့်အာဇာနည်‌နေ့ ကျင်းပပြီးစီးခဲ့

1554

ဩဂုတ် ၁၁ရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး

ဩဂုတ် ၁၂ရက်‌နေ့တွင် ကျ‌ရောက်‌သော ၆၅နှစ်‌မြောက် ကရင့်အမျိုးသားအာဇာနည်‌နေ့ အခမ်းအနားကို ဩစ‌တြေးလျားနိုင်ငံ၊ ဆစ်ဒနီမြို့၌ ဩစ‌တြေးလျားကရင်အဖွဲ့အစည်း(AKO)က ဦး‌ဆောင်ကာ ပြီးခဲ့သည့် ဩဂုတ်လ ၈ရက်‌နေ့တွင် ကျင်းပပြီးစီးခဲ့ ‌ကြောင်း အဖွဲ့ဥက္ကဋ္ဌ ‌စောလွင်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“၆၅နှစ်‌မြောက် ကရင့်အာဇာနည်‌နေ့မှာ ကရင်အမျိုးသား‌တွေကို တိုက်တွန်း‌ပြောဆိုချင်တာက‌တော့ အစိုးရက ‌သွေးခွဲတဲ့ အုပ် ချုပ်မှုပုံစံနဲ့ အပစ်အခတ်ရပ်စဲ‌ရေး လက်မှတ်ထိုးခိုင်းတာတို့၊ အဲ့ဒီက‌နေတဆင့် တပ်မ‌တော်မူ ၆ချက်ထဲ အတင်းကျုံးသွင်းတာ‌တွေ လက်ရှိဖြစ်‌ပေါ်‌နေတဲ့အ‌ပေါ် ကရင်အမျိုးသား‌တွေအ‌နေနဲ့ မိမိကျရာ အခန်းကဏ္ဍက‌နေ မိခင် KNU ကို ပိုပြီးဝန်းရံကြဖို့ လိုအပ်ပြီး လို့ ‌ပြောချင်တယ်”ဟု ‌ပြောသည်။

ဆစ်ဒနီမြို့၊ ကရင့်အာဇာနည်‌နေ့ အခမ်းအနားသို့ ဩစ‌တြေးလျားနိုင်ငံအတွင်းရှိ ကရင်ခရစ်ယာန်‌ကျောင်း‌လေး‌ကျောင်းမှ ဘာသာ‌ရေးအဖွဲ့ဝင် လူငယ်များ၊ ကရင်ယဉ်‌ကျေးမှု၊ လူမှု‌ရေးအဖွဲ့အစည်းများနှင့် ကချင်၊ မွန်၊ ရခိုင် စသည့် မဟာမိတ်တိုင်းရင်း သားများ အပါအဝင် စုစု‌ပေါင်း လူဦး‌ရေ ၁၀၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။
DSC_0094
ထို့အပြင် အခမ်းအနားတွင် ကရင့်‌တော်လှန်‌ရေးတွင် ကျဆုံး‌လေပြီး‌သော အာဇာနည်များကို အ‌လေးပြုခြင်း၊ လွမ်းသူပန်း‌ခွေ ချခြင်းများ ပြုလုပ်ခဲ့သလို တက်‌ရောက်လာသည့် ကရင်လူငယ်များမှ အာဇာနည်‌ခေါင်း‌ဆောင်ကြီး ‌စောဘဦးကြီး၏ မူ‌လေးချက် ကို ရွတ်ဆိုကာ အာဇာနည်များအတွက် ဂုဏ်ပြု‌တေးများဖြင့် သီဆိုဂုဏ်ပြုခဲ့ကြသည်ဟု အခမ်းအနားစီစဉ်သူများက ‌ပြောသည်။

အလားတူ ဩဂုတ်လ ၁၂ရက်တွင် ကျ‌ရောက်မည့် ၆၅နှစ်‌မြောက် ကရင်အာဇာနည်‌နေ့ အထိမ်းအမှတ် အခမ်းအနားများကို ဩစ‌တြေးလျားနိုင်ငံရှိ ကရင်လူမျိုးအများစု ‌နေထိုင်အလုပ်လုပ်ကိုင်သည့် မြို့ကြီးတချို့နှင့် ကရင်ခရစ်ယာန်ဘုရားရှိခိုး‌ကျောင်း များတွင် ဩဂုတ်လ ၈ရက်‌နေ့က ဂုဏ်ပြုပွဲများ အသီးသီး ကျင်းပခဲ့‌ကြောင်း ဩစ‌တြေးလျား‌ရောက် ကရင်အမျိုးသားများ၏ ‌ပြောပြချက်အရ သိရသည်။

၁၉၅ဝခုနှစ်၊ ဩဂုတ်လ ၁၂ရက်‌နေ့သည် KNU ‌ခေါင်း‌ဆောင် ‌စောဘဦးကြီး၊ ဗိုလ်ချုပ်စိုင်း‌ကေ အပါအဝင် ကရင်ရဲ‌ဘော်တချို့ ‌တော်လှန်‌ရေးတာဝန်ထမ်း‌ဆောင်ရင် ကျဆုံးသွားသည့်‌နေ့ကို အ‌ကြောင်းပြု၍ ထို‌နေ့ကို ကရင်အမျိုးသားအာဇာနည်‌နေ့အဖြစ် ၁၉၅၁ခုနှစ်၊ ဧပြီလတွင် ကျင်းပခဲ့သည့် Karen Government Body-KGB အစည်းအ‌ဝေးတွင် ဆုံးဖြတ်အတည်ပြုခဲ့ခြင်း ဖြစ် သည်။