Home သတင်း နီ‌ပေါနိုင်ငံတွင် အမျိုးသမီးအခွင့်အ‌ရေးဆိုင်ရာများ KWO ‌ဆွေး‌နွေးဖလှယ်ခဲ့

နီ‌ပေါနိုင်ငံတွင် အမျိုးသမီးအခွင့်အ‌ရေးဆိုင်ရာများ KWO ‌ဆွေး‌နွေးဖလှယ်ခဲ့

1397

ဩဂုတ် ၁ဝရက်၊ ၂၀၁၅ခုနှစ်။ စဖန်း‌ရှောင်း

နီ‌ပေါနိုင်ငံတွင် Regional feminist leadership institute on peace and security ‌ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် အမျိုးသမီးဆိုင် ရာ နှီး‌နှောဖလှယ်ပွဲတွင် ကရင်အမျိုးသမီးအစည်းအရုံး-KWO မှ မြန်မာနိုင်ငံ ကိုယ်စားပြုပါဝင်တက်‌ရောက်ခဲ့ပြီး အမျိုးသမီးအခွင့် အ‌ရေးဆိုင်ရာများနှင့်ပတ်သက်၍ တင်ပြ‌ဆွေး‌နွေးခဲ့‌ကြောင်း ကိုယ်တိုင်တက်‌ရောက်ခဲ့သူက ‌ကေအိုင်စီသို့ ‌ပြောသည်။

ဩဂုတ်လ ၁ရက်မှ ၅ရက်‌နေ့အထိ ပြုလုပ်သည့် ယင်းနှီး‌နှောဖလှယ်ပွဲတွင် နီ‌ပေါ၊ အိန္ဒိယနှင့် မြန်မာနိုင်ငံများမှ အမျိုးသမီးအဖွဲ့ ‌ပေါင်း ၃၀‌ကျော် တက်‌ရောက်ခဲ့ကြပြီး ‌ဆွေး‌နွေးတင်ပြခဲ့သည့် အ‌ကြောင်းအရာများနှင့် ပတ်သက်၍ ပါဝင်တက်‌ရောက်ခဲ့သူ ကရင်အမျိုးသမီးအစည်းအရုံး-KWO ၏ ငြိမ်းချမ်း‌ရေးနှင့် တည်‌ဆောက်‌ရေးစီမံကိန်းတာဝန်ခံ ‌နော်ဆဲဆဲက ယခုလို ‌ပြောသည်။

“အဖွဲ့ကို ကိုယ်စားပြုပြီး သွားတဲ့အခါကျ‌တော့ ကျမတို့အဖွဲ့ရဲ့အ‌ကြောင်း‌တွေအပြင် ဥပမာ လက်ရှိငြိမ်းချမ်း‌ရေးဖြစ်စဉ်မှာ ကျမတို့ ကရင်အမျိုးသမီး‌တွေအ‌နေနဲ့ဆိုရင် ပဒို‌နော်စီဖိုးရာစိန်တစ်‌ယောက်ပဲ ပါဝင်နိုင်‌သေးတယ်။ အထူးသဖြင့် အမျိုးသမီး‌တွေရဲ့ အခန်း ကဏ္ဍကိုမပါမဖြစ် ထည့်သွင်းထား‌ပေမယ့်လို့ တကယ်တမ်း လက်‌တွေ့မှာ ပါဝင်ရမူ အားနည်း‌နေတဲ့အ‌ခြေအ‌နေ‌တွေကို တင်ပြခဲ့ ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

နယ်စပ်အ‌ခြေစိုက်သည့် အမျိုးသမီအဖွဲ့အစည်းများဖြစ်သည့် ကရင်အမျိုးသမီးအစည်းအရုံး KWO ၊ WLB အမျိုးသမီးများအဖွဲ့ ချုပ် (မြန်မာနိုင်ငံ)၊ Shan Women’s Action Network( SWAN) တို့အပြင်မြန်မာပြည်တွင်းရှိ ချင်း၊ မွန်၊ ကယန်း စသည့်အမျိုး သမီးအဖွဲ့ ၈ဖွဲ့ရှိ ကိုယ်စားလှယ် ၁၄ဦးက မြန်မာနိုင်ငံကိုယ်စားပြု တက်‌ရောက်ခဲ့‌ကြောင်း သိရသည်။

ယင်းနှီး‌နှောဖလှယ်ပွဲတွင် အမျိုးသမီးများ၏ ‌ခေါင်း‌ဆောင်မှုဆိုင်ရာ အ‌ခြေအ‌နေ၊ ငြိမ်းချမ်း‌ရေးဖြစ်စဉ်များတွင် အမျိုးသမီးပါဝင်မှု အ‌ရေးကြီးသည့် အ‌ခြေအ‌နေများ၊ နိုင်ငံတိုင်း မည်သည့်အခန်းကဏ္ဍတွင်မဆို အမျိုးသမီးများ ပါဝင်နိုင်‌ရေး လုပ်‌ဆောင်သင့် သည်များကို အဓိကထား ‌ဆွေး‌နွေးခဲ့ကြသည်ဟု ‌နော်ဆဲဆဲက ဆက်‌ပြောသည်။

ထိုသို့‌ဆွေး‌နွေးကြရာတွင် တက်‌ရောက်လာသည့် အမျိုးသမီးအဖွဲ့ကိုယ်စားလှယ်များ၏ ‌ဆွေး‌နွေးမှုများအရ ကျား၊ မ ခွဲခြားခံရ ခြင်း၊ ‌ရှေးရိုးစွဲအယူအဆများ၊ အကြမ်းဖက်မှုများအပြင် နိုင်ငံ‌ရေးအရ ဦး‌ဆောင်မှုများတွင် အမျိုးသမီးများ ဖိနှိပ်ခံရသည့် အ‌ခြေ အ‌နေများမှာ ဆက်လက် မြင့်မား‌နေဆဲဖြစ်သည်ကို ‌တွေ့ရှိရ‌ကြောင်းလည်း သူမက ‌ပြောသည်။

အလားတူ မြန်မာနိုင်ငံတွင် အစိုးရအဖွဲ့တွင်းဖြစ်‌စေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များတွင်ဖြစ်‌စေ အမျိုးသမီးများ၏ ဦး‌ဆောင်ပါဝင်ရမှု လွန်စွာနည်းပါး‌နေ‌သေးပြီး မည်သည့်အခန်းကဏ္ဍတွင်မဆို အမှန်တကယ် အမျိုးသမီးဘက်မှ ရပ်တည်‌ပေး သည့် အမျိုးသမီး‌ခေါင်း‌ဆောင်များ ရှိရန်လိုအပ်‌ကြောင်း အမျိုးသမီးအခွင့်အ‌ရေး လှုပ်ရှား‌နေကြသည့် အဖွဲ့အစည်းများက ‌ထောက်ပြ‌ပြောဆိုသည်။

ယင်းကိစ္စများနှင့်ပတ်သက်၍ SWAN အဖွဲ့၏ ‌ပြောခွင့်ရသူ နန်းယိင်းဟန်ဖက “အခု လက်ရှိမြန်မာနိုင်ငံမှာရှိတဲ့ လက်နက်ကိုင်အ ဖွဲ့‌တွေ၊ ပါတီ‌တွေထဲမှာ၊ လွှတ်‌တော်‌တွေထဲမှာ ငြိမ်းချမ်း‌ရေးဖြစ်စဉ်‌တွေမှာ အမျိုးသမီးပါဝင်မှု တအားနည်းတာ‌တွေ့ရတယ်။ ပါဝင် ဖို့လည်း ‌တောင်းဆိုထားတယ်။ ကျမတို့အမျိုးသမီး‌တွေရဲ့ ပါဝင်ဦး‌ဆောင်နိုင်မှုကို သတ်သတ်မှတ်မှတ်နဲ့ တရားဝင် ပြဋ္ဌာန်း‌ပေး ထားတယ်ဆိုရင် ပို‌ကောင်းတယ်လို့ ‌တောင်းဆိုချင်ပါတယ်”ဟု ‌ပြောသည်။

နီ‌ပေါနိုင်ငံ၊ ခတ္တမန္ဒူ မြို့‌တော်တွင် ကျင်းပခဲ့သည့် ယင်းနှီး‌နှောဖလှယ်ပွဲကို နိုင်ငံတကာရှိ အမျိုးသမီးများ၏ ဦး‌ဆောင်မှုအခန်း ကဏ္ဍ ဦးစား‌ပေးလုပ်‌ဆောင်သည့် CREA Organization က ဦး‌ဆောင်ကျင်းပ‌ပေးခဲ့ခြင်းဖြစ်ပြီး ကရင်အမျိုးသမီးအစည်းအရုံး KWO က ပထမဆုံးအကြိမ် တက်‌ရောက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။