Home သတင်း စစ်‌ဘေးဒဏ်ခံ ပြည်သူများထံ BGF ‌တွေ့ဆုံ၍ စားနပ်ရိက္ခာများ ကူညီ‌ထောက်ပံ့

စစ်‌ဘေးဒဏ်ခံ ပြည်သူများထံ BGF ‌တွေ့ဆုံ၍ စားနပ်ရိက္ခာများ ကူညီ‌ထောက်ပံ့

1759

ဩဂုတ် ၁၁ရက်၊ ၂၀၁၅ခုနှစ်။ (‌ကေအိုင်စီ)

‌ကော့ကရိတ်မြို့နယ်အတွင်း ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းက ဖြစ်ပွားခဲ့သည့် တိုက်ပွဲ‌ကြောင့် စစ်‌ဘေး‌ရှောင်၍ ပိုင်ဆိုင်မှု ဆုံးရှုံးခဲ့ ရ‌သော ရွာသားများထံသို့ ဗိုလ်မှူးကြီး‌စောချစ်သူ ပါဝင်သည့် BGF တပ်ဗိုလ်တပ်မှူးများက ယ‌နေ့ သွား‌ရောက်‌တွေ့ဆုံခဲ့ပြီး စားနပ် ရိက္ခာများ ကူညီ‌ထောက်ပံ့ ‌ပေးအပ်ခဲ့သည်။

BGF မှ ဗိုလ်မှူးကြီး‌စောချစ်သူ၊ တပ်နယ်(၃) တပ်နယ်မှူး ဒုဗိုလ်မှူးကြီး‌စော‌ကျော်မြင့် (ခ) ဗိုလ်ကတုံးနှင့် တပ်ရင်းအလိုက် တပ်မှူး များ၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ဗဟိုအလုပ်အမှု‌ဆောင်အဖွဲ့ဝင် ပဒိုမန်းငြိမ်း‌မောင် သဃင်္န်းညီ‌နောင်အ‌ခြေချ စစ်ဗျူ ဟာမှူး ဗိုလ်မှူးကြီးမျိုးခိုင်တို့က ‌ကော့ကရိတ်မြို့နယ်ရှိ ‌ကောင်းမှု‌ကျေးရွာ၌ ရွာသူရွာသားများအား ယခုလို ‌ထောက်ပံ့ပစ္စည်းများ ‌ပေးအပ်ခဲ့ခြင်းဖြစ်သည်။

စစ်‌ဘေးသင့်ပြည်သူများနှင့် ယ‌နေ့ ‌ကောင်းမှု‌ကျေးရွာ၌ ‌တွေ့ဆုံခဲ့သူ BGF အတွင်း‌ရေးမှူး ဗိုလ်မှူးကြီး‌စောချစ်သူက “အခုဖြစ်တဲ့ စစ်ပွဲ‌တွေမှာ တချို့အပြစ်မဲ့လူထု‌တွေဟာ ပစ္စည်းဥစ္စာအချို့ ခွက်၊ အိုး၊ ပန်းကန်း၊ အားလုံးကိုလည်း ‌ပျောက်သွားတာလည်း တင်ပြ လာတာ ‌တွေ့ရတယ်။ အဲဒီအပိုင်းကို ကျ‌နော်တို့အထက် အကြီးအကဲများ၊ ပြည်နယ်တာဝန်ရှိ လူကြီးများကို တင်ပြပြီး‌တော့ ပြန် ပြီး‌တော့ ကူညီ‌စောင့်‌ရှောက်ရမှာ ကျ‌နော်တို့ အခုလက်ရှိလူကြီး‌တွေ တာဝန်ရှိတယ်။״ဟု ‌ပြောသည်။

ထိုသို့‌ပေးအပ်ရာတွင် ဆန်အိတ် (၁၅၀)၊ ဆီ နှစ်လီတာဗူး ၁၂ဝဗူး၊ အချိုမှုန့် ၁၉၂ထုပ်၊ ငါး‌သေတ္တာ ၁၈၀ဝဗူး၊ ကိတ်မုန့် ၁၂ဝနှင့် ငါး‌သေတ္တာတို့အပြင် မြဝတီ လူမှုကယ်ဆယ်‌ရေးအသင်းက မိသားစုတစ်စုစာ အစားအ‌သောက် ၁၅ဝအိတ်နှင့် မာမားထုပ်များပါ သည့် အစားအစာပစ္စည်းများကို ‌ကောင်းမှု၊ လှိုင်စိမ်း၊ ပျားပင်၊ ‌စော်ဟဲ၊ ‌ကြောင်လျှာကုန်း၊ ‌တောင်ကြား၊ ရွာသစ်နှင့် တတန်ကူးရွာ များမှ စစ်‌ဘေးသင့်ရွာသားများအား ‌ထောက်ပံ့‌ပေးခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂ရက်‌နေ့မှ ဩဂုတ်လဆန်းပိုင်းအထိ အစိုးရတပ်မ‌တော်၊ BGF ပူး‌ပေါင်းတပ်နှင့် ဒီမိုက‌ရေစီအကျိုးပြုကရင် တပ်မ‌တော်-DKBA တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှု‌ကြောင့် ‌ကောင်းမှု၊ လှိုင်စိမ်း၊ ‌စော်ဟဲ၊ ပျားပင် အပါအဝင် ရွာ‌ပေါင်း ၆ရွာမှ ရွာသား များ စစ်‌ဘေး‌ရှောင်ခဲ့စဉ် ၎င်းတို့ပိုင်ဆိုင်သည့်ပစ္စည်းများနှင့် အိမ်‌မွေးတိရစ္ဆာန် ‌ကောင်‌ရေများစွာ ‌ပျောက်ဆုံးသွားခဲ့သည်။
20141020_134053
ပစ္စည်း‌ပျောက်ဆုံးခဲ့သူ အာရှလမ်း‌ဘေး၌ ‌နေထိုင်သူ ‌စောဝင်းကြည်က “ဆိုင်မှာရှိတဲ့ ဆိုင်ကယ် ၁၃စီး၊ စက်ချုပ် ၁လုံး၊ စတင်း စက် ၁လုံး၊ ဆိုလာ၊ တီဗွီ‌အောက်စက်အကုန်လုံး ဆိုင်ထဲမှာ ဘာမှမကျန်‌တော့ဘူး။ အိုးခွက်၊ ပန်းကန်၊ ခုံ‌တွေအားလုံးပဲ။ ဘယ်သူ ယူသွားသလဲဆို‌တော့ မသိဘူး‌ပေါ့‌နော်။ ‌ပြောချင်တာက အကုန်းလုံးပြန်မရရင်‌တောင်မှ အချို့တဝက် ပြန်‌ထောက်ပံ့‌ပေး‌စေချင် တယ်״ ဟု ‌ပြောသည်။

တစ်နာရီကြာ‌တွေ့ဆုံမှုတွင် အစိုးရတပ်မ‌တော်နှင့် BGFတို့က တိုက်ပွဲများဖြစ်ပွားခဲ့ရသည့် အ‌ကြောင်းရင်း၊ ရွာသားများပစ္စည်း ‌ပျောက်ဆုံးသည့် စာရင်းတင်ပြရန်၊ စာသင်‌ကျောင်း ပြန်ဖွင့်နိုင်ရန် ‌ဆွေး‌နွေးခဲ့ကြပြီး ရွာသားများဘက်က ပစ္စည်း‌ပျောက်ဆုံးမှုကို ‌ဖြေရှင်း‌ပေးရန်နှင့် ‌ထောက်ပံ့မှုအကူအညီများ ကူညီရန်တို့ကို တင်ပြခဲ့သည်။

ယင်းသို့ ‌တွေ့ဆုံကူညီမှုအ‌ပေါ် အ‌မေရိကန်၊ နယူး‌ယော့ခ်ပြည်နယ် ‌အောလ်ဘနီမြို့‌ရောက် ‌စောဒါးဘူက “တကယ်‌တော့ နွား‌တွေ၊ ဝက်‌တွေ ပစ္စည်း‌တွေ မ‌ပျောက်ခင်တုန်းက ကူညီမယ်ဆိုရင်‌တော့ ဒါက ‌စေတနာအမှန်‌ပေါ့‌နော်။ အခု သွား‌ရောက်ကူညီတယ် ဆို တာကလည်း အဓိကက ‌ကောင်းမှုရွာသူရွာသား‌တွေ‌ပေါ့။ သူတို့ဝမ်းသာပီတိဖြစ်ကြမယ်ဆိုရင် ‌ဘေးက ပြည်သူတစ်‌ယောက်အ ‌နေနဲ့ ထပ်တူ ဝမ်းသာပီတိဖြစ်မိပါတယ်။”ဟု သူ့အမြင်ကို ‌ပြောသည်။

လတ်တ‌လောအချိန် ပစ်ခတ်မှုများ မရှိ‌တော့သဖြင့် ၎င်း‌ကျေးရွာများမှ စစ်‌ဘေး‌ရှောင်ရွာသားများသည် ‌ကျေးရွာ၌ ပြန်လည်‌နေ ထိုင်နိုင်ကြပြီဖြစ်‌သော်လည်း မ‌ပေါက်ကွဲ‌သေးသည့် လက်ကျန် လက်နက်ကြီးကျည်များနှင့် ‌မြေမြှုပ်မိုင်းများ၏ အန္တရာယ်‌ကြောင့် ရွာအပြင်ထွက်ကာ ဟင်းသီးဟင်းရွက် ရှာစား၍ မရဲကြ‌သေး‌ကြောင်း ရွာသားများက ‌ပြောဆို‌နေကြသည်။