Home သတင်း ဖက်ဒရယ်ပြည်‌ထောင်စု တည်‌ဆောက်နိုင်သည်အထိ တိုက်ပွဲဝင်သွားမည်ဟု SYCB ‌ပြောဆို

ဖက်ဒရယ်ပြည်‌ထောင်စု တည်‌ဆောက်နိုင်သည်အထိ တိုက်ပွဲဝင်သွားမည်ဟု SYCB ‌ပြောဆို

1794

ဩဂုတ် ၈ရက်၊၂၀၁၅ ခုနှစ်။ စအိုင်စူး

လက်ရှိ အစိုးရသည် ဒီမိုက‌ရေစီအသွင်ကူး‌ပြောင်း‌ရေးကို ဟန်ပြလုပ်‌ဆောင်ပြီး အာဏာတည်မြဲ‌ရေး အတွက် ဆက်လုပ်‌ဆောင်‌နေခြင်း‌ကြောင့် စစ်မှန်သည့် ဒီမိုကရက်တစ်ဖက် ဒရယ်ပြည်‌ထောင်စု တည်‌ဆောက် နိုင်သည် အထိ ဆက်တိုက်ပွဲဝင်ရမည်ဟု မြန်မာနိုင်ငံ‌ကျောင်းသားလူငယ်များကွန်ဂရက် (SYCB)က ရှစ်‌လေးလုံး ၂၇ နှစ် နှစ်ပတ်လည်‌နေ ့ သ‌ဘောထား‌ကြေငြာချက်ထုတ်ပြန်ကာ တိုက်တွန်းလိုက်သည်။

ထိုသို သ‌ဘောထားထုတ်ပြန်ရခြင်း ရည်ရွယ်ချက်မှာ မြန်မာ့သမိုင်းတွင် ကြီးမား‌သော အ‌ပြောင်း အလဲဖြစ်ခဲ့ သည့် ရှစ်‌လေးလုံး ပြည်သူ့ အ‌ရေး‌တော်ပုံကို ပြန်လည်အမှတ်ရခြင်းဖြစ်သလို စစ်အုပ်စု သက်ဆိုးရှည် ‌စေသည့် ၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံ ဥပ‌ဒေကို ပြုပြင်‌ပြောင်းလဲရန် ပြည်သူတရပ်လုံး တွန်းအားလိုအပ်သည့် အတွက် အခုလို ထုတ်ပြန်ခြင်းဖြစ်သည်ဟု SYCB အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ‌စောဂျက်ပစီက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ အစိုးရတစ်ရပ် ‌ပြောင်းဖို့ဆိုရင် မြန်မာပြည်ရဲ့တိုင်းရင်းသားလူမျိုး‌ပေါင်းစုံ လူငယ်‌တွေ၊ ‌ကျောင်းသား‌တွေ အ‌နေနဲ့ ယခင်နည်းလမ်းအတိုင်း အစိုးရကိုမရင်ဆိုင်ပဲနဲ့ ‌ပြောင်းလဲလာတဲ့အစိုးရရဲ့ ပုံစံအသွင်းကို လိုက်ပြီး ဆန်းသစ်တဲ့ နည်းလမ်း‌တွေနဲ့ ရင်ဆိုင်သွားကြရမယ်” ဟု ‌စောဂျက်ပစီက ‌ပြောသည်။

ထို ့အပြင် လက်ရှိအစိုးရက ၂၀၁၅‌ရွေး‌ကောက်ပွဲကိုအနိုင်ရ‌ရေးအတွက် မသမာ‌သောနည်း လမ်းများဖြင့် အစွမ်း ကုန်ပြင်ဆင်‌နေခြင်း၊ အလုပ်သမား၊ လယ်သမား၊ ‌ကျောင်းသား များ‌တောင်း ဆိုမှုကို လျစ်လျူရှုကာ အကြမ်း ဖက်နိမ်နင်းခြင်း၊ ပြည်တွင်းငြိမ်းချမ်း‌ရေးကို လိုလာသ‌ယောင်‌ပြောဆိုကာတိုင်း ရင်းသား လက်နက်ကိုင် အချို့ အ‌ပေါ်အင်အားသုံး ထိုးစစ်ဆင်ခြင်း၊ ဒီမိုက‌ရေစီအင်အားစုနှင့် တိုင်းရင်းသား တို့အကြား နည်းမျိုးစုံ ‌သွေးခွဲ သပ်လျှို ခြင်းများ ပြုလုပ်‌နေဆဲဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

အလားတူ ၂၇ နှစ်‌မြောက်ရှစ်‌လေးလုံး ဒီမိုက‌ရေစီအ‌ရေး‌တော်ပုံ အခမ်းအနားများကို ရန်ကုန်တိုင်း ‌ဒေသကြီး၊ သဃင်္န်းကျွန်းမြို့နယ်တွင် ၈၈မျိုးဆက် (ငြိမ်းချမ်း‌ရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း) အပါအဝင် ဒီမိုက‌ရေစီ အင်အား စုများ စု‌ပေါင်းအခမ်းအနာကျင်းပကာ ရှစ်‌လေးလုံး သမိုင်းပြတိုက်(ယာယီ)နှင့် ပြတိုက်‌ကော်မတီရုံး ဖွင့်ပွဲကို ကျင်းပခဲ့ကြသည်။

မြန်မာနိုင်ငံ ‌ကျောင်းသားလူငယ်များ ကွန်ဂရက်-SYCB ကို ၁၉၉၆ ခုနှစ် ဇန်နဝါရီလတွင် အိန္ဒိယနိုင်ငံ၊ နယူး‌ဒေလီမြို့၌ မြန်မာ တိုင်းရင်းသားလူမျိုးစုများနှင့် အဖွဲ့ဝင် အဖွဲ့အစည်းတို ့အကြား နားလည်မှု၊ ပူး‌ပေါင်းလုပ်‌ဆောင်မှု တိုးတက်မြှင့်တင်ရန် ရည်ရွယ်ကာ စတင်ဖွဲ့စည်းခဲ့သည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။