Home သတင်း ကရင်အာဇာနည်‌နေ့၊ ကရင်ရိုးရာလက်ချည်ပွဲကို ထိုင်းဘုရင့်မိဖုရား‌မွေး‌နေ့နှင့် ပူးတွဲကျင်းပ

ကရင်အာဇာနည်‌နေ့၊ ကရင်ရိုးရာလက်ချည်ပွဲကို ထိုင်းဘုရင့်မိဖုရား‌မွေး‌နေ့နှင့် ပူးတွဲကျင်းပ

1939

ဩဂုတ် ၁၂ရက်၊ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

ထိုင်းနိုင်ငံ၊ မဲ‌ဆောက်‌ဒေသ‌ရောက် ‌ရွှေ့‌ပြောင်း ကရင်လူမျိုးများသည် ဩဂုတ်လ ၁၂ရက်‌နေ့တွင် ကျ‌ရောက် သည့် (၆၅)နှစ်‌မြောက် ကရင်အမျိုးသား အာဇာနည်‌နေ့၊ (၈၃)နှစ်ပြည့် ထိုင်းဘုရင့် မိဖုရား‌မွေး‌နေ့နှင့် ကရင်ရိုးရာ ချည်ဖြူပွဲတို့ပါဝင်သည့် ‌နေ့ထူး‌နေ့မြတ်များကို စု‌ပေါင်းကာ ယ‌နေ့ မဲ‌ဆောက်မြို့ရှိ ခွဲက‌ဘောင် ကရင်အမျိုးသား ‌ကျောင်းတွင် တပြိုင်နက်တည်း ပူးတွဲကျင်းပပြုလုပ်ခဲ့ကြသည်။

ခွဲက‌ဘောင်‌ကျောင်းတာဝန်ရှိသူနှင့် ‌ကျောင်း‌ကော်မတီဝင်များက ကြီးမှူးကျင်းပခြင်းဖြစ်ပြီး မဲ‌ဆောက်‌ဒေသရှိ ‌ရွှေ့‌ပြောင်း ကရင်အလုပ်သမားများ၊ လူမှု‌ရေး၊ ပညာ‌ရေးနှင့် ကျန်းမာ‌ရေး လုပ်ငန်းများကို လုပ်ကိုင်‌နေသူ ကရင် အမျိုးသားများ၊ ‌ကျောင်းသူ‌ကျောင်းသားများနှင့် ကရင်လူငယ်‌မောင်မယ်များအပါအဝင် စုစု‌ပေါင်း ၅၀ဝခန့် တက်‌ရောက်ဂုဏ်ပြုခဲ့ကြသည်။

ခွဲက‌ဘောင် ‌ကျောင်းဒါရိုက်တာဖြစ်သူ မန်းဗလစိန်က “ထိုင်းနိုင်ငံမှာ ‌နေထိုင်ခွင့်ပြုတဲ့အတွက် ထိုင်းဘုရင်မကို အ‌လေးထားဂုဏ်ပြုတဲ့အ‌နေနဲ့ရယ်။ တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်‌ပေးသွားတဲ့ ကျ‌နော်တို့ ‌ခေါင်း‌ဆောင် ‌စောဘဦးကြီးရဲ့ ကျဆုံးတဲ့‌နေ့ အာဇာနည်‌နေ့ရယ်၊ ကရင်လက်ချည်ပွဲတို့ကို ကျင်းပတာဟာ ဒီ‌နေ့ထူး‌နေ့မြတ်‌တွေ ကို အ‌လေးထားတဲ့အတွက် အစဉ်အလာမပျက် ကျင်းပတာဖြစ်ပါတယ်။ ״ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ခွဲက‌ဘောင်‌ကျောင်း တည်‌ထောင်ခြင်း ၂၅နှစ်ပြည့်‌ငွေရတုသဘင်နှင့် ခွဲက‌ဘောင်‌ကျောင်း တည် ‌ထောင်သူ မန်းဗလစိန် အသက် ၇၅နှစ်ပြည့်အထိမ်းအမှတ်တို့ကို ဂုဏ်ပြုကျင်းပခြင်းလည်းဖြစ်သည်။
IMG_9274
ယ‌နေ့အခမ်းအနားတွင် မိခင်များကို ဂုဏ်ပြုခြင်း၊ ကရင်အမျိုးသား အာဇာနည်များတွက် လွမ်းသူ့ပန်း‌ခွေချခြင်း၊ ကရင်လက်ချည်ပွဲဖြစ်‌ပေါ်လာပုံ ၊ ကရင်အာဇာနည်‌နေ့ အ‌ကြောင်းတို့ကို တက်‌ရောက်လာသူ ‌ခေါင်း‌ဆောင်များ က ‌ပြောကြားခြင်း၊ လက်ချည်ပွဲ အစီအစဉ်တို့အပြင် ‌ဘောလုံးအားကစား၊ ရိုးရာဒုံးယိမ်းအကနှင့် ကရင်‌တေးသီ ချင်းများဖြင့် ကပြ‌ဖျော်‌ဖြေတင်ဆက်ခဲ့ကြသည်။

အခမ်းအနားသို့ တက်‌ရောက်သူ ကရင်လူငယ် ‌စောအထွန်းက “ဒီ‌နေ့ ကျ‌နော်တို့ ကရင်အမျိုးသား လက်ချည်ပွဲ ဖြစ်တယ်။ လက်ချည်ပွဲဆိုတာ ကျ‌နော်တို့ ကရင်မျိုးသား‌တွေလားအုံးအတွက် အင်မတန်မှ အ‌ရေးကြီးတဲ့ ရိုးရာ ပွဲ‌တော်ဖြစ်တဲ့အတွက်‌ကြောင့်မို့လို့ ဒီမှာလာပြီး စု‌ပေါင်းပါဝင်ဆင်နွှဲတာဖြစ်ပါတယ်״ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ယ‌နေ့ နံနက် ၁ဝနာရီမှ မွန်းလွဲပိုင်းအထိ ကျင်းပပြုလုပ်သည့် ၎င်းအခမ်းအနားသို့ ကရင်ပြည်နယ်၊ နယ်ခြား‌စောင့်တပ် (BGF)အတွင်း‌ရေးမှူး ဗိုလ်မှူးကြီး‌စောချစ်သူနှင့် ပိုးကရင်အနုပညာရှင်အချို့လည်း တက် ‌ရောက်ခဲ့ကြသည်။

ကရင်အမျိုးသား‌ခေါင်း‌ဆောင် ‌စောဘဦးကြီး ကျဆုံးသည့် ၁၉၅၀၊ ဩဂုတ်လ ၁၂ရက်‌နေ့ကို အစွဲပြု၍ ကရင်အ မျိုးသားအာဇာနည်‌နေ့အဖြစ် သတ်မှတ်ခဲ့ကြပြီး ကရင်ရိုးရာ လက်ချည်ပွဲကို ကရင်အမျိုးသားများ တနှစ်တစ် ကြိမ် ဆုံဆည်းနိုင်ရန် ရည်ရွယ်ကာ ဝါ‌ခေါင်လ ကျ‌ရောက်တိုင်း ရပ်‌ဝေး၊ ရပ်နီး‌နေ ကရင်အမျိုးသားများက အစဉ် အလာမပျက် ကျင်းပခဲ့ကြသည်။