KIC News
ငြိမ်းချမ်းရေး ဖော်ဆောင်မှုအတွင်း လူထုအသံ ပါဝင်လာအောင် ကေပီအက်စ်အဲန် လုပ်ဆောင်သွားမည်
ဖေဖော်ဝါရီ ၂၅ရက်။ ၂၀၁၅ခုနှစ်။ စောသိန်းမြင့်
ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)နှင့် မြန်မာအစိုးရတို့ကြား လုပ်ဆောင်နေသော ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းစဉ်အတွင်း ပြည်သူ့အသံပါဝင်လာအောင် လုပ်ဆောင်သွားမည်ဟု ကရင်လူမှုအဖွဲ့(၂၀) ကျော်ဖြင့် ဖွဲ့စည်းထားသော ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက်(ကေပီအက်စ်အဲန်)က ယမန်နေ့က ထိုင်း-မြန်မာနယ်စပ်တစ်နေရာ၌ ပြုလုပ်သည့် ၎င်းတို့၏ ပုံမှန်အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်။
ကေပီအက်စ်အဲန် တာဝန်ရှိသူတစ်ဦးဖြစ်သူ...
နှစ်ဖက်တပ် နေရာချထားရေးအတွက် ကေအဲန်ယူ နှင့် မြန်မာအစိုးရတပ် အကြိုညှိနှိုင်းပွဲ ပြုလုပ်မည်
ဖေဖော်ဝါရီ ၂၄ ရက်၊ ၂၀၁၅ ခုနှစ်။ စဖန်းရှောင်း
အပစ်အခတ်ရပ်စဲရေးဆိုင်ရာ တပ်နေရာပြန်လည်ချထားရေး ကိစ္စများနှင့်ပတ်သက်ပြီး ကရင်အမျိုးသားအစည်း အရုံး(ကေအဲန်ယူ)၏ လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအဲန်အယ်လ်အေ)နှင့် မြန်မာအစိုးရ တပ်ဖက်ဆိုင်ရာ တာဝန်ရှိသူတို့က ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် အကြိုညှိနှိုင်းပွဲတစ်ရပ် ပြုလုပ်မည်ဟု သိရသည်။
တွေ့ဆုံပွဲကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ...
အစိုးရနှင့်ပေါင်းပြီး ကိုးကန့်ဒေသတိုက်ပွဲတွင် ပါဝင်မည်ဟူသောကိစ္စ မဟုတ်မှန်ကြောင်း ဒီကေဘီအေ တုံ့ပြန်
ဖေဖော်ဝါရီ ၂၄ရက်၊ ၂၀၁၅ ခုနှစ်။ စောသိန်းမြင့်
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(ဒီကေဘီအေ)က အစိုးရတပ်မတော်နှင့် ပူးပေါင်းပြီး ကိုးကန့်ဒေသ တိုက်ပွဲတွင် သွားရောက်တိုက်ခိုက်မည်ဟု ပြီးခဲ့သည့် ရက်ပိုင်းက Social Media (လူမှုကွန်ယက်မီဒီယာ) စာမျက်နှာများ၌ သတင်းထွက်ပေါ်နေမှုသည် မဟုတ်မမှန်သော ဝါဒဖြန့်မှုသာဖြစ်ကြောင်း ဒီကေဘီအေ စစ်ဦးစီးအရာရှိချုပ် ဗိုလ်မှူးချုပ်...
ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် PSDP ကိုယ်စားလှယ်လောင်းများကို စိစစ်နေ
ဖေဖော်ဝါရီ ၂၄ရက်၊ ၂၀၁၅ခုနှစ်။ စောညွှန့်သောင်း
ကရင်ပြည်နယ်အခြေစိုက် ကရင်နိုင်ငံရေးပါတီတစ်ခုဖြစ်သော ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)မှ ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများသည် ၎င်းတို့ပါတီအတွင်းရှိ စိစစ်ရေး ကော်မတီထံသို့ လျှောက်လွှာတင်ကာ စိစစ်မှုခံယူလျှက်ရှိသည်ဟု သိရသည်။
PSDP ဗဟိုသတင်းနှင့် ပြန်ကြားရေး တာဝန်ခံ စောခန့်ဝင်းအောင်က “ကျနော်တို့ ကိုယ်စားလှယ်လောင်းတွေ ဟာ သတ်မှတ်ထားချက်နဲ့...
အစိုးရနှင့် ထိပ်တိုက်တွေ့ရန် သဘောထား မရှိဟု UNA ပြောဆို
ဖေဖော်ဝါရီ ၂၃ရက်၊ ၂၀၁၅ ခုနှစ်။ စောထွန်းလင်း
စည်းလုံးညီညွှတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(UNA) နှင့် မိတ်ဖက်အဖွဲ့အစည်းများ ညှိနှိုင်း ဆွေးနွေးပွဲများပြုလုပ်ပြီး ဖေဖော်ဝါရီ ၁၉ရက်နေ့က သဘောထားကြေညာချက် ထုတ်ပြန်ခြင်းမှာ အစိုးရနှင့် ထိပ်တိုက်တွေ့လိုသည့် သဘော မဟုတ်ဟု UNA သဘာပတိအဖွဲ့ဝင် ဦးအေးသာအောင်က ယနေ့ ကေအိုင်စီသို့...
ပထမဦးဆုံးအကြိမ် ရုံးလုပ်ငန်းစီမံခန့်ခွဲမှုနှင့် အခြေခံကွန်ပျူတာသင်တန်း ဒီကေဘီအေ ပြုလုပ်
ဖေဖော်ဝါရီ ၂၃ရက်၊ ၂၀၁၅ခုနှစ်။ စောသိန်းမြင့်
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(ဒီကေဘီအေ)က ၎င်းတို့၏ ရုံးလုပ်ငန်းများ စနစ်တကျ လည်ပတ် သွားရန် ရည်ရွယ်၍ ပထမဦးဆုံးအကြိမ် တစ်လကြာမြင့်သည့် ရုံးလုပ်ငန်းစီမံခန့်ခွဲမှုနှင့် အခြေခံ ကွန်ပျူတာ သင်တန်းတစ်ရပ်ကို ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဆုံဆည်းမြိုင်ကျေးရွာ၌ ယနေ့ ပြုလုပ်ကျင်းပပြီးစီးခဲ့သည်။
ဇန်နဝါရီ ၂၃မှ ဖေဖော်ဝါရီ...
မန်းရှာနဲ့ ဖိုးတခေတ်ပုံရိပ်
(လကင်္ာဒီပ)
ဖေဖေါ်ဝါရီ ၂၃၊ ၂၀၁၅။
ကမ္ဘာကြီးမီးလောင်တာ မသိရှာ
ကရင်ရွာ နင်းပြားဖြစ်နေရခြင်းအကြောင်း
ခေါင်းထဲထည့် စိတ်မဝင်စား
ရွာသားများ ပညာသင်ခွင့် အားမပေးခဲ့
ဘုရားနဲ့လည်း ယှဉ်ထိုင်ဝံ့တဲ့သူ
အူတူတူ မဝေခွဲနိုင်တဲ့အဖြစ်
ဖိုးတခေတ်လို ကရင်တွေကလည်းရှိသေး
အေးလေ... ဝေးနေရသေးတာပေါ့ မျှော်မှန်းချက်တွေ
ကရင်တွေ ကရင်မှ မသိကြသေးဘဲကိုး။
မန်းရှာကြီးရေ....တနှစ်မှတခါ
ရိုးရာလေးထိန်းသိမ်းယုံ
အမြုံကရင်တွေကလည်း တစ်မှောင့်ပါပဲ
တစ်ပွဲထိုး တစ်ခါသုံး
တနှစ်လုံးမှ တစ်ရက်ကိုလေ
အရှက်ပြေတွေ ပြုနေကြတယ်
ဘယ်ဟာက ပဓာန
သာမည မခွဲခြားဘဲ
ပုဂ္ဂိုလ်စွဲ ဂိုဏ်းဃဏစွဲ
တိုးလို့တွဲလွဲ...
မြန်မာရွှေ့ပြောင်းကျောင်း ၃ ကျောင်းသာ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုနိုင်မည်
ဖေဖော်ဝါရီ ၂၁ ရက်၊ ၂၀၁၅ ခုနှစ်။ စဖန်းရှောင်း
မတ်လ ၁၁ ရက်နေ့တွင် ပြုလုပ်ရန် ကြေညာထားသည့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ် အစိုးရ တက္ကသိုလ်ဝင် တန်းစာမေးပွဲကို တတိယအကြိမ်မြောက်သွားရောက်ဖြေဆိုခြင်းအဖြစ် ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာရွှေ့ပြောင်း ကျောင်း ၃ ကျောင်းသာ သွားရောက်ဖြေဆိုနိုင်မည်ဖြစ်သည်ဟု သိရသည်။
ယခုနှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို...
ရွှေမင်းတမာန် ကုမ္ပဏီဖွင့်ပွဲ၌ ကတိကဝတ်စာချုပ်ကိစ္စ ကေအဲန်ယူ ဥက္ကဌ ရှင်းလင်းပြောဆို
ဖေဖော်ဝါရီ ၂ဝရက်၊ ၂၀၁၅ခုနှစ်။ နန်းချောင်ဖော့
ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက် လက်မှတ်ထိုးမှုကိစ္စအပေါ် ဖေဖော်ဝါရီ ၁၈ရက်နေ့က ကရင်ပြည်နယ်၊ ဖားအံမြို့၌ ပြုလုပ်သည့် ရွှေမင်းတမာန်ကုမ္ပဏီဖွင့်ပွဲအခမ်းအနားတွင် ရှင်းလင်းပြောဆိုခဲ့သည်။
“ကျနော်တို့ဟာ တွေ့ဆုံဆွေးနွေးရေးနဲ့ ပတ်သက်လို့ စိုးရိမ်ကြောင့်ကြနေတဲ့ ပြည်သူလူထုတွေကို ကတိ ပေးလိုက်တဲ့...
အစိုးရ၊ လွှတ်တော်နှင့် အခြေခံဥပဒေဆိုင်ရာခုံရုံးတို့သည် ဥပဒေချိုးဖောက်ကြသူများဖြစ်သည်
မောင်ကျော်စွာ
(၂၀၁၅ ခုနှစ်၊ ဖေဖေါ်ဝါရီ ၂ဝ ရက်)
“ဥပဒေပြုသူသည် ဥပဒေချိုးဖောက်သူ မဖြစ်စေရ”ဟူသော စကားရှိပါသည်။ ယခုမူ ထိုစကားနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်လျက် ဥပဒေပြုသူများသည် သူတို့ပြုထားသည့် ဥပဒေများကိုပင် လေးစားလိုက် နာခြင်း အလျဉ်းမရှိဘဲ၊ လိုှလျှင် လိုသလို၊ မလိုလျှင် မလိုသလို...














