Home သတင်း BGF က ရွာသား ၄ဦးကို ဖမ်းဆီးကာ ‌ဒေသခံများကို ရွာပြင်မထွက်ရန် အမိန့်‌ပေးထား

BGF က ရွာသား ၄ဦးကို ဖမ်းဆီးကာ ‌ဒေသခံများကို ရွာပြင်မထွက်ရန် အမိန့်‌ပေးထား

2011

စက်တင်ဘာ ၉ရက်၊ ၂၀၁၅ခုနှစ်။ က‌ဆောဝါး

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်၊ အာရှလမ်းမ‌ဘေးရှိ တတန်ကူးအပိုင်းရွာက ရွာသား ၄ဦးကို ယင်း‌ဒေသတွင် လှုပ်ရှား‌နေ သည့် BGF တပ်ဖွဲ့ဝင်များက စက်တင်ဘာလ ၆ရက်‌နေ့တွင် ဖမ်းဆီးလိုက်ပြီး ‌ဒေသခံများကို ရွာပြင်မထွက်ရန် အမိန့်‌ပေးထား ‌ကြောင်း ‌ဒေသခံရွာသားများက ‌ကေအိုင်စီသို့ ထို‌နေ့ ည‌နေက ‌ပြောသည်။

ဖမ်းဆီးခံထားရသူများမှာ ‌ကော့ကရိတ်မြို့နယ်၊ အာရှလမ်းမ‌ဘေး၊ တတန်ကူးအပိုင်းရွာမှ လမ်းမယူ (ခ) ကို‌ရွှေ‌အေး၊ ‌မောင်ဝင်း ကြည်၊ ဖား‌ကော်လာနှင့် ကိုစိုးနိုင်တို့ဖြစ်ပြီး စက်တင်ဘာလ ၈ရက်‌နေ ့နံနက်ပိုင်းက ‌ဒေသတွင်း လှုပ်ရှား‌နေသည့် BGF တပ်ရင်း ၁၀၁၇ နှင့် ၁၀၂၁ တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ‌ဒေသခံ ရပ်မိရပ်ဖတစ်ဦးက ‌ကေအိုင်စီသို ့‌ပြောသည်။

“BGF ဖမ်းသွားတဲ့ ကိုကြည်ဝင်းက ‌ဒေသခံ လူ‌အေးတစ်‌ယောက်ပါ။ ချမာ့မူး‌တောင်‌ကြော‌ကွေ့နားက KNU ‌မွေးမြူ‌ရေးစခန်းအနီး အာရှလမ်းသစ်‌ဘေးမှာ ‌ဈေးဆိုင်တည်‌ရောင်း‌နေတာပါ။ ပြီးခဲ့တဲ့ အာရှလမ်းသစ်တိုက်ပွဲကာလတုန်းက သူ့ဆိုင်က ပစ္စည်း‌တွေ၊ အိမ်အသုံးအ‌ဆောင်‌တွေ တစ်ဆိုင်လုံး သိန်း ၆၀‌ကျော်ဖိုး အစိုးရစစ်‌ကြောင်းက ယူ‌ဆောင်သွားခြင်း ခံထားရတဲ့သူပါ။ ဘာ ‌ကြောင့် ရွာသား‌တွေကို ဖမ်းဆီးရသလဲဆိုတာ‌တော့ မသိရဘူး”ဟု အမည်မ‌ဖော်လိုသူ ၎င်းရပ်မိရပ်ဖတဦးက ‌ပြောသည်။

ရွာသားများအား ဖမ်းဆီးသွားသည့်‌နေ့၌ပင် အဖမ်းခံရွာသားထဲက ‌မောင်ဝင်းကြည်၏ ညီမဖြစ်သူမှာ တတန်ကူး‌ကျေးရွာ အုပ်ချုပ် ‌ရေးမှူးထံ အ‌ကြောင်းကြားကာ အကူအညီ ‌တောင်းခံထားခဲ့ပြီးဖြစ်‌သော်လည်း ပြန်လည်လွတ်‌မြောက်လာခြင်း ရှိမရှိကို မသိရ ‌သေး‌ပေ။

ထို့အပြင် အာရှလမ်းမ‌ဘေး တတန်ကူး‌ကျေးရွာ ဆင်ကုန်းပိုင်းနှင့် ပျားပင်ရွာကုန်းသို့သွားရာ လမ်းဆုံအနီး၌လည်း ‌ကော့ကရိတ် မြို့အ‌ခြေစိုက် အစိုးရတပ် ခမရ(၂၃၁) တပ်ရင်းက စက်တင်ဘာလ ၈ရက်‌နေ့တွင် အဆိုပါရွာများသို့ ဝင်‌ရောက်‌နေရာယူထားကာ ရွာသားများကို အပြင်ထွက်ခွင့်မ‌ပေး‌တော့‌ကြောင်း ‌ဒေသခံတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

အလားတူ BGF တပ်ရင်း ၁၀၁၇နှင့် ၁၀၂၁ တပ်ရင်းများလည်း ပျားပင်ရွာဘက်မှ ‌ဒေါန‌တောင်‌ခြေဘက်သို့ စက်တင်ဘာလ ၈ ရက် ‌နေ့လည်ပိုင်းတွင် စစ်‌ကြောင်းချီသွားပြီး DKBA ခွဲထွက်မှ ဗိုလ်နားမကြားနှင့်အဖွဲ့ကို အပြီးတိုက်ခိုက်သွားမည်ဟု ‌ပြောဆို ကာ ရွာသားများကို ရွာပြင်ထွက်ခြင်း၊ ‌တောင်‌ကြောဘက်သို ့မသွားရန် ‌ပြောဆိုထား‌ကြောင်းလည်း သိရသည်။

၂၃၁‌ခြေလျင်တပ်ရင်းမှ တပ်သားတစ်ဦးက “လူကြီး‌တွေက ဒီ‌ဒေါန‌တောင်‌ကြောဂွင်ကို ၃ရက်က‌နေ ၅ရက်အတွင်း အပြီးရှင်းခိုင်း ထားတယ်။ ရှင်းမရရင် ‌တောင်‌ကြောတစ်ခုလုံးကို ပစ်‌ခြေမယ်‌ပြောတယ်။ အဓိကက‌တော့ ဒီပျားပင်ကွင်းရွာပဲ။ တစ်ရွာလုံးက အခု နားမကြားရဲ့ရွာဆို‌တော့ အဲဒီရွာပါ ဖျက်ပစ်၊ ‌ပြောင်းပစ်မှ ‌အေးသွားမယ်”ဟု ‌ပြောသည်။

လက်ရှိတွင် ‌ဒေသအတွင်း စစ်‌ရေးတင်းမာမှုများ ဆက်လက် မြင့်တက်လာကာ ‌ဒေသခံများသွားလာ‌ရေး၊ စားဝတ်‌နေ‌ရေးမှာ များ စွာ ခက်ခဲ‌နေရ‌ကြောင်း၊ အာရှလမ်း‌ပေါ်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားသည့် ဇူလိုင်လမှ စတင်ကာ ‌ဒေသခံများအ‌နေဖြင့် အိုးအိမ် စွန့်ခွာ၍ နီးစပ်ရာ ‌ဆွေမျိုးများထံ ထွက်‌ပြေးခိုလှုံ‌နေရ‌ကြောင်း ‌ဒေသခံများက ‌ပြောဆို‌နေကြသည်။