Home သတင်း NCA အတွက် ‌ဆွေး‌နွေးပွဲ‌အောင်မြင်ရန် ဘာသာ‌ပေါင်းစုံက ဆု‌တောင်းခဲ့

NCA အတွက် ‌ဆွေး‌နွေးပွဲ‌အောင်မြင်ရန် ဘာသာ‌ပေါင်းစုံက ဆု‌တောင်းခဲ့

1280

စက်တင်ဘာ ၉ရက်၊ ၂၀၁၅ခုနှစ်။ နန်း‌ဝေဖြိုးဇာ

တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်(NCA) အတွက် တိုင်းရင်းသားလက်နက်ကိုင်‌တော်လှန်‌ရေး အဖွဲ့‌ခေါင်း‌ဆောင်များနှင့် နိုင်ငံ‌တော် သမ္မတ ဦးသိန်းစိန်‌ခေါင်း‌ဆောင်သည့် အစိုးရအဖွဲ့တို့ စက်တင်ဘာလ ၉ရက်‌နေ့တွင် ‌နေပြည်‌တော်၌ ပြုလုပ်မည့် ‌ဆွေး‌နွေးပွဲ ‌အောင်မြင်‌ရေးအတွက် ကရင်ပြည်နယ်၊ ဘာသာ‌ပေါင်းစုံမှ ဆရာ‌တော်များက ဖားအံမြို့ရှိ၊ ဂါဘနာ (GABANA) ဟိုတယ်၌ စက်တင်ဘာ ၇ရက်‌နေ့က ဆု‌တောင်းပွဲ ပြုလုပ်ခဲ့ကြသည်။

အဆိုပါ ဆု‌တောင်းပွဲသို ့ပြည်နယ်အတွင်းရှိ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာနှင့် ဟိန္ဒူဘာသာဝင် ‌ခေါင်း ‌ဆောင်များ၊ ဆရာ‌တော်များနှင့် ့လူငယ်များပါဝင်ပြီး NCA တွင်‌နောက်ဆုံး ကျန်ရှိ‌နေသည့် ပါဝင်လက်မှတ်ထိုးမည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အ‌ရေအတွက်ကိစ္စ နှစ်ဖက်ရလဒ်‌ကောင်းများ ‌ပေါ်ထွက်ရန် ရည်ရွယ်၍ အရပ်ဘက်လူမှုအဖွဲ့အစည်းများ ငြိမ်းချမ်း‌ရေးဖိုရမ်က ဦး‌ဆောင်ကျင်းပခြင်းဖြစ်သည်ဟု ဦး‌ဆောင်စီစဉ်သူတဦးဖြစ်သည့် ဆရာ‌စော‌ကျော်စွာက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ကျ‌နော်တို့က တဖက်သတ် ဆု‌တောင်းတာ မဟုတ်ဘူး‌ပေါ့‌နော်။ နိုင်ငံ‌တော်အစိုးရက ၆ဖွဲ့ကို‌တော့ လက်မခံဘူး။ ဒါ‌ပေမယ့် တိုင်းရင်းသား‌တွေက အဲဒီ့ ၆ဖွဲ့ကို ပါ‌စေချင်တယ်။ အ‌သေဆုပ်ကိုင်ထားတာမဟုတ်ဘဲနဲ့ နှစ်ဦးနှစ်ဖက် မည်သူပါသင့်မပါသင့် ‌သေချာညှိနှှိုင်းပြီး‌တော့မှ ပြည်သူအတွက် ‌ရှေးရှုပြီး‌အောင်မြင်ဖို့အတွက် ဆု‌တောင်းတာဖြစ်တယ်”ဟု ဆရာ‌ကျော်စွာက ‌ပြော သည်။

ထို‌နေ့ နံနက်ပိုင်းတွင် စတင်ပြုလုပ်ခဲ့သည့် အဆိုပါဆု‌တောင်းပွဲတွင် ဘာသာကြီး‌လေးခုမှ ဆရာ‌တော်ကြီးများက ဆိုင်ရာဘာ သာအလိုက် ပြည်တွင်းငြိမ်းချမ်း‌ရေးရရှိ‌အောင်မြင်ရန် အသီးသီး ဆု‌တောင်း‌ပေးခဲ့ပြီး အခုလို ဘာသာကြီး‌လေးခု ပူး‌ပေါင်းကာ ဆု‌တောင်း‌ပေးနိုင်ခြင်းအားဖြင့် ကရင်ပြည်နယ်အတွင်းရှိ ဘာသာ‌ပေါင်းစုံအ‌နေဖြင့် ငြိမ်းချမ်း‌ရေး ရရှိလာသည်ဟု ခံစားရ‌ကြောင်း သိက္ခာ‌တော်ရ ဆရာမန်းပါမန်စတန်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“သမ္မတဦးသိန်းစိန်သက်တမ်းမှာ တစ်နိုင်ငံလုံးအပစ်ရပ်စဲ‌ရေးအတွက် လက်မှတ်ထိုးဖို့ အမျိုးမျိုး ကြိုးပမ်းမှု‌တွေထဲက အခု အပြီး သတ်နိုင်‌တော့မှာဖြစ်တဲ့အတွက် ‌အောင်မြင်ပါ‌စေ‌ကြောင်း ဘုရားသခင် ကူညီမစဖို့အတွက် ဆု‌တောင်း‌ပေးပါတယ်”ဟု သိက္ခာ ‌တော်ရ ဆရာ‌တော် မန်းပါမန်စတန်က ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ်တွင် ဘာသာ‌ပေါင်းစုံ ဆု‌တောင်းပွဲများ မကြာခဏ ပြုလုပ်‌လေ့ရှိ‌သော်လည်း ယခုလို ငြိ်မ်းချမ်း‌ရေးအတွက် ဘာ သာ‌ပေါင်းစုံဆု‌တောင်းပွဲကို ပထမဦးဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်‌ကြောင်း ဆု‌တောင်းပွဲ စီစဉ်သူများထံမှ သိရသည်။

လက်ရှိတွင် တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့‌ခေါင်း‌ဆောင် ၉ဦးနှင့် နိုင်ငံ‌တော် သမ္မတ ဦး‌ဆောင်သည့် အစိုးရ အဖွဲ့တာဝန်ရှိသူများ ‌နေပြည်‌တော်ရှိ၊ MCC ခန်းမ၌ ယ‌နေ ့နံနက် ၉နာရီမှ စတင်ကာ ‌တွေ့ဆုံ‌ဆွေး‌နွေး‌နေပြီးဖြစ်‌ကြောင်း ‌နေပြည် ‌တော်မှလာသည့် သတင်းများအရ သိရသည်။