KIC News
တတိယအကြိမ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဆက်ဆံရေးရုံးများ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်
ဖေဖော်ဝါရီ ၂၈ရက်၊ ၂၀၁၅ခုနှစ်။ နန်းချောင်ဖော့
မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ဆက်ဆံရေး ရုံးတာဝန်ခံများနှင့် ရုံးဝန်ထမ်းများ၏ တတိယအကြိမ်မြောက် အလုပ်ရုံဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၇ရက်မှ ၂၈ရက်နေ့အထိ ကရင်ပြည်နယ်၊ ဖားအံမြို့၊ ဟိုတယ်သံလွင်ပါရာဒိုက်စ်တွင် ပြုလုပ်ကျင်းပလျှက်ရှိသည်။
ဆွေးနွေးပွဲကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ဆက်ဆံရေးရုံးများကို ကူညီပေးနေသည့် Euro Burma Office...
ဒေါက်တာတီသံပြာ တက္ကသိုလ်အဆင့်ကျောင်း KNU ဖာပွန်ခရိုင်တွင် စတင်ဖွင့်လှစ်
ဖေဖော်ဝါရီ ၂၈ရက်၊ ၂၀၁၅ခုနှစ်။ စဖန်းရှောင်း
ကရင်ပြည်နယ်အတွင်းရှိ ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ထိန်းချုပ်နယ်မြေ ဖာပွန်ခရိုင်၊ ဘူးသိုမြို့နယ်တွင် ပညာ ရေးအတွက် စိတ်ပါဝင်စားသူများက ဦးဆောင်ကာ ပထမဆုံးသော တက္ကသိုလ်အဆင့်ရှိ T. Than Byar Christian Institute ကျောင်းကို ဖေဖော်ဝါရီ ၂၆ရက်နေ့က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ကျောင်းဖြစ်မြောက်ရေး...
MPC အစီအစဉ်ဖြင့် လူငယ်နှင့် ငြိမ်းချမ်းရေးဖိုရမ်ကို ဖားအံတွင် ကျင်းပ
ဖေဖော်ဝါရီ ၂၇ရက်၊ ၂၀၁၅ခုနှစ်။ နန်းဝေဖြိုးဇာ
ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ် အခြေအနေများကို ဆွေးနွေးရန် ရည်ရွယ်၍ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်ဗဟိုဌာန (Myanmar Peace Center-MPC)၏ အစီအစဉ်ဖြင့် လူငယ်နှင့် ငြိမ်းချမ်းရေး ဖိုရမ်တစ်ရပ်ကို ကရင်ပြည် နယ် ဖားအံမြို့၊ ဇွဲကပင်ခန်းမ၌ ဖေဖော်ဝါရီ...
အယ်ဒီတာ့ အာဘော်
ကရင်လူမှုအဖွဲ့အစည်းများ စုစည်းအားကောင်းဖို့ လိုပြီ
နိုင်ငံတစ်နိုင်ငံ တိုးတက်ဖြစ်ထွန်းမှုသည် နိုင်ငံတွင်း နေထိုင်ကြသော နိုင်ငံသူနိုင်ငံသားများအပေါ် များစွာ တည်မှီနေသလို ထို နိုင်ငံသားပြည်သူများအတွက် အားကိုးအားထားလောက်သည့် အစိုးရတစ်ရပ် ပေါ်ပေါက်ရေးသည်လည်း အရေးကြီးဆုံး ဖြစ် နေပေသည်။ မြန်မာနိုင်ငံတွင် တိုင်းရင်းသားအားလုံး လိုလားသော စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာ၌ လူမျိုးစုံ၊...
ဗိုလ်မှူးကြီး ဆန်းအောင်အဖွဲ့နှင့် အစိုးရစစ်တပ် တိုက်ပွဲဖြစ်ပွား(သတင်းတို)
ဖေဖော်ဝါရီ ၂၇ရက်၊ ၂၀၁၅ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် ကျိုက်ဒုံမြို့နယ်ခွဲအတွင်းရှိ အဇင်းကျေးရွာအနီးတွင် ယခင် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မ တော် (DKBA)မှ တပ်မှူးဟောင်း ဗိုလ်မှူးကြီး စောဆန်းအောင်အဖွဲ့နှင့် ကျိုက်ဒုံမြို့နယ် အခြေစိုက် မြန်မာအစိုးရ တပ် စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်-စကခ(၁၃) လက်အောက်ခံတပ်တို့ ယနေ့နံနက်၌ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း...
ပဒိုမန်းရှာ၏ နောက်ဆုံးနေ့ရက်များနှင့် ကျနော်
ရဲဘော် ဇော်နောင်
အချိန်တွေ ကြာညောင်းလာခဲ့ပြီဖြစ်သော်လည်း ဒီလဒီရက်ကိုရောက်တိုင်း အတိတ်ရဲ့ဖြစ်ရပ်တွေ ကျနော့်အာရုံထဲ အသစ်တဖန် ပြန်ဝင်ရောက်လာပါတော့တယ်။ အချိန်ကာလအနေနဲ့ပြောရရင် ၂၀၀၇ခုနှစ်နှောင်းပိုင်းကနေ စရမှာ ဖြစ်ပါတယ်။ အဲဒီအချိန်ကာ လမှာ ကေအဲန်ယူခေါင်းဆောင်များကို လုပ်ကြံမယ်ဆိုတဲ့သတင်း ကေအဲန်ယူအတွင်း ခါတိုင်းထက် ပိုထွက်ပေါ်လာခဲ့ပါတယ်။ အချိန်နှင့်အမျှ သတင်းတွေ တမျိုးပြီးတမျိုး ထွက်ပေါ်လာသော်လည်း လုပ်ကြံခံရမဲ့...
ဖားအံအကျဉ်းထောင်မှ ၈၈မျိုးဆက်ကရင်ကျောင်းသား ၄ဦး လွတ်မြောက်လာ
ဖေဖော်ဝါရီ ၂၆ရက်၊ ၂၀၁၅ခုနှစ်။ နန်းချောင်ဖော့
သိမ်းဆည်းခံလယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် ဦးဆောင်တောင်းဆိုဆန္ဒပြ၍ ပုဒ်မ ၁၈ဖြင့် တရားစွဲဆိုခံရပြီး ဖားအံအ ကျဉ်းထောင်တွင် အကျဉ်းကျခံခဲ့ရသည့် ၈၈မျိုးဆက်ကရင်ကျောင်းသားများ အစည်းအရုံးမှ အဖွဲ့ဝင် ၄ဦးမှာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ပြန်လည်လွတ်မြောက်လာခဲ့သည်။
ပြီးခဲ့သည့် ၂၀၁၄ခုနှစ်၊ ဩဂုတ် ၂၅ရက်နေ့က ဖားအံမြို့တွင်...
CDC အထက်တန်းကျောင်း ယောက်ျားလေး ဘော်ဒါဆောင်(၄) လုံး မီးလောင်ပျက်စီး
ဖေဖော်ဝါရီ ၂၆ရက်၊ ၂၀၁၅ ခုနှစ်။ စဖန်းရှောင်း
ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဒေသအခြေစိုက် ရွှေ့ပြောင်းကျောင်းတစ်ကျောင်းဖြစ်သည့် ကလေးများဖွံ့ဖြိုးတိုး တက်ရေးစင်တာ (Children Development Center–CDC) အထက်တန်းကျောင်း၏ ဘော်ဒါဆောင်တွင် ဖေဖော်ဝါရီ ၂၅ရက်နေ့က မီးလောင်ကျွမ်းမှု ဖြစ်ပွားရာ ယောက်ျားလေးဘော်ဒါဆောင် (၄)လုံး လောင်ကျွမ်း ပျက်စီးသွားခဲ့သည်။
၎င်းဘော်ဒါဆောင် အဆောင်မှူးဖြစ်သူ စောအေလိယက...
လူငယ်စကားလက်ဆောင်
စောဒေးဗစ်ထူး ၂၂နှစ်
ဝါသနာ အဆိုတော်
ပညာ ဥပဒေ (ပထမနှစ်)
ကျနော်က ဧရာဝတီတိုင်း သာပေါင်းမြို့နယ် သမင်ကုန်း(တမော့လူ)ရွာမှာ နေပါတယ်။ မွေးချင်းမောင်နှမ ငါးယောက်မှာ ကျနော် က ဒုတိယမြောက်သားပါ။ မိဘတွေကတော့ လယ်ယာလုပ်ငန်းတွေ လုပ်ကိုင်ကြပါတယ်။ ကျနော်ငယ်ငယ်တုန်းက သမင်ကုန်း ရွာမှာ မူလတန်းအထိ ကျောင်းနေခဲ့ပြီး အဲဒီကနေတဆင့် သာပေါင်းမှာ ကျောင်းသွားတက်တာ ၂၀၁ဝမှာ ဆယ်တန်းအောင်တဲ့...
ကရင်ပြည်နယ် အစိုးရအဖွဲ့၏ ညွှန်ကြားရေးမှူးချုပ် စောမြတ်ထွဋ်ဝင်း (ဦးဆွိ)နှင့် တွေ့ဆုံမေးမြန်းခြင်း
လုပ်ပိုင်ခွင့်တွေကို ပြောရမယ်ဆိုရင်တော့ လွှတ်တော်တို့၊ ပြည်သူတို့ ဥပဒေပြောင်းလဲဖို့ တောင်းဆိုရင် ပြင်ဆင်ပေးမှာပါ။ ပြောချင်တာက ဥပဒေပြင်ဖို့ လိုပါတယ်။ နောက်တစ်ခုက ပြည်သူတွေကို ဖွံ့ဖြိုးရေး အသိပညာ၊ ဗဟုသုတတွေ ပေးဖို့လိုပါတယ်။
မေး ။ ။ ဆရာရဲ့အဓိက လုပ်ဆောင်ရတဲ့ လုပ်ငန်းတွေက ဘာတွေလဲ။
ဖြေ ။ ။ အစိုးရအဖွဲ့မှ...














