Home သတင်း NCA တွင် အဖွဲ့အချို့ကို ကန့်သတ်ချန်လှပ်ထားခြင်းကို လူမှုအဖွဲ့အစည်း ၃၄ ဖွဲ့ကန် ့ကွက်

NCA တွင် အဖွဲ့အချို့ကို ကန့်သတ်ချန်လှပ်ထားခြင်းကို လူမှုအဖွဲ့အစည်း ၃၄ ဖွဲ့ကန် ့ကွက်

1622

စက်တင်ဘာ ၇၊ ၂၀၁၅ ခုနှစ်။ ‌စောထွန်းလင်း

တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) လက်မှတ်ထိုးရန်အတွက် တိုင်းရင်းသား လက်နက်ကိုင် ‌တော်လှန်‌ရေး အဖွဲ့ အချို့ကို ပါဝင်ခွင့်မပြုဘဲ ကန် ့သတ် ချန်လှပ် ခွဲခြားမှုကို ကန့်ကွက်‌ကြောင်း ပြည်တွင်းလူမှုအဖွဲ့အစည်း ၃၄ ဖွဲ့က စု‌ပေါင်းကာ ယ‌နေ ့ထုတ်ပြန်သည့် သ‌ဘောထားထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရန်ကုန်မြို့၊ ဗိုလ်တ‌ထောင်မြို့နယ်၊ သိမ်ဖြူလမ်း‌ပေါ်ရှိ မဂင်္လာရာမပါဠိတက္ကသိုလ်၊ စိန်ရတုခန်းမ၌ ပြည်တွင်းလူမှုအဖွဲ့အစည်းများဖြစ်သည့် ဆရာကြီးသခင်ကိုယ်‌တော်မှိုင်း ငြိမ်းချမ်း‌ရေးကွန်ရက်၊ ညီညွတ်‌သော အမျိုးသားဒီမိုက‌ရေစီအဖွဲ့(UNDO)၊ ၁၉၉ဝ ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ်အဖွဲ့၊ မြန်မာနိုင်ငံ ‌ရှေ့‌နေကွန်ရက်၊ အလုပ်သမား အဖွဲ့ချုပ် စသည့် လူမှုအဖွဲ့အစည်း ၃၄ ဖွဲ့က စု‌ပေါင်းပြုလုပ်သည့် ပြည်တွင်း ငြိမ်းချမ်း‌ရေး အမြင်သ‌ဘောထားဖလှယ်ပွဲတွင် ထိုသို ့သ‌ဘောထားထုတ်ပြန် ‌ပြောဆိုလိုက်ခြင်း ဖြစ်သည်။

လက်ရှိ နိုင်ငံအတွင်းလိုအပ်‌နေသည့် ငြိမ်းချမ်း‌ရေးဖြစ်စဉ်တွင် အရပ်ဘက်လူမှုအဖွဲ့အစည်းများက ပါဝင်လုပ် ‌ဆောင်ရန် ဆုံးဖြတ်ကာယခုကဲ့သို ့ သ‌ဘောထားအမြင်ဖလှယ်ပွဲကို ပြုလုပ်ရခြင်းဖြစ်သည်ဟု အခမ်းအနားစီစဉ် သူတစ်ဦးဖြစ်သည့် ညီညွတ်‌သော အမျိုးသားဒီမိုက‌ရေစီအဖွဲ့မှ ဦး‌ဒေးဗစ်လှမြင့်က ‌ကေအိုင်စီသို ့‌ပြောသည်။

ယ‌နေ ့ ‌နေ ့လည် ၁ နာရီခွဲမှ ၄ နာရီထိပြုလုပ်သည့် အဆိုပါအခမ်းအနားသို ့လူမှုအဖွဲ့အစည်းများမှ ကိုယ်စား လှယ် ၂၀ဝ နီးပါးတစ်‌ရောက်ခဲ့သလို ဗုဒ္ဓဘာသာ၊ ခရစ်ယန် ဘာသာ၊ ဟိန္ဒူဘာသာနှင့် အစ္စလာမ် ဘာသာတို ့မှ ဘုန်း‌တော်ကြီး ဆရာ‌တော်များ တက်‌ရောက်ပြီး ပြည်တွင်းငြိမ်းချမ်း‌ရေးနှင့် ပတ်သက်၍ ‌ဟော‌ပြော ‌ဆွေး‌နွေး ကာ အခမ်းအနားအပြီးတွင် အချက် ရှစ်ချက်ပါ သ‌ဘောထား ထုတ်ပြန်ချက် တစ်‌စောင် ထုတ်ပြန်ခဲ့သည်။

“ တတိုင်းပြည်လုံးမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့ အစည်း‌တွေမပါဘဲနဲ ့တတိုင်းပြည်လုံး အပစ်ရပ်စာချုပ်ဆိုတာ၊ နည်းနည်း အဓိပ္ပါယ်မဲ့ဖြစ်တယ်၊ ဒါ‌ကြောင့်အခုလိုမျိုး‌ပြောရတာပါ။ ဒီလိုပွဲမျိုးလုပ်တာ ‌ကောင်းတယ် လို ့ ကျ‌နော် မြင်တယ်၊ ‌နောက်တစ်ခုက ငြိမ်းချမ်း‌ရေးဖြစ်စဉ်မှာ ပြည်သူလူထုပါဝင်သင့်တယ်။ ပြည်သူလူထုုအသံကို နှစ်ဖက် စလုံးက အ‌လေးထားပြီး နား‌ထောင်သင့်တယ်” ဟု အခမ်းအနား တက်‌ရောက်လာသူ လူ‌ပေါင်သစ်ဒီမိုကရက် တစ်ပါတီ ဥက္ကဌ ဦး‌အောင်မိုး‌ဇော်က ‌ကေအိုင်စီသို ့‌ပြောသည်။

လက်ရှိ NCA ဖြစ်စဉ်တွင် တိုင်းရင်းသား‌ခေါင်း‌ဆောင်များမည်သို ့ဆုံးဖြစ်‌စေကာမူ အားလုံးတစည်းတလုံးထဲ ရပ်တည်ရန်၊ ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေနှင့် ကာချုပ်မူ ၆ ချက်ကို မ‌ပြောင်းဘဲ လက်မှတ်ထိုးမည်ဆိုပါက အစိုးရ အတွက်သာအကျိုးရှိပြီး ငြိမ်းချမ်း‌ရေးကို အဟန် ့အတားဖြစ်‌စေသလို ‌နောင်ဖြစ်‌ပေါ်လာမည့် နိုင်ငံ‌ရေး‌ဆွေး‌နွေး ပွဲများသည် လွတ်လပ်မှု၊ တန်းတူ‌ရေး၊ တရားမျှတမှု မရရှိနိုင်သည့် ဒုတိယ ‌ညောင်နှစ်ပင် ညီလာခံသာဖြစ်လာ မည်ဟု ယူဆ‌ကြောင်း ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

ထို ့အပြင် အစိုးရအ‌နေဖြင့် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲ‌ရေးကို ဦးစွာ တဖက်သက် ရပ်စဲ‌ကြောင်း‌ကြေညာရန်၊ နှစ်ဖက်‌ဆွေး‌နွေး‌နေစဉ် တိုင်းရင်းသား‌ဒေသများ၌ စစ်အင်အားတိုးချဲ့‌နေရာယူခြင်း၊ ထိုးစစ်ဆင်မှုများကို ရပ်စဲ ရန်၊ စစ်မှန်သည့် ငြိမ်းချမ်း‌ရေးကို ထိခိုက်‌စေသည့် အမိန် ့‌ကြေညာချက်၊ ငြိမ်းစုစီနှင့် မတရားသင်း အက်ဥပ‌ဒေ ကိုပယ်ဖျက်ရန်၊ တရားမျှတမှု၊ လွတ်လပ်ခွင့်နှင့် ဒီမိုက‌ရေစီ‌ရေးအတွက် တိုက်ပွဲဝင်ရင်း အဖမ်းခံရ သူများကို လွတ်‌ပေးရန် တို ့ကို ယင်းသ‌ဘောထားဖလှယ်ပွဲတွင် ‌တောင်းဆိုခဲ့သည်။

လက်ရှိ တိုင်းရင်းသား‌တော်လှန်‌ရေးအဖွဲ့‌ခေါင်း‌ဆောင်များနှင့် အစိုးရတို ့ စက်တင်ဘာ ၉ ရက်‌နေ ့တွင် ‌နေပြည်‌တော်၌ NCA အတွက်‌တွေ့ဆုံ‌ဆွေး‌နွေးမည်ဖြစ်ကာ တိုင်းရင်းသားအဖွဲ့အချို့လက်မှတ်ထိုး‌တော့မည်ဟု သတင်းထွက်‌ပေါ်‌နေသည့် အ‌ပေါ်အရပ်ဘက်လူမှုအဖွဲ့အစည်းများက စိုးရိမ်ကာယခုကဲ့သို့ သ‌ဘောထားထုတ် ပြန်‌ပြောဆိုလာခြင်း ဖြစ်‌ကြောင်းသိရသည်။