KIC News
ကေအဲန်ယူရဲတပ်ဖွဲ့ဝင် ၅ဦးအမှု ကျူးလွန်သူများအား သေဒဏ်နှင့် တစ်သက်တစ်ကျွန်းအမိန့်ချမှတ်
ဩဂုတ် ၁၁ရက်၊ ၂၀၁၅ခုနှစ်။ စဖန်းရှောင်း
ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF) ဒုရဲမှူး စောသိန်းဦး အပါအဝင် အဖွဲ့ဝင် ၅ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့်အမှုတွင် ကိုယ် တိုင်ကျူးလွန်သူနှင့် ပါဝင်ပတ်သက်သူ (၃)ဦးကို ဒူးပလာယာခရိုင်၊ တရားရုံးက ဩဂုတ်လ ၈ရက်နေ့၊ နံနက် ၈နာရီ ၂၅မိနစ်အ ချိန်ခန့်တွင်...
KWO ၏ ငြိမ်းချမ်း ရေးနှင့် တည်ဆောက်ရေး စီမံကိန်းတာဝန်ခံ နော်ဆဲဆဲနှင့် တွေ့ဆုံမေးမြန်းခြင်း
ဩဂုတ် ၁၁ရက်၊ ၂၀၁၅ခုနှစ်။ ကေအိုင်စီ
“လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ကျမတို့ အမျိုးသမီးတွေရဲ့အသံတွေ၊ ခံစားချက်တွေကို အမျိုးသားတွေရော၊ အစိုးရရော အသိအမှတ်ပြုဖို့ လိုပါတယ်။ အစိုးရတင်မကဘူး။ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေပါ။
ဒါကိုသိတဲ့သူ တော်တော်လေး နည်းနေသေးတယ်။”
နီပေါနိုင်ငံမြို့တော်၊ ခတ္တမန္ဒူမြို့၌ ဩဂုတ်လ ၁ရက်မှ ၅ရက်နေ့အထိ အိမ်ရှင် နီပေါ၊ အိန္ဒိယနှင့်...
ဩစတြေးလျားကရင်အဖွဲ့ ၆၅နှစ်မြောက် ကရင့်အာဇာနည်နေ့ ကျင်းပပြီးစီးခဲ့
ဩဂုတ် ၁၁ရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး
ဩဂုတ် ၁၂ရက်နေ့တွင် ကျရောက်သော ၆၅နှစ်မြောက် ကရင့်အမျိုးသားအာဇာနည်နေ့ အခမ်းအနားကို ဩစတြေးလျားနိုင်ငံ၊ ဆစ်ဒနီမြို့၌ ဩစတြေးလျားကရင်အဖွဲ့အစည်း(AKO)က ဦးဆောင်ကာ ပြီးခဲ့သည့် ဩဂုတ်လ ၈ရက်နေ့တွင် ကျင်းပပြီးစီးခဲ့ ကြောင်း အဖွဲ့ဥက္ကဋ္ဌ စောလွင်ဦးက ကေအိုင်စီသို့ ပြောသည်။
“၆၅နှစ်မြောက် ကရင့်အာဇာနည်နေ့မှာ ကရင်အမျိုးသားတွေကို...
နီပေါနိုင်ငံတွင် အမျိုးသမီးအခွင့်အရေးဆိုင်ရာများ KWO ဆွေးနွေးဖလှယ်ခဲ့
ဩဂုတ် ၁ဝရက်၊ ၂၀၁၅ခုနှစ်။ စဖန်းရှောင်း
နီပေါနိုင်ငံတွင် Regional feminist leadership institute on peace and security ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် အမျိုးသမီးဆိုင် ရာ နှီးနှောဖလှယ်ပွဲတွင် ကရင်အမျိုးသမီးအစည်းအရုံး-KWO မှ မြန်မာနိုင်ငံ ကိုယ်စားပြုပါဝင်တက်ရောက်ခဲ့ပြီး အမျိုးသမီးအခွင့် အရေးဆိုင်ရာများနှင့်ပတ်သက်၍ တင်ပြဆွေးနွေးခဲ့ကြောင်း...
ရေရှည်တည်တံ့ပြီး အာမခံချက်ရှိတဲ့ ငြိမ်းချမ်းရေး ဘယ်မှာလဲ
(မောင်ကျော်စွာ)
၂၀၁၅ခုနှစ်၊ ဩဂုတ်လ ၁ဝရက်
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ကိစ္စ ဩဂုတ်လ ၆ရက်နဲ့ ၇ရက်နေ့တွေမှာ ဆွေး နွေးခဲ့ကြသော်လည်း “၁၇ဖွဲ့လက်မှတ်ထိုးမလား/ ၁၅ဖွဲ့လက်မှတ်ထိုးမလား” ဆိုတဲ့ကိစ္စမှာ ပြေလည်မှုမရဘဲ တစ်နေပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများဘက်က “၁၇ဖွဲ့ ပါဝင်လက်မှတ်ရေးထိုးရေး”၊ အစိုးရဘက်က “၁၅ဖွဲ့ လက်မှတ်ရေး...
ကရင်အမျိုးသားအာဇာနည်နေ့
(မန်းထိန်ဝင်းစိန်)
၂၀၁၅ခုနှစ်၊ ဩဂုတ်လ (၁၂)ရက်နေ့သည် ကေအဲန်ယူ-ကရင့်အမျိုးသားအစည်းအရုံး ခေါင်းဆောင် စောဘဦးကြီး ကျဆုံးသည့် (၆၅)နှစ်မြောက်နေ့ဖြစ်ပြီး ၎င်းနေ့မှာ ကရင်အမျိုးသား အာဇာနည်နေ့ ဖြစ်သည်။ စောဘဦးကြီးသည် ကရင်ပြည်နယ်၊ ကော့က ရိတ်မြို့နယ်၊ ထို့ကော်ကိုးကျေးရွာ လယ်တဲတစ်ခုတွင် စခန်းချနေစဉ် ထီစွမ်းရွာသားမောင်အဲဆိုသူ၏ သတင်းပေးမှုကြောင့် နဘူး တပ်စခန်းမှ အစိုးရတပ်က...
ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်သည်အထိ တိုက်ပွဲဝင်သွားမည်ဟု SYCB ပြောဆို
ဩဂုတ် ၈ရက်၊၂၀၁၅ ခုနှစ်။ စအိုင်စူး
လက်ရှိ အစိုးရသည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ဟန်ပြလုပ်ဆောင်ပြီး အာဏာတည်မြဲရေး အတွက် ဆက်လုပ်ဆောင်နေခြင်းကြောင့် စစ်မှန်သည့် ဒီမိုကရက်တစ်ဖက် ဒရယ်ပြည်ထောင်စု တည်ဆောက် နိုင်သည် အထိ ဆက်တိုက်ပွဲဝင်ရမည်ဟု မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက် (SYCB)က ရှစ်လေးလုံး ၂၇ နှစ် နှစ်ပတ်လည်နေ...
NCA ကို SD အဖွဲ့ဝင် အားလုံးပါဝင်လက်မှတ်ရေးထိုးရေး နှစ်ဖက်သဘောတူညီမှု ထပ်မံ မရရှိသေး
ဩဂုတ် ၈ရက်၊ ၂၀၁၅ခုနှစ်။ စောထွန်းလင်း
တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့၏ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့(SD) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော် ဆောင်ရေးကော်မတီ(UPWC) တို့ တနိုင်ငံလုံး အပစ်ရပ်စာချုပ်(NCA) အတွက် ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ မြန်မာငြိမ်းချမ်းရေး စင်တာ (MPC)၌ ဩဂုတ် ၆ရက်မှ ၇ရက်နေ့အထိ နှစ်ရက်ကြာ ဆွေးနွေးခဲ့ရာ...
အာရှလမ်းသစ်ဖွင့်ပွဲနှင့် ဒုတိယမြောက်ချစ်ကြည်ရေးတံတား အုတ်မြစ်ချပွဲ နှစ်ဖက်နယ်စပ်တွင် ပူးတွဲကျင်းပမည်
ဩဂုတ် ၇ရက်၊ ၂၀၁၅ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် မြဝတီမှ ကော့ကရိတ်သို့ ဆက်သွယ်ထားသည့် ဒေါနတောင်ပတ်ကားလမ်း(အာရှလမ်းသစ်) တရားဝင် ဖွင့်လှစ် ပွဲကို ဩဂုတ်လ ၃ဝရက်နေ့တွင် ထိုင်းနှင့် မြန်မာအစိုးရတာဝန်ရှိသူများက ပူးတွဲ ဖွင့်လှစ်သွားကြမည်ဖြစ်သည်။
ထိုင်းနိုင်ငံ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနမှ အရာရှိတဦးက “ဒီလ ၃ဝရက်နေ့မှာ အာရှလမ်းသစ် လမ်းပိုင်းဖြစ်တဲ့ မြဝတီ-ကော့ကရိတ်လမ်းကို...
ဖားအံမြို့၌ ရေပြန်တက်လာနိုင်သည့်အတွက် ကယ်ဆယ်ရေးစခန်းများ ဆက်ဖွင့်ထား
ဩဂုတ် ၆ရက်၊ ၂၀၁၅ခုနှစ်။ နန်းဝေဖြိုးဇာ
ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ ရပ်ကွက်အချို့၌ သံလွင်မြစ်ရေ မြင့်တက်လာမှုကြောင့် ဇူလိုင်လကုန်ပိုင်းမှ စတင်ကာ မြို့နေရပ်ကွက် များတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး ယခုရက်ပိုင်းအတွင်း ရေပြန်ကျသွားသော်လည်း ရေပြန်တက်လာနိုင်ဖွယ် ရှိသည့်အ တွက် ကယ်ဆယ်ရေးစခန်းများကို ဆက်လက် ဖွင့်ထားနေရသေးကြောင်း စခန်းတာဝန်ရှိသူများက ကေအိုင်စီသို့ ဩဂုတ်...














