Home အမြင်သဘောထား ပြည်နယ်အစိုးရသစ်နှင့် ‌ဒေသတွင်း စိန်‌ခေါ်မှုများ သူတို့အမြင်

ပြည်နယ်အစိုးရသစ်နှင့် ‌ဒေသတွင်း စိန်‌ခေါ်မှုများ သူတို့အမြင်

1485

ကရင်သတင်းဋ္ဌာန-KIC က ဦး‌ဆောင်ပြီး “ပြည်နယ်အစိုးရသစ်နှင့် ‌ဒေသတွင်း စိန်‌ခေါ်မှုများ” ‌ခေါင်းစဉ်နဲ့ ကရင်ပြည်နယ် ဖားအံမြို့၊ ဧပြီ ၂၃ ရက်‌နေ့မှာ ပြုလုပ်တဲ့ အ‌ချေအတင် စကားဝိုင်း (Debate) အစီအစဉ်က ပါဝင်‌ဆွေး‌နွေးခဲ့တဲ့ ပုဂ္ဂိုလ်‌တွေရဲ့ အမြင်သ‌ဘောထားကို ပြန်လည်‌ကောက်နုတ်တင်ပြ လိုက်ပါတယ်။

‌စောကြည်လင်း – ကရင်ပြည်နယ် လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး‌ဟောင်း

saw kyi lay
အစိုးရသစ်အ‌နေနဲ့ ‌တွေ့ရမယ့် အခက်အခဲ‌တွေက‌တော့ ‌တော်‌တော်များများရှိပါတယ်။ ကျ‌နော်တို့ အစိုးရ လက်ထက်က‌တော့ ပထမဆုံးအကြိမ် ဒီမိုက‌ရေစီဆန်တဲ့ အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ခဲ့ပြီး‌တော့ အခက်အခဲ များစွာ စိန်‌ခေါ်မှုများစွာကို ရင်ဆိုင်ပြီး‌တော့မှ ၅ နှစ်တာသက်တမ်း ‌ကျော်ဖြတ်ခဲ့ရပါတယ်။ အရင် အစိုးရ က‌တော့ USDP ပါတီက အနိုင်ရပါတီအ‌နေနဲ့ တစ်နိုင်ငံလုံးကို ဦး‌ဆောင်ခဲ့တယ်။ အခုက‌တော့ ဒုတိယအကြိမ်အ‌နေနဲ့ NLD ကဦး‌ဆောင်သွားမှာ ဖြစ်ပါတယ်။

စိန်‌ခေါ်မှု‌တွေက ‌ပြောင်းလဲ‌ကောင်း‌ပြောင်းလဲနိုင်‌ပေမယ့် အဓိက စိန်‌ခေါ်မှု‌တွေက‌တော့ ရှိ‌နေတယ်။ အထူးသဖြင့် ကရင်ပြည်နယ်အတွင်း ငြိမ်းချမ်း‌ရေးရယူထားတဲ့ အဖွဲ့အစည်း‌တွေ‌ပေါ့။ KNU လို အဖွဲ့‌တောင်မှ ဗဟိုက ‌ပြောတဲ့စကားကို ‌အောက်‌ခြေခရိုင်၊ မြို့နယ်က‌နေ တိတိကျကျ လိုက်နာမှု‌ပေါ့။ မလိုက်နာဘူး လို့‌တော့ မ‌ပြောပါဘူး။ အဲဒီ‌တော့ အရင်ကျ‌နော်တို့ အစိုးရလက်ထက်မှာ ဗဟိုနဲ့ စကား‌ပြောလို့ အဆင်‌ပြေ တယ်။ ခရိုင်တို့ မြို့နယ်တို့ကျ‌တော့ အခက်အခဲဖြစ်လာတာ‌လေး‌တွေ ‌တွေ့ရတယ်။ အဲဒီမျိုး စိန်‌ခေါ်မှု‌တွေ အခက်အခဲ‌တွေက‌တော့ လာမယ့် NLD အစိုးရလက်ထက်မှာလည်း ဆက်ရှိ‌နေအုန်းမှာပဲလို့ ကျ‌နော်မြင်တယ်။ ဒါက‌တော့ အခုအစိုးရသတိပြုရမယ့် အချက်‌လေး တစ်ချက်ဖြစ်ပါတယ်။

‌နောက်ပြီး‌တော့ ကျ‌နော်တို့ ကရင်ပြည်နယ် လူငယ်ထုအတွင်း မူးယစ်‌ဆေးဝါးနဲ့ ပတ်သက်တဲ့ ပြဿနာမျိုးစုံ ‌တွေ့‌နေရပါတယ်။ မူးယစ်‌ဆေးဝါးပြဿနာက ကမ္ဘာ့ပြဿနာကြီးဖြစ်ပါတယ်။ ယခင်အချိန်‌တွေတုန်းက‌တော့ ကရင်ပြည်နယ်မှာ မူးယစ်‌ဆေးဝါးက မရှိသ‌လောက်ပဲ ဖြစ်ပါတယ်။ ‌နောက်ပိုင်း အစိုးရ အဆက်ဆက် လက်ထက် အနာဂတ်‌ခေါင်း‌ဆောင်‌တွေ ဖြစ်လာမယ့် လူငယ်ထု‌တွေကြားမှာ မူးယစ်‌ဆေးဝါးပြဿနာဟာ ထဲထဲဝင်ဝင်ကို ဖြစ်လာတယ်။

အစိုးရအဆက်ဆက်‌ဖြေရှင်းလာ‌ပေမယ့် အခုထက်ထိ ဆက်ရှိ‌နေတယ်။ အဲဒီ‌တော့ အဲဒီပြဿနာ‌တွေဟာ ဟိုးအရင်အစိုးရ အဆက်ဆက်‌တွေသာမက ကရင်ပြည်နယ်ရဲ့ပထမဆုံး အစိုးရလက်ထက်မှာလည်း ရှိ‌နေတယ်။ အခု အစိုးရမှာ ဖြစ်အုံးမှာပဲ။ ဒီပြဿနာ‌တွေကို အခုအစိုးရအ‌နေနဲ့ ကျ‌နော်တို့ထက်‌ကောင်းတဲ့ အစီအစဉ်‌လေးများရှိရင် သိပ်‌ကောင်းပါတယ်။ ဒီစိန်‌ခေါ်မှုကလည်း ကြီးမားတဲ့ စိန်‌ခေါ်မှုပဲ ဖြစ်ပါတယ်။

‌နောက်ပြီး‌တော့ လိုင်စင်မဲ့ကားကိစ္စ‌တွေ သဘာဝပတ်ဝန်းကျင်ထိခိုက်တဲ့ ကိစ္စ‌တွေ ရှိ‌နေပြီး‌တော့ အဲဒီထဲမှ ‌မြေယာပြဿနာက‌တော့ အဆိုးဆုံးပဲ ဖြစ်ပါတယ်။ ကျ‌နော်သိရသ‌လောက်က‌တော့ ကမ္ဘာ‌ပေါ်မှာ ‌မြေယာ ပြဿနာအရှုပ်ဆုံးက မြန်မာနိုင်ငံပဲ ဖြစ်ပါတယ်။ အစိုးရအဆက်ဆက်က အဲဒီ‌မြေယာပြဿနာကို မ‌ဖြေရှင်း နိုင်ခဲ့ဘူး။ မ‌ဖြေရှင်းနိုင်ခဲ့‌တော့ အခုအစိုးရသစ်လည်း အဲဒီ‌မြေယာကိစ္စပြဿနာ‌တွေ အများကြီး ကြုံ‌တွေ့လာရနိုင်တယ်လို့ ထင်ပါတယ်။

ဒုက္ခသည်အ‌ရေးနဲ့ပတ်သက်လို့က‌တော့ ကျ‌နော်တို့ အရင်ပြည်နယ်အစိုးရအ‌နေနဲ့ လုပ်‌ဆောင်ခဲ့တာ‌လေး ‌တွေ ရှိခဲ့ပါတယ်။ အားလုံး သိပြီးတဲ့အတိုင်း ဖားအံမှာ အပစ်ခတ်ရပ်စဲ‌ရေးလုပ်တယ်။ အဲဒီက‌နေ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှု အဆင့်ဆင့်ဆိုပြီးဖြစ်လာ‌တော့ အဲဒီမှာ ဒုက္ခသည်အ‌ရေးဆိုတာ ပါလာပါတယ်။ အရင်အစိုးရလက်ထက်က‌တော့ ဒုက္ခသည်အ‌ရေး‌တော်‌တေ်ာများများ လုပ်‌ဆောင်ခဲ့တာ ရှိပါတယ်။ ဥပမာ ပြန်လာမယ့်‌နေရာ သတ်မှတ်‌ပေးတာတို့ကို နယ်စပ်‌ရေးရာဝန်ကြီးဌာနအ‌နေနဲ့ အများကြီး လုပ်ခဲ့‌ပေးတာ ရှိပါတယ်။ ဥပမာ တပ်မဟာ ၆ က မဲ့ကသာလို ‌နေရာမျိုး‌တွေ၊ ‌နောက်ပြီး အခု ‌လေး‌ကေ‌ကော်လို စီမံကိန်း ‌တွေ ဒါ‌တွေဟာလည်း ဒုက္ခသည်‌တွေ ပြန်လာဖို့အတွက် လုပ်‌ဆောင်တဲ့ အပိုင်း‌လေးတစ်ပိုင်း‌ပေါ့။ ‌ပြောရမယ်ဆိုရင်‌တော့ အရင်အစိုးရက နယ်စပ်တ‌လျှောက် တတ်နိုင်တာ‌လေး‌တွေ ‌တော်‌တော်လုပ်‌ပေးခဲ့ သွားတာ ‌တွေ့ရပါတယ်။

အဲဒီ‌တော့ ‌ပြောချင်တာက အစိုးရသစ်အ‌နေနဲ့ ကျ‌နော်တို့ အရင်အစိုးရလက်ထက် လုပ်ထားခဲ့တဲ့ လုပ်ငန်းကိုင်ငန်း‌လေး‌တွေ ရှိပါတယ်။ ရာခိုင်နှုန်းအရကြည့်ရင်‌တော့ လုပ်‌ဆောင်ခဲ့မှုက နည်း‌ကောင်း နည်း‌နေလိမ့်မယ်။ အစိုးရသစ်က‌တော့ ဒီထက်ပို‌ကောင်း‌အောင် ဘယ်လိုလုပ်သင့်သလဲ စဉ်းစားဖို့ လိုအပ်တာ‌ပေါ့။

‌နောက်ပြီး ဟတ်ကြီးကိစ္စကို ကျ‌နော်နည်းနည်း‌လေး ရှင်းပြချင်ပါတယ်။ ဟတ်ကြီးကိစ္စဟာ ပြီးခဲ့တဲ့ အရင် အစိုးရလက်ထက်ကတည်းက ‌တော်‌တော်များများ ‌ဝေဖန်သုံးသပ်ကြတဲ့ ကိစ္စဖြစ်ပါတယ်။ ကျ‌နော်သိရ သ‌လောက် ဟတ်ကြီး‌ရေကာတာစီမံကိန်းကို ဟိုးတပ်မ‌တော်အစိုးရလက်ထက်ကတည်းက စီစဉ်ခဲ့ပြီး စီမံကိန်းဖြစ်‌မြောက်နိုင်စွမ်း အစီရင်ခံစာရရှိဖို့ စမ်းသပ်တဲ့ အ‌နေအထားမျိုးဖြစ်ပါတယ်။ အဲဒီအတွက်ကို တရုတ်ကုမ္ပဏီ ၊ထိုင်းနှင့် မြန်မာတို့က ပူး‌ပေါင်းပြီး MOU ပုံစံမျိုးထိုးခဲ့တာ ဖြစ်ပါတယ်။ စမ်းသပ်မှု‌တွေ အများကြီး လုပ်ခဲ့ဖူး‌ပေမယ့် ‌နောက်ဆုံးကျ‌တော့ KNU တပ်မဟာ ၅ နဲ့ ‌ဒေသခံ‌တွေ ကန့်ကွက်မှု‌ကြောင့် အစီရင်ခံစာ‌တောင် မပြီး‌သေးတဲ့အ‌နေထား ဖြစ်ပါတယ်။ အစီရင်ခံ စာမထွက်‌သေးသမျှ‌တော့ MOU က‌နေ MOA ဖြစ်ဖို့က မလွယ်‌သေးတဲ့ အ‌နေအထားပါ။

‌ခေတ်အဆက်ဆက်က မလုပ်နိုင်ခဲ့တဲ့ကိစ္စ‌တွေကို အစိုးရသစ်အ‌နေနဲ့ ‌ပြောင်းလဲချိန်တန်ပြီဆိုရင် ‌ပြောင်းလဲ‌အောင် ဘယ်လိုလုပ်ရမလဲဆိုတာ သူတို့ဆီမှာ အစီအစဉ်ရှိပြီးသားဖြစ်မှာပါ။ အရင်အစိုးရမှာ ဟာကွက်‌လေး‌တွေရှိခဲ့သလို ‌ကောင်းကွက်‌လေး‌တွေလည်း ရှိခဲ့တယ်။ အဆိုးဖြစ်ခဲ့တာ‌တွေ ပယ်ပြီး‌တော့ ‌ကောင်းတာ‌လေး‌တွေကို ပို‌ကောင်း‌အောင် ဆက်လက်လုပ်‌ပေးပါလို့ အကြံပြုချင်ပါတယ်။

‌စော‌မောင်ကြီး – ဥက္ကဌ (၈၈ ကရင်မျိုးဆက် ‌ကျောင်းသားများအစည်းအရုံး)

Saw Mg Gyi
ကျ‌နော်တို့ ‌ဒေသခံလူမှုအဖွဲ့အစည်း‌တွေအ‌နေနဲ့ ‌ပြောရရင်‌တော့ အရင်အစိုးရရဲ့ အမှုအကျင့်‌ဟောင်း‌တွေ ပြုပြင်နိုင်မယ်ဆိုရင်‌တော့ အဆင်‌ပြေသွားလိမ့်မယ်လို့ ကျ‌နော်ထင်ပါတယ်။ အစိုးရသစ် အ‌နေနဲ့ကလည်း အရင်အတိုင်းပဲသွားမယ်ဆိုရင် ပြုပြင်နိုင်ဖို့ စိန်‌ခေါ်မှု‌တွေ အများကြီး ‌တွေ့လာနိုင်ပါတယ်။ အစိုးရသစ် အ‌နေနဲ့ အဲဒါ‌တွေ ပြုပြင်နိုင်ရင် လူမှုအဖွဲ့အစည်း‌တွေအ‌နေနဲ့ကလည်း လွတ်လွတ်လပ်လပ် လုပ်‌ဆောင်လာ နိုင်မယ်လို့ မြင်ပါတယ်။

‌နော်ဘလူးမင်းနိုက်ဇံ – ဘဏ္ဍ‌ရေးတာဝန်ခံ (ကရင်ဒုက္ခသည်‌ကော်မတီ KRC)

Naw Blumin Nite Zar
တကယ်ဆိုရင် ဒုက္ခသည်ဟာ မိမိနိုင်ငံကို စွန့်ပြီး‌တော့မှာ တခြားနိုင်ငံမှာ ဒုက္ခသည်သွားဖြစ်ရတယ်။ ဒီအချိန်မှာ ကျမတို့ နားစွင့်ရမှာက ပြည်သူ‌တွေ တင်‌မြောက်တဲ့ ဒီမိုက‌ရေစီအစိုးရတက်လာပြီး‌ပေါ့။ ဒီအစိုးရ မတက်ခင်ကတည်းက တ‌နေ့ကျရင် စနစ်အ‌ပြောင်းအလဲ ဖြစ်လာမယ်၊ အစိုးအရအ‌ပြောင်းလဲ ဖြစ်လာမယ်။ ကျမတို့အ‌နေနဲ့ ပြန်ရမယ်လို့ နားလည်ထားတယ်။ ပြန်လည်း ပြန်ချင်ပါတယ်။ ဒါ‌ကြောင့် မပြန်ခင် ထိုင်ပြီး ‌စောင့်‌နေတဲ့အခါ အချိန်ကုန်ပြီး‌တော့ မ‌စောင့်ပဲနဲ့ ကျမတို့အ‌နေနဲ့ ကြိုပြီး‌တော့ ပြင်ဆင်မှု‌တွေ လုပ်တယ်။

ဘာပြင်ဆင်မှုလဲဆို‌တော့ စခန်းတွင်းမှာရှိတဲ့ ဒုက္ခသည်‌တွေကို Capacity Building ‌တွေ လုပ်‌ပေးတယ်။ အသက်‌မွေးဝမ်း‌ကျောင်းမှုအတွက် ကျမတို့ ချထား‌ပေးတယ်။ အဲ့ဒီကိစ္စက ကျမတို့ ပြန်လာခဲ့လို့ရှိရင် အစက ပြန်မစရ‌အောင်ပဲ။ အဲ‌တော့ ကျမတို့ ‌ပြောချင်တာက ပြန်လာချင်ရင်‌တောင်မှ ဒီ‌နေ့ အချိန်အခါမှာ ကျမတို့ ပြန်လာနိုင်ပြီးလို့ ဘယ်လိုအာမခံချက်မှ မရှိ‌သေးဘူး။ ဘာဖြစ်လဲဆို‌တော့ ကျမတို့ သတင်း‌တွေ၊ သတင်းစာ ‌တွေမှာပဲကြည့်ကြည့် မိုင်းရှင်းလင်း‌ရေးကို ဘယ်သူမှ မ‌ပြော‌သေးဘူး။ တချိန်တည်းမှာပဲ ဒုက္ခသည်ပြန်မယ့် ‌နေရာ‌တွေမှာ စစ်တပ်‌တွေ ရှိ‌နေ‌သေးတယ်ဆိုတာက ဒုက္ခသည်ပြန်ဖို့ အဟန့်အတား ဖြစ်‌နေ‌သေးတယ်။ အဲ‌တော့ ပြန်လာနိုင်ဖို့ ဒီမှာရှိတဲ့ အစိုးရသစ်အတွက် အဓိက စိန်‌ခေါ်ချက်ကဘာလဲဆို‌တော့ သူဟာ ဒုက္ခသည်‌တွေ ပြန်လာဖို့ ဘာ‌တွေပြင်ဆင်မှုရှိ‌နေပြီလဲ၊ ဘာ‌တွေကြိုတင်မှုရှိ‌နေပြီလဲ။

ကျမတို့ ပြန်လာနိုင်ဖို့က‌တော့ တစ်နိုင်ငံလုံး အတိုင်းအတာ‌ဆောင်တဲ့ အပစ်အခတ် ရပ်စဲမှသာလျှင် အဆင်‌ပြေမယ်။ အခုလက်မှတ်ထိုးတာက ၈ဖွဲ့ပဲဆို‌တော့ တစ်နိုင်ငံလုံးအတိုင်းအတာမ‌ဆောင်ဘူးဆို‌တော့ ဒုက္ခသည်‌တွေ ပြန်ဖို့အဆင်မ‌ပြေဘူး။ သို့‌သော်ငြားလည်း အခုတက်လာတဲ့ အစိုးရအ‌နေနဲ့ အတွင်းကျကျ ‌ဆွေး‌နွေးပြီး‌တော့မှ ကျမတို့နဲ့ ‌တွေ့ဆုံညှိနှိုင်းပြီး‌တော့ ဘယ်လိုအ‌ခြေအ‌နေမျိုးမှာ ပြန်လာနိုင်မလဲဆိုတာကို အစိုးရအ‌နေနဲ့ သ‌ဘောထားရှင်းရှင်းလင်းလင်း ချပြ‌ပေးဖို့ ကျမတို့ ‌မျှော်လင့်တယ်။ အဲ့ဒါမှ ကျမတို့အ‌နေနဲ့ ပြင်ဆင်တဲ့‌နေရာမှာ ပိုပြီး‌တော့ အား‌ကောင်းလာလိမ့်မယ်။ အရင်အစိုးရလက်ထက်ကတည်း လုပ်တဲ့ အပစ်အခတ်ရပ်စဲ‌ရေးမှာ ဒုက္ခသည်အ‌ရေးလည်း မပါလာခဲ့ပါဘူး။ လက်ရှိအစိုးရအ‌နေနဲ့ ရက်ပိုင်း‌လေးပဲ ရှိ‌သေး‌တော့ အချိန်အတိုင်းအတာတစ်ခုအထိ‌တော့ လို‌နေပါ‌သေးတယ်။ ဒီအတိုင်းအတာတစ်ခုအ‌ပေါ်မှာ ကျမတို့ဒုက္ခသည်‌တွေအ‌နေနဲ့ ‌ပြောချင်တာက ၁ နှစ် ၂နှစ် ၃နှစ်ဆိုတာထက် စပြီး‌တော့မှ စဉ်းစားဖို့‌တော့ လိုလာပြီးလို့ပဲ ကျမက ‌ပြောချင်ပါတယ်။

ဘာဖြစ်လို့လဲဆို‌တော့ ဒီအစိုးရအ‌နေနဲ့ ပြန်ပြီး‌တော့မှ သိရမှာက အနှစ် ၅၀၊ ၆ဝ အတွင်းမှာ ကရင်ပြည်နယ် ထဲမှာ အစိပ်စိပ်အမွှာမွှာ ‌ကြေမွပျက်စီးခဲ့တဲ့အ‌ခြေအ‌နေကို သိရပါလိမ့်မယ်။ အဲ့ဒီအခါကျမှ ပြည်သူ‌တွေဟာ အသက်အိုးအိမ်စည်းစိမ်ပျက်ပြီး ကိုယ်ခိုးရာမဲ့ တိုင်းတပါးမှာ ဒုက္ခသည်အ‌နေနဲ့ ‌ပြေးလွှားတိမ်း‌ရှောင်‌နေရ တာကို ပြန်ပြီး ‌လေ့လာဖို့ လိုလိမ့်မယ်။ အဲ့ဒီအခါကျမှ ဒုက္ခသည်ကို ပြန်မြင်ပြီး‌တော့မှ ဒုက္ခသည်အ‌ရေးကို စပြီး‌တော့မှ ‌ဆွေး‌နွေးဖို့ အချိန်ရမယ်လို့ ‌ပြောချင်တယ်။ တစ်ဖက်ကလည်း ကျမတို့ ဒုက္ခသည်‌ကော်မတီ ‌တွေအ‌နေနဲ့လည်း တက်လာတဲ့ အစိုးရနဲ့ အခုကတည်းက ‌ဆွေး‌နွေးမှု‌တွေ အနည်းငယ် လုပ်လာဖို့‌တော့ လိုမယ်။ ‌နောက်ပြီး အစိုးရသစ်အ‌နေနဲ့ ပိုပြီး သိထား‌စေချင်တာက ပြီးခဲ့တဲ့ အပစ်အခတ်ရပ်စဲ‌ရေးမှာ ဒုက္ခသည်အ‌ရေးပါတယ်လို့ ‌ပြော‌နေကြ‌ပေမယ့် သဲသဲကွဲကွဲ မရှိတဲ့အ‌ပေါ်မှာ အစိုးရသစ်အ‌နေနဲ့ ဒါကို ပြန်ပြီး စိစစ်သုံးသပ်ဖို့ လိုအပ်မယ်လို့ ကျမ‌ပြောချင်တယ်။

ဦးမြင့်‌အောင် (၈၈ မျိုးဆက်‌ကျောင်းသားနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)

U Myint Aung
လက်ရှိ ပြည်နယ်အစိုးရ ရင်ဆိုင်ကြုံ‌တွေ့‌နေရတဲ့ ဒီမိုက‌ရေစီယန္တရားမှာ ပါဝင်ထမ်း‌ဆောင်‌နေတဲ့ ဝန်ထမ်း ပိုင်းရဲ့ ပညား‌ပေးမှု‌တွေကို ထိပ်ဆုံးရင်ဆိုင်ကြုံ‌တွေ့‌နေရတာကို ‌တွေ့ရတယ်။ ဘယ်လိုကြုံ‌တွေ့ရသလဲ ဆို‌တော့ ပြီးခဲ့တဲ့ ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ်‌တွေ လစာထုတ်ဖို့ကို‌တောင်မှ ဒီမှာရှိတဲ့ ဒီမိုက‌ရေစီ ယန္တရားက ညွန်ကြား‌ရေးမှူး‌တွေက မသိကျိုးကျွံပြုသလို ပညာ‌ပေးသလိုလိုနဲ့ စတင်ပြီး‌တော့ ရင်ဆိုင်ကြုံ ‌တွေ့‌နေရတာကို ‌တွေ့ရတယ်။ ‌ဒေသတွင်းမှာရှိတဲ့ ပြဿနာ‌ပေါင်းစုံ ဥပမာ-လယ်ယာ‌မြေပြဿနာ‌တွေ ‌နောက်ပြီး‌တော့ ပြီးခဲ့လ‌တွေက ဖြစ်ခဲ့တဲ့ ကရင်လက်နက်ကိုင်‌ကော်မတီအဖွဲ့‌တွေ‌ပေါင်းပြီး‌တော့ ဘိလပ်‌မြေ စက်ရုံတည်ဖို့ မိကရင်‌ဒေသမှာ သွားပြီး ကြိုးစားတဲ့ ကိစ္စမျိုး‌တွေ ‌ဒေသခံဘက်ကသ‌ဘောမတူတဲ့ အပြန်အလှန် ဆန္ဒသ‌ဘောထားကွဲလွဲတဲ့ ဖြစ်စဉ်မျိုး‌တွေ‌ပေါ့။

ဒီကြားထဲမှာ ‌နောက်ထပ်ကြုံ‌တွေ့စရာရှိတာက လိုင်စင်မဲ့ကား‌တွေ‌ပေါ့။ ကျ‌နော်တို့ ‌ဒေသမှာ လမ်းပန်း ဆက်သွယ်‌ရေးခက်ခဲတဲ့ အ‌ခြေအ‌နေမှာ လိုင်စင်မဲ့ကား‌တွေအ‌ပေါ် အ‌ခြေခံပြီး သွား‌နေရတဲ့ ပြည်သူ‌တွေ အများစုရှိတယ်။ အဲ့ဒီအ‌ပေါ်မှာ ဘယ်လိုအဆင်‌ပြေ‌ချော‌မွေ့‌အောင် လုပ်မလဲဆိုတဲ့ ရင်ဆိုင်ကြုံ‌တွေ့‌နေရမယ့် အ‌ကြောင်းအရာ တစ်ခုထဲမှာလည်း လိုင်စင်မဲ့ကားအ‌ခြေအ‌နေပါတယ်။ ‌နောက်တစ်ခုက ဂျိုင်းတံတားနဲ့ သံလွင်တံတားပိတ်သိမ်းချိန်မှာ ‌ဒေသတွင်းမှာမှ ဖြတ်သန်းစီးဆင်းလာတဲ့ တရားမဝင်ကုန်စည်စီးဆင်း‌နေမှု ‌တွေ လိုင်စင်မဲ့ကား ဖြတ်သန်း‌နေမှု‌တွေကို ဘယ်လိုကိုင်တွယ်‌ဖြေရှင်းမလဲဆိုတာ သူတို့အတွက် စိန်‌ခေါ်မှုပဲ။

‌နောက်ပြီး‌တော့ ‌ဒေသတွင်းမှာရှိတဲ့ စီးပွား‌ရေးလုပ်ငန်းရှင်‌တွေ‌ပေါ့ဗျား။ အဲ့ဒီစီးပွား‌ရေးလုပ်ငန်းရှင်‌တွေက ထုံးစံအတိုင်း ဘယ်အစိုးရတက်တက်၊ တက်လာတဲ့ အစိုးရနားမှာ ကပ်ပြီး ဘယ်လိုအခွင့်အ‌ရေး ရယူနိုင် မလဲဆိုတဲ့ စီးပွား‌ရေးလုပ်ငန်းရှင်‌တွေရဲ့ ကြိုးစား‌နေမှု‌တွေကို ကျ‌နော်တို့က ဖားအံသားဖြစ်တဲ့အတွက် ဘယ်သူဘယ်‌ခြေလှမ်း လှမ်း‌နေရင်ဘာလဲဆိုတာ သိတဲ့အတွက် စတဲ့စိန်‌ခေါ်မှု‌တွေကို ကြုံ‌တွေ့ရမှာပါ။ အဓိက ပြဿနာက အ‌ခြေခံဥပ‌ဒေကို မပြင်နိုင်‌သေးသမျှ အဲ့ဒီအ‌ခြေခံဥပ‌ဒေရဲ့ အားနည်းချက်က‌နေ စီးဆင်းလာမဲ့ ပြဿနာ‌ပေါင်း ‌သောင်း‌ခြောက်‌ထောင် အကျင့်ပျက်ခြစားမှု မူးယစ်‌ဆေးဝါးပြဿနာ အကုန်လုံးက ဒီအ‌ခြေခံဥပ‌ဒေရဲ့ အားနည်းချက်က‌နေ မြစ်ဖျားခံလာတာ။ ဆို‌တော့ ဒီအ‌ခြေခံဥပ‌ဒေက‌နေ ပါဝင်‌နေတဲ့ တပ်မ‌တော်သား ၂၅ရာခိုင်နှုန်းနဲ့ အဆင်မ‌ပြေသမျှ ကျ‌နော်တို့ ဒီအ‌ရွှေ့အ‌ပြောင်းကို ဘယ်လိုမှ လုပ်လို့မရဘူး။