Home တွေ့ဆုံမေးမြန်းခန်း KNU ပြည်ထဲ‌ရေးနှင့် သာသနာ‌ရေးဌာန တာဝန်ခံ ပဒို‌စောအားတိုး နှင့် ‌တွေ့ဆုံ‌မေးမြန်းချက်

KNU ပြည်ထဲ‌ရေးနှင့် သာသနာ‌ရေးဌာန တာဝန်ခံ ပဒို‌စောအားတိုး နှင့် ‌တွေ့ဆုံ‌မေးမြန်းချက်

1911

“ဘာသာ‌ရေး‌ကြောင့် ဖြစ်လာတဲ့ ပြဿနာ‌တွေကို ပြည်သူလူထုတစ်ရပ်လုံးက ချစ်ခြင်း‌မေတ္တာထားပြီး‌တော့ အားလုံး ဝိုင်းဝန်း‌ဖြေရှင်း ‌ပေးကြဖို့ တိုက်တွန်းချင်ပါတယ်”

ဧပြီ ၂၈ ရက်၊ ၂၀၁၆ ခုနှစ်။ ‌ကေအိုင်စီ
ယခုလအတွင်း ကရင်ပြည်နယ်မှာရှိတဲ့ ဘာသာခြား သာသနာပိုင်‌မြေ တချို့အတွင်း မြိုင်ကြီးငူ ဆရာ‌တော် ဦးသုဇနရဲ့ အစီအစဉ်နဲ့ ‌စေတီလိုက်တည်တာ‌တွေ ရှိတဲ့အ‌ပေါ် ‌ဝေဖန်သုံးသပ်မှု‌တွေ အမျိုးမျိုး ထွက်‌ပေါ်လာ ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ပြည်ထဲ‌ရေးနှင့် သာသနာ‌ရေးဌာန တာဝန်ခံ ပဒို ‌စောအားတိုးကို ‌ကေအိုင်စီက ‌တွေ့ဆုံ‌မေးမြန်းထားပါတယ်။

‌မေး ။ ။ မြိုင်ကြီးငူ ဆရာ‌တော်ရဲ့ အစီအစဉ်နဲ့ ကရင်ပြည်နယ်မှာ ဘုရား‌တွေကို လိုက်တည်တဲ့ အ‌ပေါ် ဘယ်လိုမြင်ပါသလဲ။
‌ဖြေ ။ ။ သူဘယ်လိုရည်ရွယ်ချက်‌တွေနဲ့ လုပ်‌ဆောင်‌နေတာကို‌တော့ မသိဘူး။ ကျ‌နော်တို့ KNU အ‌နေနဲ့ ဘာသာ‌ရေးကိစ္စ‌တွေမှာ လူတိုင်းလူတိုင်း ဘာသာတိုင်းမှာ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် ‌ပေးထားပြီး အသိအမှတ်လည်း ပြုပါတယ်။ ဘာသာတစ်ခုနဲ့တစ်ခု ပြဿနာ မဖြစ်‌ရေး၊ ပိတ်ပင်တားဆီးမှုမရှိ‌စေ‌ရေး၊ မဖိနှိပ်‌ရေးအပြင် ‌အေးချမ်းစွာ အတူယှဉ်တွဲ‌နေထိုင်‌ရေးဆိုပြီး‌တော့ ကျ‌နော်တို့ KNU အ‌နေနဲ့သ‌ဘော ထားရှိခဲ့ပြီးဖြစ်ပါတယ်။ မြိုင်ကြီးငူဆရာ‌တော်အ‌နေနဲ့ အခုလိုလုပ် ‌ဆောင်‌နေတာနဲ့ ပတ်သက်ပြီး‌တော့လည်း ဘာမှသ‌ဘောထားမှတ်ချက် မ‌ပေးလိုပါဘူး။

‌မေး ။ ။ ပြည်နယ်အစိုးရကလည်း ဒါ‌တွေကို သိလျှက်နဲ့ မတားမြစ်နိုင်တာ ဘာ‌ကြောင့်လို့ ထင်ပါသလဲ။
‌ဖြေ ။ ။ ပြည်နယ်အစိုးရအ‌ပေါ် ကျ‌နော်တို့အ‌နေနဲ့ ဘာမှသုံးသပ်‌ပြောဆိုလိုခြင်း မရှိပါဘူး။ ‌ပြောဆိုဖို့ လည်း ‌စောလွန်း‌နေပါ‌သေးတယ်လို့ ထင်ပါတယ်။ KNU အ‌နေနဲ့က‌တော့ လက်ရှိဖြစ်‌ပေါ်‌နေတဲ့ ကိစ္စရပ်‌တွေ အ‌ပေါ်မှာ ဝိုင်းဝန်း‌ဖြေရှင်း‌ပေးကြဖို့ သက်ဆိုင်ရာအစိုးရ‌တွေ ပြည်နယ်အစိုးရ‌တွေဆီကို‌တော့ စာ‌ပေးပို့ ထားပြီး ဖြစ်ပါတယ်။ ‌နောက်ပြီး ဒီလိုဘာသာ‌ရေး ကိစ္စ‌တွေကို KNU တစ်ခုတည်း ‌ဖြေရှင်းလို့ မရတဲ့အတွက် နိုင်ငံ‌တော်အစိုးရ၊ လူမှုအဖွဲ့အစည်း၊ ဘာသာ‌ရေး‌ခေါင်း‌ဆောင်‌တွေ၊ လူထု‌တွေအား လုံးဝိုင်းဝန်း ‌ဖြေရှင်းကြရမယ့် ကိစ္စဖြစ်ပါတယ်။

‌မေး ။ ။ ဘာသာ‌ပေါင်းစုံက အဖွဲ့အစည်း‌ခေါင်း‌ဆောင်များနဲ့အတူ ဒီကိစ္စကို ဘယ်လိုကိုင်တွယ် ‌ဖြေရှင်း သွားမလဲခင်ဗျား။
‌ဖြေ ။ ။ ဘာသာ‌ရေးနဲ့ပတ်သက်ပြီး တစ်ဖက်နဲ့တစ်ဖက် ဘာသာတစ်ခုနဲ့တစ်ခုအကြား ပြဿနာမဖြစ်ပွား ရ‌အောင် ဖြစ်ပွားလာရင်လည်း ‌ဖြေရှင်းနိုင်ဖို့အတွက် ပြီးခဲ့တဲ့ (မတ်)လ ၂၄-၂၅ ရက်‌နေ့ ဖားအံမှာ ဘာသာ ‌ပေါင်းစုံ နှီး‌နှောဖလှယ်ပွဲ ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီမှာလည်း ဘာသာဝင်အချင်းချင်း ချစ်ကြည်ရင်းနှီးကြ ဖို့နဲ့ ဝိုင်းဝန်းကူညီကြဖို့ ဘာသာ‌ရေးကိစ္စ‌ကြောင့် ဖြစ်‌ပေါ်လာတဲ့ ပြဿနာအရပ်ရပ်‌တွေကို အားလုံးက ‌မေတ္တာနဲ့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ‌ဖြေရှင်းသွားကြမယ်လို့ ဆုံးဖြတ်ချက်သ‌ဘောထားရှိပြီးဖြစ်တဲ့အခါကျ‌တော့ အဲဒီအတိုင်းပဲ လုပ်‌ဆောင်သွားမှာ ဖြစ်ပါတယ်။

‌မေး။ ။ ဒီကိစ္စဟာ နိုင်ငံ‌ရေးနဲ့ ဆက်စပ်တယ်လို့ သုံးသပ်ကြတာ ရှိတယ်။ အဲဒီအ‌ပေါ် ဘယ်လိုမြင် ပါသလလဲ။
‌ဖြေ။ ။ အခုဖြစ်‌ပေါ်‌နေတဲ့ ပြဿနာအ‌ပေါ် အမျိုးမျိုးသုံးသပ် ‌ဝေဖန်‌နေကြတာ‌တွေ ရှိပါတယ်။ အများက ‌ပြောဆို‌နေတဲ့ ဒီကိစ္စ‌နောက်ကွယ်မှာ ကြိုးကိုင်တဲ့သူ ရှိတယ်။ ဒီလို‌တွေဖြစ်လာ‌အောင် တိုက်တွန်းနှိုး‌ဆော် ‌နေတာ ရှိတယ်လို့ ‌ပြော‌နေကြတယ်။ ကျ‌နော်တို့အ‌နေနဲ့က‌တော့ အဲဒီလို‌တွေ မသုံးသပ်ချင်‌သေးဘူး။ သုံး သပ်ဖို့လည်း အခုအချိန်မှာ မလို‌သေးဘူးလို့ ထင်ပါတယ်။

‌မေး ။ ။ ဒီလို ဘုရားတည်တာနဲ့ ပတ်သက်ပြီး ဆက်လက်လုပ်သွားမယ်ဆိုရင် ဘာအကျိုး သက်‌ရောက် မှု‌တွေ ဖြစ်လာနိုင်မလဲ။
‌ဖြေ ။ ။ ဆရာ‌တော်အ‌နေနဲ့ ‌ရှေ့ဆက်ဘယ်လိုလုပ်သွားမလဲ ဆိုတာ‌တော့ မသိပါဘူး။ ဘာပဲဖြစ်ဖြစ် အဲဒီလို‌တော့ မလုပ်သင့်ဘူး‌ပေါ့။ ခရစ်ယာန်ဘာသာ (ဘုရား‌ကျောင်း)ဝင်းဖြစ်‌စေ၊ မွတ်စလင်ဘာသာ (ဗလီ)ဝင်းထဲဖြစ်‌စေ၊ တခြား ဘာသာဝင်းထဲဖြစ်‌စေ ‌စေတီလိုက်တည်တာနဲ့ ပတ်သက်ပြီး အခုအထိ‌တော့ ဘာမှပြဿနာ ကြီးကြီးမားမား ဖြစ်လာတာ မ‌တွေ့ရ‌သေးဘူး။ အဲဒီမှာ ဘာ‌တွေ့ရလဲဆို‌တော့ လူ‌တွေဟာ ငြိမ်းချမ်းမှုကို လိုချင်ကြလို့ပဲ ဖြစ်တယ်။

‌မေး ။ ။ နိဂုံးချုပ်အ‌နေနဲ့ ဘာများ ဖြည့်စွက်‌ပြောချင်ပါသလဲ။
‌ဖြေ ။ ။ ဘာသာတိုင်းက‌တော့ မ‌ကောင်းမှုကို ပိတ်ပင်တားဆီးပြီး‌တော့ ‌ကောင်းတာကို လုပ်၊ မ‌ကောင်း တာကို မလုပ်နဲ့ဆိုပြီး ဆုံးမထားတာချည်းပဲ ဖြစ်ပါတယ်။ ဒါ‌ကြောင့် ဘာသာ‌ရေး‌ကြောင့် ဖြစ်လာတဲ့ ပြဿနာ‌တွေကို ပြည်သူလူထုတစ်ရပ်လုံးက ချစ်ခြင်း‌မေတ္တာထားပြီး‌တော့ အားလုံး ဝိုင်းဝန်း‌ဖြေရှင်း ‌ပေးကြဖို့ တိုက်တွန်းချင်ပါတယ်။