KIC News
KNU ဘိတ်-ထားဝယ်ခရိုင် (၁၇)ကြိမ်မြောက် ကွန်ဂရက်တွင် ကော်မတီ အသစ်ပြန်လည်ရွေးကောက်တင်မြှောက်ပြီးစီး
နိုဝင်ဘာ ၂၃ ရက်၊ ၂၀၁၅ ခုနှစ်။ စဖန်းရှောင်း
ကရင်အမျိုးသားအစည်းအရုံး-KNU ဘိတ်-ထားဝယ်ခရိုင် (၁၇) ကြိမ်မြောက် ကွန်ဂရက်ကို နိုဝင်ဘာ ၁၆ မှ ၂၁ ရက်နေ့အထိ ခရိုင်ဌာနချုပ် ထီးမိုပွာ အထူးဒေသရှိ လယ်မူခီးနေရာတွင် ကျင်းပခဲ့ပြီး ခရိုင်ကော်မတီဝင် ၂၁ ဦးကို အသစ်ရွေးကောက်တင်မြှောက်ပြီးစီးပြီဖြစ်သည်ဟု...
ကရင်နိုင်ငံရေးပါတီများ ပြန်ပေါင်းရန် မူအရ သဘောတူညီမှုရရှိ
နိုဝင်ဘာ ၂၃ ရက်၊ ၂၀၁၅ ခုနှစ်။ စောညွှန် ့သောင်း
ကရင်နိုင်ငံရေးပါတီများ ပြန်ပေါင်းပြီး တစ်ခုတည်းသော ကရင်ပါတီအဖြစ် ရပ်တည်ရန် မူအရ သဘောတူညီမှု ရရှိထားသည်ဟု နိုဝင်ဘာ ၂၂ ရက်၊ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ ဘူတာရုံလမ်းရှိ ဒေါက်တာ စိုင်မွန်သာနေအိမ်၌ ကရင်အမျိုးသားစည်းလုံးရေးနှင့်...
ဋ္ဌာနေမဲ့ ကရင်ကျောင်းသားများ စုံညီပွဲတော် ကျင်းပ
နိုဝင်ဘာ ၂၃ရက်။ ၂၀၁၅ခုနှစ်။ စောသိန်းမြင့်
ပြည်တွင်းဋ္ဌာနေမဲ့ (IDP) ကရင်စာသင်ကျောင်းများပေါင်း၍ နိုဝင်ဘာ ၁၈ရက်နေ့မှ ၂၁ရက်နေ့အထိ ကျောင်းသား စုံညီပွဲတော်တစ်ရပ်ကို ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်၊ ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) ထိန်းချုပ်နယ်မြေရှိ ဝါ့မီကလားကျေးရွာ၌ ပြုလုပ်ကျင်းပခဲ့သည်။
ပြည်တွင်းဋ္ဌာနေမဲ့ကျောင်းသားများအနေဖြင့် ပညာရေးကို တန်ဘိုးထားတတ်ရန်၊ မိမိကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိရန်၊ ရိုးရာယဉ်ကျေးမှုကို...
အနာဂတ်အတွက် မျိုးဆက်သစ် ကရင်လူငယ်သင်တန်းကျောင်း
ဆောင်းပါး-စဖန်းရှောင်း
နိုဝင်ဘာ ၂၃ ရက်၊ ၂၀၁၅ ခုနှစ်။ ကေအိုင်စီ
"ခေါင်းဆောင်ဆိုတာ အသိအမှတ်ပြုလောက်တဲ့ သမိုင်းဖြတ်သန်းမှုရှိရမယ်"။
ဒီစာသားလေးကတော့ ကျဆုံးသွားပြီဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ပဒိုမန်းရှာလားဖန်းရဲ့ အုတ်ဂူမှာရေးထိုးထားခဲ့တဲ့ သူ့ရဲ့စကားလေး ဖြစ်ပါတယ်။
နိုင်ငံ၊ လူမျိုး၊ အဖွဲ့အစည်းများရဲ့ တိုးတက်မှုဖြစ်စဉ်တွေမှာ မှန်ကန်ကောင်းမွန်တဲ့ ခေါင်းဆောင်မှုဖြစ်ဖို့အတွက် အရည်အချင်း ပြည့်ဝတဲ့ ခေါင်းဆောင်ကောင်းတွေ...
အမှတ် (၂)တံတား ဆောက်လုပ်ရေးကို မြန်မာဘက်ခြမ်း စတင်နိုင်ရန် နှစ်နိုင်ငံတာဝန်ရှိသူများ ညှိနှိုင်း
နိုဝင်ဘာ ၂၃ ရက်၊ ၂၀၁၅ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာ အမှတ် (၂)နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားကို မြန်မာဘက်ခြမ်းတွင် ဆောက်လုပ်ရေးလုပ်ငန်းများ စတင်အကောင်အထည်ဖော်ဆောင်နိုင်ရန် နိုဝင်ဘာ ၂ဝရက်နေ့က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ ဝမ်းစကင်းကျေးရွာရှိ လမ်းတံတားတည်ဆောက်ရေး စီမံကိန်းခန်းမ၌ ထိုင်း-မြန်မာ တံတားစီမံကိန်း ပူးပေါင်းလုပ်ဆောင်ရေး ကော်မတီ တာဝန်ရှိသူများက ပထမဦးဆုံးအကြိမ်...
ရွှေပြည်တော်ရယ် ဘယ်မဝေး
(လကင်္ာဒီပ)
၂၂ နိုဝင်ဘာ၊ ၂၀၁၅
နေ့တွေ လတွေ နှစ်တွေ
ကြွေလွင့်ကူးပြောင်းသွားတာ တွေ့ဖူးမယ်
နေရယ် လရယ် ကြိမ်ကြိမ်လီလီ
ဖီလာခေါက်တုံ့ ရွေ့လျား
မျက်ဝါးထင်ထင် ကြုံဖူးမယ်
တကယ်တော့ အချိန် အပိုင်းအခြား
စပ်ကြားကာလတိုင်းမှာ
မင်းဟာ ယုံကြည်မျှော်လင့်ခြင်း
ဇွဲမာန်တင်း လုပ်လက်စအလုပ်တွေ
မတွေဝေဘဲ ခရီးဆက်နိုင်ရင်သာ
မင်းဟာ တော်လှန်ရေးသမားကောင်းတစ်ယောက်ပေါ့။
စာနာနားလည်တတ်ပြီး
သည်းခံမြိုသိပ်ခြင်းတွေနဲ့
အဖက်ဖက်က ပေးဆပ်
လက်တွေ့ကျကျ အလုပ်လုပ်ပြခြင်းနဲ့
လူထုရဲ့ ချွေးမျက်ရည်တွေသုတ်ပေးရင်း
ထင်သေးခြင်းကင်းစွာ လက်တွဲခေါ်နိုင်ရင်သာ
မင်းဟာ မှန်ကန်တဲ့စည်းရုံးရေး
အတွေးအခေါ်သမားကောင်းတစ်ယောက်ပေါ့။
ရန်သူမြူဆွယ်တဲ့မာယာ
သွေးဆောင်ကာ ဖြားယောင်းခြင်းမှာ
ပါးနပ်စွာ ရှောင်ကွင်းတတ်သူ
ရယူချင်တဲ့ အောင်နိုင်မှုစုစု
အားစိုက်မှုပြု...
အစိုးရ၏ ခရိုင်အဆင့်နှင့် နယ်စပ်ရှိ ကျန်းမာရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှု တိကျသည့် သဘောတူညီချက်မရသေး
နိုဝင်ဘာ ၂၁ရက်၊ ၂၀၁၅ခုနှစ်။ စဖန်းရှောင်း
ကျန်းမာရေး ပူးပေါင်းလုပ်ဆောင်မှုဆိုင်ရာ ရှေ့လုပ်ငန်များနှင့်ပတ်သက်ပြီး ကရင်ပြည်နယ်ရှိ ခရိုင်အဆင့် ကျန်းမာရေးဋ္ဌာန တာဝန်ရှိသူများနှင့် နယ်စပ်အခြေစိုက် ကျန်းမာရေးအဖွဲ့ (၄)ဖွဲ့တို့ နိုဝင်ဘာလ ၂ဝရက်နေ့က ပြုလုပ်သည့် တွေ့ဆုံမှုတွင် တိကျသည့် သဘောတူညီချက် တစုံတရာ ချမှတ်နိုင်ခဲ့ခြင်းမရှိကြောင်း နယ်စပ်အခြေစိုက် ကျန်းမာရေးအဖွဲ့အစည်းများက ဆိုသည်။
ထိုင်းနိုင်ငံ၊...
ကရင်အမျိုးသားစီမံကိန်း အထောက်အကူပြု လူငယ်လုပ်ငန်းအဖွဲ့ KYN ဖွဲ့စည်းသွားမည်
နိုဝင်ဘာ ၂ဝရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး
ကရင်လူငယ်ကွန်ယက်-KYN မှ ကရင်အမျိုးသားစီမံကိန်း အထောက်အကူပြုလူငယ်လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းသွားရန် ကရင်ပြည် နယ်၊ လှိုင်းဘွဲမြို့နယ်၊ မဲဆမိတ်ကျေးရွာတွင် နိုဝင်ဘာ ၁၅ရက်မှ ၁၈ရက်နေ့အထိ ပြုလုပ်သွားခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကရင်လူငယ်တွေ့ဆုံပွဲ၌ တက်ရောက်လာခဲ့သည့် ကရင်လူငယ်များက သဘောတူဆုံးဖြတ်ခဲ့ကြသည်။
၎င်းတွေ့ဆုံပွဲ၌ ကရင်အမျိုးသားစီမံကိန်း၊ ကရင့်အနာဂတ်နှင့် ကရင်လူငယ်များ၏အခန်းကဏ္ဍ...
ကျင့်ဝတ်သိက္ခာမညီ၍ တိုင်စာပို့ခံရသူ ကျောင်းအုပ်ကြီးကိစ္စ တစ်ဆင့်ချင်း စစ်ဆေးသွားမည်ဟု ပြည်နယ်ပညာရေးမှူး ပြောဆို
နိုဝင်ဘာ ၂ဝ ရက်၊ ၂၀၁၅ခုနှစ်။ ကေအိုင်စီ
ကျောင်းဆရာများ၏ ကျင့်ဝတ်သိက္ခာနှင့် မကိုက်ညီသောလုပ်ရပ်များကို ကျောင်းတွင်း ကျင့်သုံးပြုမူနေသည်ဟု တိုင်စာပို့ထားခံ ရသည့် လှှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံ မြို့၊ ပေါင်ကျေးရွာ အထက်တန်းကျောင်းခွဲ၏ ကျောင်းအုပ်ကြီးကို တစ်ဆင့်ခြင်း စစ်ဆေးလုပ် ဆောင်သွားရန်ရှိသည်ဟု ကရင်ပြည်နယ် ပညာရေးဦးစီးဋ္ဌာနမှူး ဦးအောင်မောင်းက ကေအိုင်စီသို့...
တန်းတူအခွင့်အရေးနှင့် စစ်မှန်သော ဒီမိုကရေစီကို ဦးစားပေးလုပ်ရန် NLD ကို နိုင်ငံတကာကရင်အဖွဲ့ တိုက်တွန်း
နိုဝင်ဘာ ၁၉ရက်။ ၂၀၁၅ခုနှစ်။ စောသိန်းမြင့်
မကြာခင် မြန်မာနိုင်ငံ၏ အစိုးရသစ်ဖြစ်လာမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အနေဖြင့် တိုင်းရင်းသားလူမျိုးများ၏ တန်း တူရည်တူအခွင့်အရေးနှင့် စစ်မှန်သော ဒီမိုကရေစီရရှိရေးတို့ကို ဦးစားပေး လုပ်ဆောင်ပေးရန် အပြည်ပြည်ဆိုင်ရာ ကရင်အဖွဲ့အ စည်း(IKO)က နိုဝင်ဘာ ၁၉ ရက်နေ့တွင် တိုက်တွန်းပြောဆိုလိုက်သည်။
IKO ၏ ပြောခွင့်ရသူ မန်းအော်လန်းဒိုက...












