Home သတင်း အမျိုးသမီးများအခွင့်အ‌ရေး ချိုး‌ဖောက်ခံရမှုကာကွယ်‌ပေးရန် လိုအပ်ဆဲဟု KHRG ‌ပြောဆို

အမျိုးသမီးများအခွင့်အ‌ရေး ချိုး‌ဖောက်ခံရမှုကာကွယ်‌ပေးရန် လိုအပ်ဆဲဟု KHRG ‌ပြောဆို

2023

ဩဂုတ် ၃ ရက်၊ ၂၁၀၆ ခုနှစ်။ ‌စောထွန်းလင်း

မြန်မာပြည် အ‌ရှေ့‌တောင်ပိုင်းရှိ အမျိုးသမီးများအ‌နေဖြင့် အကြမ်းဖက်ခြင်းနှင့် အခွင့်အ‌ရေးချိုး‌ဖောက်ခံရမှုများ ရှိ‌နေပြီး ယင်းတို့ကို အကာအကွယ်‌ပေးရန်လိုအပ်‌နေဆဲဖြစ်‌ကြောင်း ကရင်လူ့အခွင့်အ‌ရေးအဖွဲ့(KHRG)က ရန်ကုန်မြို့၊ အလုံလမ်းရှိ Summit Parkview ဟိုတယ်၌ ဩဂုတ် ၃ရက်‌နေ့၊ နံနက်ပိုင်းက ပြုလုပ်သည့် ‘မျက်ကွယ်ပြုခံရ‌သော အခွင့်အ‌ရေးနှင့် ရုန်းကန်မှုများ’ အစီရင်ခံစာ ထုတ်ပြန်ပွဲတွင် ‌ပြောဆိုလိုက်သည်။

အဆိုပါ အစီရင်ခံစာကို ၂၀၁၂ခုနှစ်၊ ဇန်နဝါရီမှ ၂၀၁၆ ခုနှစ်မတ်လအတွင်း KHRG က မြန်မာပြည်အ‌ရှေ့ ‌တောင်ပိုင်း‌ဒေသအတွင်းရှိ အမျိုးသမီးများကို ‌တွေ့ဆုံ‌မေးမြန်းမှု ၉၈ ကြိမ်ပြုလုပ်ကာ အချက်အလက်‌ပေါင်း ၁,၀၄၈ ခု‌ကောက်ယူပြုစု‌ရေးသားထားခြင်းဖြစ်သည်ဟု KHRG က ‌ပြောသည်။

KHRG ဒါရိုက်တာ တစ်ဦးဖြစ်သူ ‌နော်ထူးထူးက “အနှစ်ချုပ်ကို ‌ပြောရမယ်ဆိုရင် အမျိုးသမီး‌တွေ အခွင့်အ‌ရေး ချိုး‌ဖောက်ခံရတာ‌တွေကို တရား‌ရေးအရ ထိထိ‌ရောက်‌ရောက် အ‌ရေးယူ‌ပေးမဲ့သူ‌တွေ မရှိဘူး‌ပေါ့‌နော်။ ‌နောက်ပြီး ကျား/မ‌ရေးရာ ခွဲခြားဆက်ဆံမှု‌တွေ အကြမ်းဖတ်မှု‌တွေကိုလည်း မီး‌မောင်းထိုးပြထားတယ်။ ဒီလိုမျိုး ဖြစ်လာလို့ရှိရင် ထိထိ‌ရောက်‌ရောက် အ‌ရေးယူ‌ပေးဖို့ အ‌ရေးယူတဲ့အခါမှာလည်း ပွင့်လင်းမြင်သာမှုရှိဖို့ အကြံပြု ထားတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

စာမျက်နှာ ၁၀ဝ ‌ကျော်ပါရှိပြီး မြန်မာနှင့် အဂင်္လိပ် နှစ်ဘာသာဖြင့် ထုတ်‌ဝေသည့် ထိုအစီရင်ခံစာတွင် ကျမ်းမာ ‌ရေးနှင့် ပညာ‌ရေး၊ အပစ်ရပ်စဲပြီး စစ်ဘက်ဆိုင်ရာ တိုးချဲ့လုပ်‌ဆောင်မှုများနှင့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲ၊ ကျား/မ အ‌ခြေပြုအကြမ်းဖက်မှု၊ အသက်‌မွေးဝမ်း‌ကျောင်းလုပ်ငန်းများနှင့် ‌မြေယာသိမ်းဆည်မှုပြဿနာ၊ ‌မြေမြှုပ်မိုင်းများ၊ အဓမ္မလုပ်အား‌ပေးခိုင်း‌စေခြင်း၊ အကြမ်းဖက်ညှဉ်းပမ်းနှိပ်စက်ခြင်း၊ အခွန်‌ကောက်ခံခြင်း၊ ခြိမ်း‌ခြောက်‌ငွေညှစ် ခြင်းတို့နှင့်ပတ်သက်၍ အမျိုးသမီးများရင်ဆိုင်ရုန်းကန်‌နေမှု စသည့်အ‌ခြေအ‌နေများကို မီး‌မောင်းထိုး‌ဖော်ပြထားသည်။

အစီရင်ခံစာတွင် မြန်မာအစိုးရနှင့် ကရင်အမျိုးသားအည်းအရုံး(‌ကေအဲန်ယူ)၊ တပ်မ‌တော်၊ နယ်ခြား‌စောင့်တပ် နှင့် မြန်မာပြည်အ‌ရှေ့‌တောင်ပိုင်းတွင် လှုပ်ရှား‌နေသည့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် လူမှုအဖွဲ့အစည်း များ၊ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်ကို ‌ထောက်ခံအား‌ပေး‌သော နိုင်ငံတကာ အသိုင်းအဝိုင်းများထံသို့ အမျိုးသမီးများ အကြမ်းဖက်ခံရမှုများကို ကာကွယ်‌ပေးရန် အကြံပြုချက်များလည်း ‌ဖော်ပြပါရှိသည်။
IMG_5547
ကျား/မ‌ရေးရာ တန်းတူညီ‌ရေးကွန်ရက်မှ ဒါရိုက်တာ မ‌မေစပယ်ဖြူက ယခု အစီရင်ခံစာတွင် ‌ထောက်ပြထား သည့် အမျိုးသမီးများ အခွင့်အ‌ရေးချိုး‌ဖောက်ခံရမှုများသည် အဖြစ်အပျက် ခြင်းသာ ကွာခြားသွားမည်ဖြစ်ပြီး ‌ကျေးလက်‌ဒေသအများစုတွင် ကြုံ‌တွေ့‌နေရသည်ကို‌တွေ့ရ‌ကြောင်း၊ ယင်းပြဿနာကို နိုင်ငံဖွံ့ဖြိုး‌ရေးနှင့် ငြိမ်းချမ်း‌ရေးတည်‌ဆောက်ရာတွင် ဟန်ချက်ညီညီလုပ်‌ဆောင်သွားမှသာ ‌ရေရှည်တည်တံ့ခို်င်မြဲသည့် အမျိုးသားရင်းကြား‌စေ့‌ရေးကို ရရှိရန် လမ်း‌ကြောင်း‌ပေါ်သို့ ဦးတည်နိုင်မည်ဟု မှတ်ချက်ပြု‌ပြောဆိုသည်။

အခမ်းအနား တက်‌ရောက်သူ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အ‌ရေး‌ကော်မရှင် ဥက္ကဌ ဦးဝင်းမရကလည်း “ကျ‌နော့်အ‌နေနဲ့ ဒီရီပိုစ့်ထဲမှာ တင်ပြထားချက်‌တွေကို အများကြီး ‌ကျေနပ်ဝမ်းသာပါတယ်။ ဘာ‌ကြောင့်လဲဆို ‌တော့ လူ့အခွင့်အ‌ရေးချိုး‌ဖောက်ခံရတဲ့ ကိစ္စ‌တွေကို တင်ပြတဲ့အခါမှာ စိတ်ဆန္ဒများသွားပြီး‌တော့ ‌ဝေဖန်ထိုးနှက် တာ‌တွေများရင် အစိုးရပိုင်းက လက်မခံဖြစ်တက်ပါတယ်။ အခုအစီရင်ခံစာမှာ လိုရင်းကို မျှမျှတတနဲ့ တင်ပြသွား တာဖြစ်တဲ့အတွက် ကျ‌နော်အများကြီး အားရဝမ်းသာဖြစ်မိတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

KHRG ကို ၁၉၉၂ ခုနှစ်တွင် စတင်တည်‌ထောင်ခဲ့ပြီး ပဋိပက္ခနယ်‌မြေများတွင် လူ့အခွင့်အ‌ရေးချိုး‌ဖောက်ခံရမှု များကို ‌လေ့လာအစီရင်ခံစာပြုစုကာ ပြည်တွင်းပြည်ပသိရှိပြီး မြန်မာနိုင်ငံတွင် လူ့အခွင့်အ‌ရေးအ‌ခြေအ‌နေများ ပိုမို‌ကောင်းမွန်‌အောင် ကြိုးပမ်းလုပ်‌ဆောင်လျက်ရှိ‌ကြောင်း သိရသည်။

ယခု ထုတ်ပြန်သည့် အစီရင်ခံစာနှင့်ပတ်သက်၍ KHRG အ‌နေဖြင့် ဩဂုတ် ၄ ရက်‌နေ့တွင် မြန်မာနိုင်ငံ လူ့အခွင့်အ‌ရေး‌ကော်မရှင်နှင့် ရန်ကုန်မြို့တွင် ‌တွေ့ဆုံသွားရန်ရှိ‌ကြောင်း နှစ်ဖက်တာဝန်ရှိသူများထံမှ သိရသည်။