Home သတင်း ပညာ‌ရေး စုစည်းရာအဖွဲ့မှ ကရင်ပြည်နယ်အတွင်း ‌ကျေးရွာလူထုအမြင်ဖွင့်သင်တန်းများ လိုက်လံပို့ချ‌ပေး‌နေ

ပညာ‌ရေး စုစည်းရာအဖွဲ့မှ ကရင်ပြည်နယ်အတွင်း ‌ကျေးရွာလူထုအမြင်ဖွင့်သင်တန်းများ လိုက်လံပို့ချ‌ပေး‌နေ

2298

ဩဂုတ် ၄ရက်၊ ၂၀၁၆ခုနှစ်။ ‌စောမြတ်ဦးသာ

လူ့အဖွဲ့အစည်းအတွင်း အပြုသ‌ဘော‌ဆောင်သည့် ‌ပြောင်းလဲတိုးတက်မှုများကို ‌ဖော်‌ဆောင်နိုင်မည့်လူငယ်များ ‌ပေါ်ထွန်းလာ‌စေရန် ရည်ရွယ်၍ ဖားအံမြို့အ‌ခြေစိုက် ပညာ‌ရေးစုစည်းရာအဖွဲ့(EGG)က ယခုနှစ် ဇွန်လမှ စတင်ကာ ကရင်ပြည်နယ်ရှိ မြို့နယ်အချို့တွင် ‌ကျေးရွာလူထုအမြင်ဖွင့်သင်တန်းများကို လိုက်လံပို့ချ‌ပေးလျှက်ရှိသည်ဟု သိရသည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေး၊ ကျား/မ တန်းတူ အခွင့်အ‌ရေး၊ လူမှုဆက်ဆံ‌ရေး၊ ‌ခေါင်း‌ဆောင်မှု စွမ်းရည် နှင့် တက်ကြွလှုပ်ရှား နိုင်ငံသား စသည့် ‌ခေါင်းစဉ်(၅)ရပ်ဖြင့် ယခုနှစ် ဇွန်လဆန်းပိုင်းက ဖားအံမြို့နယ်၊ ကမား‌ကျေးရွာ၌ သင်တန်းကို စတင်‌ပေးခဲ့ပြီး‌နောက် ဇူလိုင် ၂၉ရက်‌နေ့မှ ဩဂုတ် ၂ရက်‌နေ့အထိ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျုံခဝန်‌ကျေးရွာတွင် ဒုတိယအကြိမ် သင်တန်းကို ပို့ချ‌ပေးခဲ့သည်။

EGG အဖွဲ့မှ သင်တန်းဆရာ ‌စောအဲ‌ဖောင်က “လူငယ်‌တွေမှာ သူတို့လုပ်‌ဆောင်နိုင်တဲ့ အရည်အ‌သွေး‌တွေ အများကြီးရှိတယ်။ သို့‌သော် သူတို့ကိုယ်တိုင်က မ‌ပြောရဲမဆိုရဲကြဘူး။ လူမှုဆက်ဆံ‌ပြောဆိုတဲ့‌နေရာမှာ ပိုပြီး သိရှိလာ‌အောင်ရယ်၊ သဘာဝပတ်ဝန်းကျင်‌တွေကို ထိန်းသိမ်းတတ်လာ‌အောင်၊ စွန့်ပစ်ပစ္စည်း‌တွေကိုလည်း ပြည်လည်အသုံးပြုတတ်လာ‌အောင် သင်ကြား‌ပေးတယ်”ဟု ဩဂုတ် ၂ရက်‌နေ့က ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုသင်တန်းတွင် လူကြီး၊ လူငယ် စုစု‌ပေါင်း ၃ဝ ဦး တက်‌ရောက်ပြီး EGG အဖွဲ့မှ ဆရာ၊ ဆရာမ ၄ ဦးက သင်ကြားပို့ချ‌ပေးခဲ့သည်။ ထို့အပြင် ယခုလအတွင်း၌ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ‌တောင်ဒီး၊ တံခွန်တိုင်နှင့် ခလယ်‌ကျေးရွာ အစရှိသည့် ‌ကျေးရွာအုပ်စုများတွင် အလားတူ သင်တန်းမျိုးကို ဆက်လက်သင်တန်း‌ပေးသွားမည်ဟုလည်း EGGအဖွဲ့က ‌ပြောသည်။

ကျုံခဝန်‌ကျေးရွာတွင် ပြုလုပ်သည့် သင်တန်း၌ သင်တန်းသူ နန်းစိုးယမင်းမွန်က “သဘာဝပတ်ဝန်းကျင် အ‌ကြောင်း‌တွေ၊ ပလပ်စတစ်ဆိုးကျိုး‌တွေ၊ စွန့်ပစ်‌ရေသန့်ပူး‌တွေကို အပင်‌တွေ ပြန်စိုက်လို့ရတဲ့ နည်းပညာ‌တွေ သိလာရတယ်။ လူမှုဆက်ဆံ‌ပြောဆိုတဲ့‌နေရာမှာလည်း သင်ကြား‌ပေးတဲ့အတွက် လူ‌ရှေ့စကား‌ပြောဆိုဖို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာတယ်”ဟု ‌ပြောသည်။

EGG အဖွဲ့ကို ကရင်ပြည်နယ်ရှိ နိုင်ငံခြားပညာ‌တော်သင်ဆုရ ကရင်‌ကျောင်းသား/‌ကျောင်းသူ‌ဟောင်းများ၊ ‌ဒေ သတွင်းတက်ကြွလှုပ်ရှားသည့် လူငယ်များ၊ ဘာသာ‌ရေး‌ခေါင်‌ဆောင်များ၊ လူမှု‌ရေးအဖွဲ့အစည်းများဖြင့် ‌ပေါင်းဖွဲ့ စည်းခဲ့ခြင်းဖြစ်ပြီး ၂၀၁၂ခုနှစ်၌ ဖားအံမြို့တွင် စာသင်‌ကျောင်းတစ်ခု တည်‌ထောင်ကာ နှစ်စဉ်သင်တန်းသားဦး ‌ရေ ၃၂ဦးကို စီစစ်‌ရွေးချယ်ပြီး သင်တန်း‌ပေးလျှက်ရှိသည်။