Home သတင်း လူငယ်များကို ရိုက်နှက်ညှင်းပမ်းမှုကိစ္စ အ‌ရေးယူသွားမည်ဟု KNU ‌ပြော

လူငယ်များကို ရိုက်နှက်ညှင်းပမ်းမှုကိစ္စ အ‌ရေးယူသွားမည်ဟု KNU ‌ပြော

2184

ဩဂုတ် ၃ရက်၊ ၂၀၁၆ခုနှစ်။ ‌ကေအိုင်စီ

အင်တာနက်‌ပေါ်တွင် ပြန့်နှံ့‌နေ‌သော ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)ဝတ်စုံကို ဝတ်ဆင်ကြသည့် အဖွဲ့တစ်ဖွဲ့သည် လူငယ်များကို ရိုက်နှက်သည့်ရုပ်သံဖိုင်ကို ပြန်လည်စစ်‌ဆေးမှုများပြုလုပ်ပြီး အ‌ရေးယူ‌ဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟု KNU ဘိတ်-ထားဝယ်ခရိုင်က ဩဂုတ်လ ၂ရက်‌နေ့၌ ‌ကြေညာချက်တစ်‌စောင်ထုတ်ပြန်လိုက်သည်။

ဘိတ်-ထားဝယ်ခရိုင်မှ KNU အမျိုးသားရဲတပ်ဖွဲ့(KNPF)ဝတ်စုံ ဝတ်ဆင်ထား‌သော အဖွဲ့တစ်ဖွဲ့သည် ကြိုးတုပ်ထား‌သော လူငယ် တစ်စုကို ထိုးကြိတ်၊ ကန်‌ကျောက်၊ ရိုက်နှက်မှု ပြုလုပ်သည်ကို ပြီးခဲ့သည့် ရက်အနည်းငယ် အင်တာနက် လူမှုကွန်ရက်စာမျက် နှာတွင် ကျယ်ကျယ်ပြန့်ပြန့် ထွက်‌ပေါ်လာခဲ့ပြီး‌နောက် KNU ဘက်က ယခုကဲ့သို့ ထုတ်ပြန်‌ပြောဆိုလာခြင်းဖြစ်သည်။

၎င်းကိစ္စအ‌ပေါ် KNU တွဲဘက်အတွင်း‌ရေးမှူး (၁)ပဒို‌သောသီဘွဲက “အင်တာနက်‌ပေါ်မှာ ပြန့်နှံ့သွားကတည်းက စုံစမ်းစစ်‌ဆေးမှု ‌တွေလုပ်ဖို့ ကျ‌နော်တို့ ညွှန်ထားတာ ရှိပါတယ်။ အခု အ‌ရေးယူ ‌ဆောင်ရွက်မှု‌တွေလုပ်ဖို့ ‌လေး၊ ငါးဦးပါတဲ့ ‌ကော်မတီတစ်ခုကိုု ဖွဲ့ စည်းထားပြီးပြီ။ စုံစမ်းစစ်‌ဆေးမှု‌တွေ လုပ်ပြီးရင် အ‌ရေးယူ ‌ဆောင်ရွက်မှု‌တွေ လုပ်‌ဆောင်လိမ့်မယ်။”ဟု ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောသည်။

ထို့အပြင် ဘိတ်ထားဝယ်ခရိုင် ရဲတပ်ဖွဲ့၏ ပြုမူသည့်လုပ်ရပ်မှာ မဖြစ်သင့်‌ကြောင်း၊ လူငယ်များဘက်မှ ပြစ်မှုကျူးလွန်ခြင်း မှန်ကန် ‌သော်လည်း ‌ကေအဲန်ယူက ချမှတ်ထားသည့် ဥပ‌ဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ လုပ်‌ဆောင်သင့်‌ကြောင်း၊ ယင်းဖြစ်ပွားခဲ့သည့် ဖြစ်စဉ်မှာ အဘက်ဘက်က လိုအပ်ချက်ရှိ‌ကြောင်းလည်း ပဒို‌စော‌သောသီဘွဲက ဖြည့်စွက်‌ပြောဆိုလိုက်သည်။

ရိုက်နှက်ခံရသည့် လူငယ်တစ်စုမှာ ထိုင်းနိုင်ငံ၊ ရတ်ချ်ဘူရီခရိုင်၊ စုံဖုမြို့နယ်ရှိ ထမ်းဟင်ဒုက္ခသည်စခန်းမှ ကရင်လူငယ် ၈ဦးဖြစ် ကာ ပြီးခဲ့သည့် ‌မေလ ၂ဝရက်‌နေ့က ဒုက္ခသည်စခန်းအတွင်း ဆူပူမှုများ လုပ်‌ဆောင်ခဲ့သည့် အ‌ကြောင်းပြချက်ဖြင့် စခန်းလုံခြုံ ‌ရေးနှင့် ထိုင်းပြည်သူ့စစ်အဖွဲ့တို့မှ ဖမ်းဆီးချုပ်‌နှောင်ပြီး‌နောက် ဇွန်လ ၁ရက်‌နေ့တွင် ‌ကေအဲန်ယူ တပ်မဟာ(၄)သို့ ‌ခေါ်‌ဆောင် သွားခံရခြင်းဖြစ်သည်ဟု အမည်မ‌ဖော်လိုသူ လူငယ်မိဘတစ်ဦးက ‌ပြောသည်။

သူမက “ကျမသားက အသက် ၁၇နှစ်ပဲ ရှိ‌သေးတယ်။ လူငယ်‌တွေဆို‌တော့ အချင်းချင်း ခိုက်ရန်ဖြစ်ပွားတာက‌တော့ ရှိတယ်‌ပေါ့ ‌လေ။ သူတို့‌ပြောတဲ့ မူးယစ်‌ဆေးဝါးသုံးတာတို့၊ ထိုင်းအာဏာပိုင်ကား သွားဖျက်ဆီးပစ်တာ‌တွေက‌တော့ ကျမသား မပါပါဘူး။ က‌လေး‌တွေက ထမင်း‌တောင် စားလို့ မဝင်ဘူးလို့ ‌ပြောတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ လူငယ်များမှာ အသက်အရွယ်အားဖြင့် ၁၆နှစ်မှ ၂၅နှစ်အရွယ် လူငယ်များဖြစ်ပြီး စခန်းအတွင်း မူးယစ်‌ဆေးဝါးသုံးစွဲမှု၊ ခိုက်ရန်ဖြစ်ပွားမှုနှင့် ဆူပူ‌သောင်းကျန်းမှုများ‌ကြောင့် ‌ကေအဲန်ယူ တပ်မဟာ (၄)‌ခေါ်‌ဆောင်သွားခဲ့ခြင်းဖြစ်သည်ဟု ‌ကေအဲန်ယူ နှင့် နီးစပ်သူဘက်က ‌ပြောသည်။