Home Authors Posts by KIC News

KIC News

20713 POSTS 0 COMMENTS

မိုးကိုစံကုမ္ပဏီက ကရင်ပြည်နယ်ရှိ အိမ်‌ခြေ ၇၈ဝ ကို ဆိုလာမီး အခမဲ့တပ်ဆင်‌ပေးမည်

ဇန်နဝါရီ ၂၄ ရက်၊ ၂၀၁၄ ခုနှစ်။ နန်း‌ဝေဖြိုးဇာ ကရင်ပြည်နယ်၊ ‌ကော့ကရိတ်၊ လှိုင်းဘွဲ၊ မြဝတီနှင့် ဖားအံမြို့နယ်တို့ အတွင်းရှိ အိမ်‌ခြေ ၇၈ဝ လုံးကို မြဝတီမြို့ အ‌ခြေစိုက် မိုးကိုစံကုမ္ပဏီက ဦး‌ဆောင်၍ ဆိုလာလျှပ်စစ်မီး အခမဲ့ တပ်ဆင်‌ပေးမည်ဖြစ်‌ကြောင်း ကရင်အမျိုး သားအစည်းအရုံး(KNU) တပ်မဟာ...

ကရင်လူဦး‌ရေစာရင်း အမှန်ရရှိရန် ပဲခူးမြို့တွင် သန်း‌ခေါင်စာရင်းကိစ္စ အလုပ်ရုံ‌ဆွေး‌နွေးပွဲ ပြုလုပ်မည်

ဇန်နဝါရီ ၂၄ ရက်၊ ၂၀၁၄ ခုနှစ်။ နန်း‌ဝေဖြိုးဇာ လာမည့် မတ်လ၌ တစ်နိုင်ငံလုံး သန်း‌ခေါင်စာရင်း‌ကောက်ယူသည့်အခါ ကရင်လူဦး‌ရေစာရင်း အမှန်ရရှိ‌စေရန် ရည်ရွယ်၍ ပဲခူးတိုင်း‌ဒေသကြီး ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီမှ ဦး‌ဆောင်ပြီး ပဲခူးမြို့၌ ဇန်နဝါရီ ၂၉ မှ ၃ဝ ရက်‌နေ့အထိ သန်း‌ခေါင်စာရင်းဆိုင်ရာ အလုပ်ရုံ‌ဆွေး‌နွေးပွဲတစ်ရပ်...

တတိယနိုင်ငံ ပို့‌ဆောင်‌ပေး‌ရေးအစီအစဉ်အ‌ပေါ် နို့ဖိုးဒုက္ခသည် ၁၅ဝ ခန့် ဆန္ဒထုတ်‌ဖော်

ဇန်နဝါရီလ ၂၃ ရက်၊ ၂၀၁၄ ခုုနှစ်။ စဖန်း‌ရှောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး-UNHCR ၏ တတိယနိုင်ငံ ပို့‌ဆောင်‌ပေး‌ရေးအစီအစဉ်နှင့် ပတ်သက်၍ ခွဲခြားဆက်ဆံမှုများရှိသည်ဟုဆိုကာ ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ နို့ဖိုးဒုက္ခသည်စခန်းရှိ ဒုက္ခသည် ၁၅ဝ ခန့်က ဇန်နဝါရီလ ၂၂ ရက်‌နေ့တွင် ဆန္ဒထုတ်‌ဖော်ပွဲတစ်ရပ် ပြုလုပ်ကျင်းပခဲ့ကြသည်။ နို့ဖိုးစခန်းအတွင်းရှိ ရပ်ကွက်...

‌စောဘဦးကြီး ပုံပန်းချီကား ‌နောက်ခံမျက်နှာဖုံးဖြင့် ကရင့်‌ကြေးမုံမဂ္ဂဇင်း ထပ်မံပုံနှိပ်

ဇန်နဝါရီ ၂၃ ရက်၊ ၂၀၁၄ ခုနှစ်။ ‌စောထွန်းလင်း ကရင်အမျိုးသား‌ခေါင်‌ဆောင် ‌စောဘဦးကြီး ပုံပန်းချီကား ‌နောက်ခံမျက်နှာဖုံးဖြင့် ထုတ်‌ဝေထားသည့် ယခုနှစ် အတွက် ကရင့်‌ကြေးမုံမဂ္ဂဇင်းကို ဒုတိယအကြိမ် ထုတ်‌ဝေဖြန့်ချိရန် အုပ်‌ရေ ၅၀ဝ ကို ယခုအပတ်အတွင်း ထပ်မံ ပုံနှိပ်‌နေပြီဖြစ်‌ကြောင်း ရန်ကုန်ကရင်နှစ်သစ်ကူးပွဲ‌တော် ကျင်းပ‌ရေးဗဟို‌ကော်မတီက ‌ပြောဆိုလိုသည်။ “နိုင်ငံ‌ရေးပွင့်လင်းလာတဲ့အချိန်မှာ...

ဘားအံ ချဲလင်းချ်

(‌မောင်‌ကျော်စွာ) (၂၀၁၄ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်) ဗိုလ်ချုပ်‌အောင်ဆန်းက “ဘားမားချဲလင်းချ်” ဆိုသည့်အမည်ဖြင့် စာအုပ်တစ်အုပ် ‌ရေးသွားခဲ့ဖူးသည်။ ဗိုလ်ချုပ်၏ ချစ်သမီး ‌ဒေါ်‌အောင်ဆန်းစုကြည်က ကရင်ပြည်နယ်ခရီးစဉ်တွင် “ကျမ စိန်‌ခေါ်ရဲပါတယ်”လို့ ထည့်သွင်း‌ပြောသွားသည်။ သို့ပါ၍ “ဘားအံ ချဲလင်းချ်” ‌ရေးလျှင်ရမည် ယူဆပါသည်။ ၂၀၁ဝ ‌ရွေး‌ကောက်ပွဲမှ ‌ရွေးချယ်ခံ (ကြံ့ဖွံ့ပါတီအမတ်များကို...

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးကိစ္စ အကြိတ်အနယ် ‌ဆွေး‌နွေးဆဲ

ဇန်နဝါရီ ၂၂ရက်၊ ၂၀၁၄ခုနှစ်။ (‌ကေအိုင်စီ) ကရင်ပြည်နယ်၊ ဖားအံ မြို့နယ်၊ ကရင်အမျိုးသားအစည်းအရုံး(KNU)ထိန်းချုပ်ရာနယ်‌မြေ ‌လော်ခီးလာ (‌လေးဝါး)‌နေရာ၌ ယ‌နေ့ တတိယ‌နေ့အဖြစ် ကျင်းပ‌နေသည့် ဒုတိယအကြိမ် တိုင်းရင်းသား လက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့များ၏ ကွန်ဖရင့်တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးကိစ္စနှင့် ပတ်သက်၍ ဆက်လက်‌ဆွေး‌နွေး‌နေဆဲဖြစ်သည်ဟု သိရသည်။ “တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးကိစ္စ လက်မှတ်ထိုးဖို့၊...

တိုင်းရင်းသားများ၏ ‌ထောက်ခံမှုကို လိုချင်‌ကြောင်း ‌ဒေါ်‌အောင်ဆန်းစုကြည် ‌ပြောဆို

ဇန်နဝါရီ ၂ဝ ရက်၊ ၂၀၁၄ ခုနှစ်။ နန်း‌ဝေဖြိုးဇာ ၂၀၀၈ ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေပြင်ဆင်ရာတွင် တိုင်းရင်းသားများ၏ ‌ထောက်ခံမှုကို လိုချင်‌ကြောင်း အမျိုးသား ဒီမိုက‌ရေ စီအဖွဲ့ချုပ် ဥက္ကဌ ‌ဒေါ်‌အောင်ဆန်းစုကြည်က ဇန်နဝါရီ ၁၈ ရက်‌နေ့၊ ဖားအံမြို့ သံလွင်အားကစားကွင်း၌ ကျင်းပည့် ဖွဲ့စည်းပုံအ‌ခြေခံပြင်ဆင်‌ရေး လူထုရှင်းလင်းပွဲ...

ဒုတိယအကြိမ် တိုင်းရင်းသား ‌တော်လှန်‌ရေးအဖွဲ့များ၏ ကွန်ဖရင့်တွင် ‌ကေအဲန်ယူ ဥက္ကဌ၏ မိန့်ခွန်း

ဇန်နဝါရီ ၂ဝရက်၊ ၂၀၁၄ခုနှစ်။ ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ ကရင်အမျိုးသားအစည်းအရုံး(KNU)ထိန်းချုပ်ရာနယ်‌မြေ ‌လော်ခီးလာ (‌လေးဝါး)‌နေရာ၌ ယ‌နေ့ ဇန်နဝါရီ ၂ဝရက်‌နေ့၌ ကျင်းပ‌သော ဒုတိယအကြိမ် တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့များ၏ ကွန်ဖရင့်တွင် သဘာပတိအဖြစ် ‌ဆောင်ရွက်‌နေသည့် ‌ကေအဲန်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူး‌စေးဖိုး ‌ပြောဆိုခဲ့‌သော မိန့်ခွန်းကို ‌ကေအိုင်စီမှ...

BGF တပ်ပိုင် စက်သုံးဆီသို‌လှောင်ရုံ မီး‌လောင်

ဇန်နဝါရီ ၂ဝရက်၊ ၂၀၁၄ခုနှစ်။ ‌စောညွှန့်‌သောင်း ကရင်ပြည်နယ် ဖားအံမြို့နယ်၊ အိန္ဒုဂွင်အတွင်း မိုင်း‌အောင်ရပ်ကွက် ဖားအံ-‌ကောကရိတ်ကားလမ်းမ နံ‌ဘေးရှိ နယ်ခြား‌စောင့်တပ်(ကရင်ပြည်နယ်)-BGF တပ်ပိုင် စက်သုံးဆီသို‌လှောင်ရုံကို ဇန်နဝါရီ ၁၇ ရက်‌နေ့က မီး‌လောင် ကျွမ်းခဲ့သည်ဟု သိရသည်။ ၎င်းစက်သုံးဆီသို‌လှောင်ရုံ၌ ဓါတ်ဆီအလုပ်သမားနှစ်ဦးမှ ဓါတ်ဆီပီပါအဖုံး ဖွင့်သည့်အချိန်တွင် ဆီပီပါ အတွင်းရှိ ဆီအ‌ငွေ့ဂစ်များနှင့်...

နိုင်ငံလုံးဆိုင်ရာ ဒုတိယအကြိမ် ကရင်လူငယ်များ ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲကို ကရင်ပြည်နယ်တွင် ကျင်းပမည်

ဇန်နဝါရီ ၂ဝရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ချောင်‌ဖော့ ကရင်လူငယ်များကွန်ယက်(KYN) မှ ဦး‌ဆောင်ပြီး “ကရင်လူငယ်များ၏ အခန်းကဏ္ဍ၊ အကူးအ‌ပြောင်းကာလ နှင့် ငြိမ်းချမ်း‌ရေးဖြစ်စဉ်” ‌ခေါင်းစဉ်ဖြင့် နိုင်ငံလုံးဆိုင်ရာ ဒုတိယအကြိမ် ကရင်လူငယ်များ ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲကို ဇန်နဝါရီ ၂၈-၃ဝ ရက်‌နေ့၌ ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ် ‌ကောင်းမှုရွာတွင် ကျင်းပမည်ဖြစ်သည်။ KYN အဖွဲ့ဝင်တစ်ဦးဖြစ်သူ...