KIC News
မယ်တော်ဆေးခန်း စာပေဟောပြောပွဲ၌ ရွှေ့ပြောင်းမြန်မာဒုက္ခသည်များ နေရပ်ပြန်နိုင်ရေး တိုက်တွန်း
မေလ ၃ဝရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းနေရာဟောင်း၌ နာမည်ကြီးစာရေးဆရာ ဒေါက်တာခင်မောင်ညို၊ ရန် ကုန်နာရေးကူညီမှုအသင်း၏ ဒု-ဥက္ကဌ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ ၈၈မျိုးဆက်ကျောင်းသားနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း မှ ကိုဂျင်မီတို့ ပါဝင်သည့် မေလ ၂၉ရက်နေ့ စာပေဟောပြောပွဲတွင် ရွှေ့ပြောင်းမြန်မာဒုက္ခသည်များ အိမ်ပြန်နိုင်ရေးအတွက် တိုက်တွန်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏...
အယ်ဒီတာ့အာဘော်
နိုင်ငံ့အရေး ဥမကွဲ သိုက်မပျက် ချီတက်ကြစေချင်
ဇွန်ဝသန် ဥတုရာသီ အချိန်မီ ပြောင်းလဲလာသကဲ့သို့ နိုင်ငံ့အရေးအရာများ ပြောင်းလဲမှုရေချိန်ကို တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံး မျှော်လင့်နေကြသည်။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မည်သည့်နေ့ရက်၊ မည်သည့်နေရာတွင် မည်သည့် ပုံစံဖြင့် ကျင်းပမည်ကို အစိုးရ၏ လတ်တလော ရက် ၁၀ဝ စီမံချက်အတွင်း...
ပေါင်းစည်းရေးနှင့် စည်းရုံးရေးလုပ်ငန်းများကို တိုးလုပ်မည်ဟု ကရင်ပြည်သူ့ပါတီ ပြောဆို
မေ ၂၉ရက်၊ ၂၀၁၆ခုနှစ်။ စောထွန်းလင်း
ကရင်နိုင်ငံရေးပါတီများ ပေါင်းစည်းခြင်းလုပ်ငန်းတွင် ပါဝင်သွားမည်ဖြစ်သလို ပါတီစည်းရုံးရေး လုပ်ငန်းများကိုလည်း တိုးလုပ် သွားမည်ဟု မေလ ၂၈ရက်နေ့တွင် အင်းစိန်မြို့နယ်၊ ဟိုက်ပတ်လမ်းရှိ၊ မာယနသန်ခန်းမ၌ ပြုလုပ်သည့် ကရင်ပြည်သူ့ပါတီ (KPP)၏ ဆဌမအကြိမ် ပါတီနှစ်ပတ်လည်ညီလာခံတွင် ဆွေးနွေးဆုံးဖြတ်ထားကြောင်း ပါတီ အထွေထွေအတွင်းရေးမှူး စော...
အိုးအိမ်စွန့်ဒုက္ခသည်များနှင့် ရွှေ့ပြောင်းမြန်မာများအား မယ်တော်ဆေးခန်းမှ ကျန်းမာရေး ဝန်ဆောင်မှုပေး သွားမည်ဟု ဒေါက်တာစင်သီယာမောင် ပြောဆို
မေ ၂၈ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး
မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ ကျန်းမာရေး ပြုပြင်ပြောင်းလဲမှုများ ပီပြင်စွာ မဖြစ်ထွန်းချိန်အထိ နယ်စပ်ဒေသတစ်လျှောက် အိုးအိမ်စွန့် ဒုက္ခသည်များနှင့် ရွှေ့ပြောင်းမြန်မာအလုပ်သမားများအား ကျန်းမာရေး ဝန်ဆောင်မှုပေးသွားမည်ဟု မေလ ၂၈ရက်နေ့၌ ပြုလုပ် သည့် မယ်တော်ဆေးခန်းဆောင်သစ်ဖွင့် သတင်းစာရှင်းလင်းပွဲတွင် ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်အခြေစိုက် မယ်တော်ဆေး...
မင်းလွင်တောင် ကျောက်ထုတ်လုပ်ငန်း အားလုံး ရပ်ဆိုင်းရန် ထုတ်ပြန်
မေလ ၂၈ရက်၊ ၂၀၁၆ခုနှစ်။ စောခါးစူးညား
မွန်ပြည်နယ်၊ သထုံမြို့နယ် ပိန္နဲတောကျေးရွာအုပ်စုရှိ မင်းလွင်ထုံးကျောက်တောင်ကို ဖြူမင်းထွန်းကုမ္ပဏီလီမိတက်မှ ဘိလပ် မြေစက်ရုံ တည်ဆောက်ရန် လုပ်ဆောင်ခဲ့သည့် ကျောက်ထုတ်လုပ်မှုအပြင် အသေးစား လက်လုပ်လက်စား ကျောက်ထုတ်လုပ် မှုလုပ်ငန်းကိုပါ မေလ ၂၈ရက်နေ့တွင် ရပ်ဆိုင်းလိုက်ကြောင်း စာထုတ်ပြန်လိုက်သည်ဟု ပိန္နဲတောကျေးရွာ အုပ်ချုပ်ရေးမှူး စောလှမင်းဦးက...
ကော့ကရိတ်-အိန္ဒု အာရှလမ်းဖောက်လုပ်ပါက လူနေအိမ်ပါမသွားစေရေး စဉ်းစားပေးရန် ဒေသခံများ တောင်းဆို
မေ ၂၈ရက်၊ ၂၀၁၆ခုနှစ်။ နန်းဝေဖြိုးဇာ
အာရှဖွံ့ဖြိုးရေးဘဏ်(ADB)နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ အကောင်အထည်ဖော်မည့် ကရင်ပြည်နယ်ရှိ အိန္ဒု-ကော့က ရိတ် အာရှလမ်းမ စီမံကိန်း၌ လမ်းဘေးနှင့်နီးကပ်သည့် အိမ်များအတွက် တစ်စုံတစ်ခု စဉ်စားပေးစေလိုကြောင်း မေလ ၂၇ရက် နေ့၊ လွန်းညကျေးရွာတွင် ပြုလုပ်သည့် ကုမ္ပဏီနှင့် လူထုတွေ့ဆုံပွဲတွင် ဒေသခံများက တောင်းဆိုလိုက်သည်။
လမ်းဖောက်လုပ်သည့်အခါ...
လိုင်စင်မဲ့ယာဉ်များကို တရားဝင် လိုင်စင်ထုတ်ပေးရန် အစီအစဉ်မရှိဟု ပြည်ထောင်စုဝန်ကြီး ပြောဆို
မေ ၂၈ရက်၊ ၂၀၁၆ခုနှစ်။ စောထွန်းလင်း
နိုင်ငံအတွင်း လိုင်စင်မဲ့ ယာဉ်များကို တရားဝင် လိုင်စင်ရရှိအောင် ဆောင်ရွက်ပေးရန် အစီအစဉ်မရှိဟု မေလ ၂၇ရက်နေ့က ပြု လုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့် စင်မောင်က ပြောဆိုလိုက်သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ကရင်ပြည်နယ်၊ အမျိုးသားလွှတ်တော်...
၂၁ရာစုပင်လုံညီလာခံသည် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဖြစ်ဟု အစိုးရပြောဆို
မေ ၂၇ရက်၊ ၂၀၁၆ခုနှစ်။ စောထွန်းလင်း
၂၁ရာစု ပင်လုံညီလာခံသည် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံသာ ဖြစ်သည်ဟု နေပြည်တော်ရှိ၊ Horizon Lake View Resort ၌ ယနေ့ စတင် ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC)၏ ပထမဆုံး အစည်းအ ဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်...
သထုံခရိုင်တွင် ကေဝိုင်အို ကော်မတီဝင် ပြန်လည်ရွေးကောက်တင်မြှောက်
မေလ ၂၇ရက်၊ ၂၀၁၆ခုနှစ်။ စောခါးစူးညား
ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)၊ ဘီးလင်းမြို့နယ်ရှိ သထုံခရိုင် မောကဲမူဌာနချုပ်၌ မေလ ၂၅ရက်မှ ၂၆ရက်နေ့အထိ ပြုလုပ်သော ခရိုင်အဆင့် ကရင်လူငယ်အစည်းအရုံး(ကေဝိုင်အို)၏ (၅)ကြိမ်မြောက် ကွန်ဂရက်တွင် ခရိုင်အမြဲတမ်း ကော်မတီ ဝင် ၉ဦးကို အသစ်ပြန်လည်ရွေးကောက် တင်မြှောက်ခဲ့သည်။
ဥက္ကဌ စောမြအေး၊ ဒု-ဥက္ကဌ စောနေမူထူး၊...
မယ်တော်ဆေးခန်းအဆောင်သစ်တွင် ပန်းချီကားချပ် ၅ဝခန့် လာရောက်ပြသလှူဒါန်း
မေလ ၂၇ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ ဒေါက်တာစင်သီယာမောင်ဦးဆောင်သည့် မယ်တော်ဆေးခန်းအဆောင်သစ်၌ ရန်ကုန်မြို့မှ ပန်းချီဆရာများနှင့် မဲဆောက်ရှိကရင်ပန်းချီဆရာအချို့စုပေါင်းပြီး ပန်းချီကားချပ်ပေါင်း ၅ဝခန့်ကို မေလ ၂၇ရက်နေ့ ညနေ (၅) နာရီခန့်တွင် လာရောက်ဖွင့်လှစ်ပြသပြီး လှူဒါန်းမှုပြုခဲ့သည်ဟု ပြပွဲစီစဉ်သူများက ပြောသည်။
အဆိုပါ ပန်းချီကားချပ်များကို မေလ ၂၈ရက်နေ့တွင်...














