KIC News
ထိုင်းရဲအသတ်ခံရမှု တရားခံဟု ယူဆရသူများကို မြန်မာဘက်ခြမ်းတွင် ညတွင်းချင်းဖမ်းမိ
မတ် ၁၆ရက်၊ ၂၀၁၆ခုနှစ်။ စဖန်းရှောင်း
ထိုင်း-မြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်းအနီးတွင် မတ်လ ၁၅ရက်နေ့ညနေက ထိုင်းပုလိပ်(ရဲ)တစ်ဦး အသတ်ခံရမှု ဖြစ်ပွားခဲ့ ပြီး သတ်ဖြတ်သူများဟု ယူဆရသည့် ဒုက္ခသည်စခန်းအတွင်းနေထိုင်သူ မြန်မာဒုက္ခသည် ၄ဦးကို မြန်မာနိုင်ငံဘက်ခြမ်း၌ ညတွင်းချင်းပင် ပြန်လည်ဖမ်းဆီးရမိကြောင်း မယ်လစခန်းတာဝန်ရှိသူများက ပြောသည်။
မယ်လဒုက္ခသည်စခန်းအနောက်ဘက် ထိနူထာ့ရွာအနီး မယ်လလမ်းခွဲဂိတ်တွင် တာဝန်ကျနေသည့်...
ဖာပွန်မြို့နယ် ဘောကျို့လယ်ရွာသားတစ်ဦး မြေမြှုပ်မိုင်းထိ၍ ဒဏ်ရာပြင်းထန်
မတ် ၁၆ရက်၊ ၂၀၁၆ခုနှစ်။ စောခါးစူးညား
ကရင်ပြည်နယ် ဖာပွန်ခရိုင် ကရင်အမျိုးသားအစည်းအရုံး(KNU)ထိန်းချုပ်နယ်မြေ ဒွယ်လိုးမြို့နယ်၊ လေးဖိုးထာ့ ကျေးရွာအုပ်စုရှိ အသက် ၄ဝ ဝန်းကျင်အရွယ် ဘောကျို့လယ်(အနောက်ဘက်ခြမ်း)ရွာသား စောအောဘ ဆိုသူသည် ယနေ့နံနက် ၇နာရီကျော် အချိန် တောင်ယာခင်းတစ်ခုတွင် မြေမြှုပ်မိုင်းထိ၍ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။
စောအောဘသည် ဘောကျို့လယ်ရွာနှင့် ထော်ကလော့ဖိုးခီးရွာအကြား...
နိုင်ငံရေးပြဿနာဖြေရှင်းပြီးမှ အကြီးစားဖွံ့ဖြိုးရေးစီမံကိန်းများ ဖော်ဆောင်ရန် နိုင်ငံတကာကရင်အဖွဲ့ ပြောဆုို
မတ် ၁၆ရက်၊၂၀၁၆ခုနှစ်။ စအိုင်ဆူး
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူအနေဖြင့် နိုင်ငံရေးပြဿနာများကို ဖြေရှင်းပြီးမှသာ ကရင်ပြည်နယ်အတွင်း အကြီး စားဖွံ့ဖြိုးရေးစီမံကိန်းများကို ပြည်သူ့ဆန္ဒနှင့်အညီ ဖော်ဆောင်ပေးရန် နိုင်ငံတကာ ကရင်အမျိုးသားအဖွဲ့-IKO က ယနေ့ ပြောဆို လိုက်သည်။
မတ်လ ၁၂ရက်နေ့စွဲဖြင့် IKO က ထုတ်ပြန်လိုက်သည့် ဘောကထာရေအားလျှပ်စစ် စီမံကိန်း သဘောထား ထုတ်ပြန်ချက်အ...
သံလွင်ရေကာတာ ၁၈ခုအတွက် MOU ထိုးလိုက်ခြင်းအပေါ် သံလွင်မြစ်ထိန်းသိမ်းရေးကွန်ရက် စိုးရိမ်
မတ် ၁၅ရက်၊ ၂၀၁၆ခုနှစ်။ နန်းဝေဖြိုးဇာ
တိုင်းရင်းသားဒေသများကို ဖြတ်သန်းစီးဆင်းနေသည့် သံလွင်မြစ်ပေါ်တွင် ရေကာတာစီမံကိန်းများ ၁၈ခု တည်ဆောက်ရန် နား လည်မှုစာချွန်လွှာ(MOU) လက်မှတ်ထိုးခဲ့မှုအပေါ် စိုးရိမ်ကြောင်း သျှမ်း၊ ကရင်နီ(ကယား)၊ ကရင်နှင့် မွန် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလူမှုအဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် သံလွင်မြစ်ထိန်းသိမ်းကာကွယ်ရေးကွန်ရက်က မတ်လ ၁၄ရက်နေ့တွင် သဘောထားထုတ်ပြန်ခဲ့သည်။
ယခုနှစ်...
ကုန်တင်ကားဖြတ်သန်းမှု များပြားခြင်းကြောင့် ကော့ကရိတ်မြို့နယ် လှိုင်ဝရွာတွင်းလမ်းမ ပျက်စီး
မတ် ၁၅ရက်၊ ၂၀၁၆ခုနှစ်။ ကဆောဝါး
ကော့ကရိတ်မြို့နယ် ရေကျော်ကြီး ကျေးရွာအုပ်စုရှိ လှိုင်ဝကျေးရွာအတွင်း ရွာလမ်းမကို ခြောက်ဘီး၊ ရှစ်ဘီး၊ ဆယ့်နှစ်ဘီး ကုန် တင်ကားကြီးများ ဖြတ်သန်းသွားလာမှုကြောင့် ရွာလမ်းမ ပျက်စီးလျှက်ရှိသည်ဟု ဒေသခံရွာသားများက ယနေ့ မတ်လ ၁၅ရက် နေ့တွင် ကေအိုင်စီသို့ ပြောဆိုလိုက်သည်။
ယခင်လ ဖေဖော်ဝါရီမှစ၍...
ရေကာတာစီမံကိန်းကြီးများ မပြုလုပ်သေးရန် ကရင်မြစ်ချောင်းစောင့်ကြည့်အဖွဲ့နှင့်ဒေသခံများ တောင်းဆို
မတ် ၁၅ရက်၊ ၂၀၁၆ခုနှစ်။ စဖန်းရှောင်း
ငြိမ်းချမ်းရေးဖော်ဆောင်နေဆဲကာလအတွင်း ကရင်ပြည်နယ်တွင် ကြီးမားသော ရေကာတာစီမံကိန်းများကို မပြုလုပ်သေးရန် မတ်လ ၁၄ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများထိန်းသိမ်းရေးနေ့နှင့် ရေကာတာများ ဆန့်ကျင်ရေး နေ့၌ ကရင်မြစ်ချောင်းများ စောင့်ကြည့်ရေးအဖွဲ့(KRW) နှင့် ဒေသခံ ကရင်လူထုတို့က တောင်းဆိုလိုက်သည်။
အဆိုပါနေ့ အခမ်းအနားကို ကရင်ပြည်နယ်...
မြို့နယ်သမဝါယမ လယ်ထွန်စက် မဲဖောက်မည့်အစီအစဉ် ထီလက်မှတ်ရောင်းချမှုအပေါ် အသင်းဝင်များဝေဖန်
မတ် ၁၅ရက်၊ ၂၀၁၆ခုနှစ်။ စောမြတ်ဦးသာ
ကြာအင်းဆိပ်ကြီးမြို့နယ်၊ သမဝါယမဝန်ကြီးဌာနမှ အသင်းဝင်လယ်သမားများကို လယ်ထွန်စက်တစ်စီး မဲဖောက်ပေးမည့် အစီ အစဉ်ကို ထီလက်မှတ်ပုံစံဖြင့် တစ်ဦး ၅၀၀ဝကျပ်ဖြင့် ရောင်းချလိုက်ခြင်းအပေါ် ဒေသခံ အသင်းဝင်များက ဝေဖန်မှုများလာ ကြောင်း သိရသည်။
ခလယ်ရွာမှ သမဝါယမအသင်းသား စောဝင်းနိုင်က “အခုချိန်က ရွာမှာ ရာဘာဈေးနူန်းကလည်းကျ၊...
ဘန်းချောင်းကျောက်မီးသွေးတွင်း အခြေအနေ ကေအဲန်ယူ ဗဟို စုံစမ်းလေ့လာမည်
မတ် ၁၅ရက်၊ ၂၀၁၆ခုနှစ်။ စောထွန်းလင်း
တနသင်္ာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်ရှိ ဘန်းချောင်းကျောက်မီးသွေးတွင်းကြောင့် လူမှုပတ်ဝန်းကျင် ထိခိုက်နစ်နာမှု အခြေ အနေများကို ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)ဗဟိုက စုံစမ်းလေ့လာသွားမည်ဟု မတ်လ ၁၃ရက်နေ့က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ ကေအဲန်ယူ ဥက္ကဌ ဦးဆောင်သည့် ဗဟိုကော်မတီဝင်များနှင့် ဘန်းချောင်းဒေသခံများ တွေ့ဆုံပွဲအပြီးတွင် ကေ အဲန်ယူ...
ဦးထင်ကျော် သမ္မတဖြစ်ပြီ
ယနေ့ ပြည်ထောင်စု လွှတ်တော်မှာ သမ္မတလောင်း ၃ ဦးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးထင်ကျော်၊ ဦးဟင်နရီဗန်ထီးယူနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဦးမြင့်ဆွေတို့ကို လျှို့ဝှက် မဲပေးစနစ်ဖြင့် သမ္မတအဖြစ် ရွေးချယ်ရာမှာ ဦးထကျော်က မဲအများဆုံးရရှိတဲ့အတွက် မြန်မာနိုင်ငံရဲ့သမ္မတ ဖြစ်လာပြီဖြစ်ပါတယ်။ ဒုတိယ မဲအများဆုံး ရရှိတဲ...
မင်းလွင်တောင် ဘိလပ်မြေစက်ရုံစီမံကိန်း ဆက်မလုပ်ရန် ဒေသခံများ ကန့်ကွက်၊ တောင်းဆို
မတ် ၁၄ရက်၊ ၂၀၁၆ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး(KNU)ထိန်းချုပ်နယ်မြေ မွန်ပြည်နယ် သထုံခရိုင် တပ်မဟာ(၁)၊ ပိန္နဲတောကျေးရွာအုပ်စုအတွင်းရှိ မင်းလွင်ထုံးကျောက်တောင်ခြေတွင် ဖြူမင်းထွန်းကုမ္ပဏီလီမိတက်မှ ဆောင်ရွက်နေသည့် ဓာတ်သတ္တု ဆက်လက် စမ်းသပ် တိုင်းတာရေးနှင့် ဘိလပ်မြေစက်ရုံ တည်ဆောက်မည့် စီမံကိန်းကို ဆက်မလုပ်ရန် ဒေသခံများက ယနေ့ ကန့်ကွက်တောင်းဆို လိုက်သည်။
မင်းလွင်တောင်ကို အမှီပြု၍...















