Home သတင်း မယ်‌တော်‌ဆေးခန်းတွင် လိင်တံပြုပြင်ခြင်း ‌နောက်ဆက်တွဲဆိုးကျိုးများ‌ကြောင့် ‌ဆေးခန်းမှခွဲစိတ်ကု သ‌ပေးရ သည့် လူနာဦး‌ရေပိုများလာ

မယ်‌တော်‌ဆေးခန်းတွင် လိင်တံပြုပြင်ခြင်း ‌နောက်ဆက်တွဲဆိုးကျိုးများ‌ကြောင့် ‌ဆေးခန်းမှခွဲစိတ်ကု သ‌ပေးရ သည့် လူနာဦး‌ရေပိုများလာ

10798

နိုဝင်ဘာလ ၈ရက်၊ ၂၀၁၆ခုနှစ်။ စဖန်း‌ရှောင်း၊ ‌စောချာလု

ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့ရှိ မယ်‌တော်‌ဆေးခန်းတွင် သဘာဝမဟုတ်သည့် လိင်တံပြုပြင်ခြင်း မှဖြစ်လာသည့် ‌နောက်ဆက်တွဲဆိုးကျိုးများ‌ကြောင့် ‌ဆေးခန်းမှခွဲစိတ်ကုသ‌ပေးရသည့်လူနာဦး‌ရေမှာ ယခုနှစ်တွင် လူနာဦး‌ရေသိသာစွာ တိုးမြှင့်လာ‌ကြောင်း ‌ဆေးခန်းခွဲစိတ်တာဝန်ရှိသူများ၏ ‌ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် ၂၀၀၂ခုနှစ်မှစတင်ကာ တစ်နှစ်ထက် တစ်နှစ်သိသာစွာ တိုးမြှင့်လာခြင်းဖြစ်ပြီး ယခုနှစ် လက်ရှိ လူနာဦး‌ရေနှုန်းထားမှာ ၂၀၁၅ ခုနှစ်လူနာ ဦး‌ရေထက်‌ကျော်လွန်သွားပြီဖြစ်‌ကြောင်း မယ်‌တော်‌ဆေး ခန်းခွဲ စိတ်ဋ္ဌာနမှ ဒုတိယ တာဝန်ခံဖြစ်သူ ‌စောတစ်‌တေက ‌ကေအိုင်စီသို့ နိုုဝင်ဘာလ ၈ရက်‌နေ့(ယ‌နေ့) တွင် ‌ပြောသည်။

“မနှစ်က ၂၀၁၅ ခုနှစ်တစ်နှစ်လုံးမှာ အဲဒီလိုလူနာ‌တွေ ပျမ်းမျှ တစ်လကို ၁၃‌ယောက်နှုန်းနဲ့ခွဲစိတ်ကုသ ‌ပေးရတယ်။ အခုဒီနှစ် ၂၀၁၆ခုနှစ်မှာကျ‌တော့ ပျမ်းမျှ တစ်လကို ၁၇ ‌ယောက် နှုန်းနဲ့ခွဲစိတ်ကုသ‌ပေးရတယ်။ အခုကနှစ်‌တောင်မကုန်‌သေးဘူး လူနာဦး‌ရေက ပြီးခဲ့တဲ့နှစ်ထက် စံချိန်ချိုးသွား ပြီးဖြစ်တဲ့ အတွက်ပိုများ လာတယ်လို့‌ပြောလို့ရတယ်” ဟု သူက ‌ပြောသည်။

‌ဆေးခန်းမှ‌ကောက်ယူထားသည့် စာရင်းများအရ ၂၀၁၅ ခုနှစ်တစ်နှစ်လုံးတွင် လူနာဦး‌ရေ ၁၅ဝ ဦးခွဲစိတ် ကုသ‌ပေးခဲ့ရပြီး ယခုနှစ် ၂၀၁၆ ဇန်နဝါရီလမှ ‌အောက်တိုဘာလအထိ (၁၀)အတွင်း လူနာဦး‌ရေ ၁၇၂ ဦး အထိခွဲစိတ်ကုသ‌ပေးခဲ့ရသည့်အတွက် လူနာဦး‌ရေတိုးမြှင့်လာခြင်းဖြစ်သည်။
အဆိုပါလူနာများမှာ မြန်မာပြည်တွင်းသာမက ထိုင်း-မြန်မာနယ်စပ်တစ်‌လျှောက်ရှိ စက်ရုံအလုပ်ရုံများ၊ ငါးဖမ်းသ‌ဘေင်္ာများတွင် အလုပ်လုပ်ကိုင်‌နေသူများ၊ လူပွဲစားများ၊ တက္ကစီသမားများစသည့် မြန်မာအများ စုဖြစ်ပြီး အသက် ၂၈နှစ်မှ ၄ဝနှစ်ကြား အတွင်းရှိသူများ ဖြစ်‌ကြောင်း ယင်း‌ဆေးခန်းမှခွဲစိတ်ကုသမှု‌ပေးသည့် တာဝန်ရှိသူများက ‌ပြောသည်။

လူနာရှင်တစ်ဦးဖြစ်သူ ကိုမျိုးကြီး(အမည်လွဲ)က “ကိုယ့်ကိုယ်ကို သိပ်အားမရ‌တော့ မူး‌နေတာနဲ့ သူငယ်ချင်း ‌တွေနဲ့ထိုးကြတာ။ ‌နောက်ပိုင်းကျ အဆင်မ‌ပြေ‌တော့ဘူး။ တဖြည်းဖြည်းကိုက်လာတယ်။ ပြီး‌တော့ ‌အောင့် လာတယ်။ မတည့်တဲ့ အစာစားမိရင် ‌ယောင်ပြီးယားလာတယ်။ ထိုးတဲ့သူ‌တွေလည်း အခု မဖြစ်‌ပေမယ့် တစ် ‌နေ့‌နေ့ တစ်ချိန်ချိန်ဖြစ်လာမှာပဲ။ ကျ‌နော်‌ပြောချင်တာက ပင်ကိုယ်ပဲ‌ကောင်းတယ်။ ဘာမှမလုပ်ကြနဲ့။ အဲလို လုပ်တာမ‌ကောင်းဘူး။ အဲဒီဟာထိုးပြီးမှ မှားမှန်းသိတယ်” ဟု‌ပြောသည်။

သဘာဝမဟုတ်သည့် လိင်တံပြုပြင်ခြင်းများမှာ လိင်ဆက်ဆံခြင်းနှင့်ပတ်သက်သည့် အယူအဆအမှား များ‌ကြောင့်ဖြစ်ပြီး လိင်တံအတွင်း ‌ဆေးထိုးခြင်း (အုန်းဆီနှင့်အခြား ‌ဆေးဝါးများ)၊ အ‌ရေပြားဖုထုံး ထုံးခြင်း၊ အရာဝတ္ထုများထည့်သွင်းတပ်ဆင်ခြင်း(‌ဂေါ်လီ)၊ အခြားအရာဝတ္ထုများ တပ်ဆင်ထားသည့် လိင်တံစွပ်များ ကိုသုံးစွဲခြင်း(မြင်းမြီး၊ သံကွင်း)စသည်တို့ ဖြစ်သည်။

ထိုသို့ပြုလုပ်ခြင်း‌ကြောင့် ‌နောက်ဆက်တွဲဆိုးကျိုးများဖြစ်သည့် လိင်တံပျက်စီး သွားခြင်း၊ လိင်မှတစ် ဆင့် ကူစက်တတ်‌သော ‌ရောဂါများအလွယ်တကူဝင်‌ရောက်နိုင်ခြင်း၊ လိင်တံကင်ဆာဖြစ်‌ပေါ်နိုင်ခြင်း၊ ‌ရော ဂါပိုး‌ကြောင့်မြုံသွားခြင်း၊ ‌ဝှေး‌စေ့ပျက်စီးခြင်းတို့အပြင် အချိန်မီခွဲစိတ်ကုသမှုမခံ ယူပါက အသက်‌သေ ဆုံးနိုင်သည်အထိ ဆိုးကျိုးများရှိ‌ကြောင်း မယ်‌တော်‌ဆေးခန်းမှ ဖြန့်‌ဝေသည့် ပညာ‌ပေးလက်ကမ်းစာ‌စောင်တွင် ‌ဖော်ပြထားသည်။

“‌ပြောချင်တာက သဘာဝအတိုင်းသာ အ‌ကောင်းဆုံးပဲဖြစ်ပါတယ်။ ဒီလို‌ဘေးဖြစ်‌စေတဲ့အရာ‌တွေကို နားမ‌ယောင်မိပါ‌စေနဲ့။ တကယ်လို့ ဖြစ်လာပြီး ဆိုရင်လည်း ကြိတ်ကုတာမျိုးမလုပ်ပါနဲ့။ ဒီလိုအဖြစ်‌တွေက ‌ဆေးထိုး‌ဆေး ‌သောက်ရုံနဲ့မ‌ပျောက်ပါဘူး။ နီးစပ်ရာ ‌ဆေးခန်း မှာသာသွား‌ရောက်ခွဲစိတ်ကုသဖို့ အကြံ‌ပေး ချင်ပါတယ်”ဟု မယ်‌တော်‌ဆေးခန်း၏ ခွဲစိတ်ဋ္ဌာန ဒုတာဝန်ခံ ‌စောတစ်‌တေက တိုက်တွန်း‌ပြောကြားသည်။

မယ်‌တော်‌ဆေးခန်းမှ သဘာဝမဟုတ်သည့် လိင်တံပြုပြင်ခြင်းမှဖြစ်လာသည့် ‌နောက်ဆက်တွဲဆိုးကျိုးများ နှင့်ပတ်သက်ပြီး ၂၀၀၂ ခုုနှစ်မှစတင်ကာ ယ‌နေ့အထိ အဆိုပါ လူနာ‌ပေါင်း ၇၀ဝ ‌ကျော်ကိုခွဲစိတ်ကုသမှုများပြု လာခဲ့ပြီဖြစ်‌ကြောင်း ခွဲစိတ်ဋ္ဌာန၏ မှတ်တမ်းအရ သိရသည်။