Home သတင်း ၂၀၁၆ခုနှစ်အတွက် ပဒိုမန်းရှာလူငယ်‌ခေါင်း‌ဆောင်ဆုကို အဆိုပြုလွှာ စတင်‌ခေါ်ယူ

၂၀၁၆ခုနှစ်အတွက် ပဒိုမန်းရှာလူငယ်‌ခေါင်း‌ဆောင်ဆုကို အဆိုပြုလွှာ စတင်‌ခေါ်ယူ

1573

နိုဝင်ဘာ ၁ဝရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး

ကွယ်လွန်သူ ကရင်အမျိုးသားအစည်းအရုံး-KNU အ‌ထွေ‌ထွေအတွင်း‌ရေးမှူးချုပ်‌ဟောင်း ပဒိုမန်းရှာလားဖန်း နှင့်ဇနီး နန့်ကျင်‌ရွှေတို့အား ရည်စူး၍ ၎င်းတို့၏သားသမီးများမှ တည်‌ထောင်ထားသည့် ဖန်း‌ဖောင်‌ဒေးရှင်းက ၂၀၁၆ခုနှစ်အတွက် ပဒိုမန်းရှာ လူငယ်‌ခေါင်း‌ဆောင်ဆုကို ချီးမြှင့်ရန် ယခုလ ၉ရက်‌နေ့မှစ၍ အဆိုပြုလွှာများကို စတင်‌ခေါ်ယူ‌နေပြီဖြစ်သည်။

အဆိုပါဆုကို မိမိကိုယ်ကျိုးအတွက် မကြည့်ဘဲ ကရင်အမျိုးသားတိုးတက်‌ရေးအတွက် ပညာ‌ရေးဆိုင်ရာ၊ ရိုးရာယဉ်‌ကျေးမှုဆိုင်ရာ စသည့်ကရင်လူမျိုးတို့၏ လိုအပ်ချက်များကို အ‌ထောက်အကူဖြစ်‌အောင် စွမ်းစွမ်းတမံ လုပ်‌ဆောင်‌ပေးသူ ကရင်လူငယ်များကို နှစ်စဉ်‌ပေးအပ်ချီးမြှင့်ခြင်းဖြစ်သည်။

ဖန်း‌ဖောင်‌ဒေးရှင်း၏ ဒါရိုုက်တာဖြစ်သူ ပဒိုုမန်းရှာ၏သား အ‌ထွေးဆုုံး စလုုံ့ဖန်းက “ပဒိုုမန်းရှာ လူငယ်‌ခေါင်း ‌ဆောင်ဆုုက‌နေတစ်ဆင့် ကျ‌နော်တိုု့ ဖခင်ဆီကအ‌မွေအနှစ်နဲ့ လူငယ်‌တွေက သူတိုု့ရဲ့ လူမှုပတ်ဝန်းကျင်က မတူညီကွဲပြားတဲ့ ‌ခေါင်း‌ဆောင်မှုအခန်းကဏ္ဍမှာ ‌နေရာယူနိုုင်ဖိုု့ ပိုုများတဲ့ လူငယ်‌တွေကိုု အား‌ပေးတိုုက်တွန်းချင် တာဖြစ်ပါတယ်”ဟု ၎င်းအဆိုပြုလွှာ ဖိတ်‌ခေါ်စာတွင် ထည့်သွင်း‌ပြောဆိုထားသည်။

အဆိုပါ ဆုကို အသက် ၃၅နှစ်‌အောက်ရှိ မည်သည့် ကရင်လူငယ်မဆို အဖွဲ့အစည်းတစ်ခုခုမှ အဆိုပြု‌ထောက်ခံ မှု‌ပေးပြီး တစ်ဦးချင်းဖြစ်‌စေ၊ သက်ဆိုင်ရာအဖွဲ့အစည်းတစ်ခုခုကိုဖြစ်‌စေ သတ်မှတ်ထားသည့်စံနှုန်းနှင့် ကိုက်ညီမှု ရှိပါက ကရင်‌တော်လှန်‌ရေး‌နေ့ (ဇန်နဝါရီ ၃၁ရက်‌နေ့) သို့မဟုတ် ကရင်အမျိုးသားစည်းလုံး ညီညွတ်‌ရေးနှီး‌နှောဖလှယ်ပွဲ ကဲ့သို့‌သော ‌နေ့ကြီးရက်ကြီး၌ ဂုဏ်ပြုလက်မှတ်နှင့်အတူ အ‌မေရိကန်‌ဒေါ်လာ (၂၀၀၀)ကို ‌ပေးအပ်ချီးမြှင့်သွားမည်ဟု သိရသည်။

ရန်ကုန်အ‌ခြေစိုက် လူ့အခွင့်အ‌ရေး ပညာ‌ပေးသူများကွန်ရက်မှ သင်တန်းနည်းပြတစ်ဦးဖြစ်သူ ‌နော်ရိုးဒါထွန်းက “အမျိုးသား‌ရေးအတွက် လုပ်‌ဆောင်‌ပေးတဲ့လူငယ်‌တွေကို အသိအမှတ်ပြု၊ ဂုဏ်ပြု‌ပေးတာ အရမ်း‌ကောင်းပါ တယ်။ ဒါ‌ပေမဲ့ အမှန်တကယ် အမျိုးသား‌ရေးအကျိုးကို ‌မျှော်မှန်းပြီး စိတ်နစ်၊ ကိုယ်နစ်လုပ်‌ဆောင်‌နေတဲ့ လူငယ်မျိုး‌တွေကို‌တော့ ‌ပေးသင့်တာ‌ပေါ့” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုဆုအတွက် စာရင်းတင်သွင်းရာ၌ အမည်၊ အသက်၊ ‌မွေးသက္ကရာဇ်၊ ‌နေရပ်နှင့် အဖွဲ့အစည်းနာမည်များ ဖြင့် တကွ မိမိကိုယ်ကို အဆိုတင်သွင်းခြင်းမှလွဲ၍ မည်သည့်ကရင်အဖွဲ့အစည်း၊ ‌ဆွေမျိုးသားချင်းကိုမဆို လာမည့် ဒီဇင်ဘာလ ၃၁ရက်‌နေ့‌နောက်ဆုံးထား၍ ကရင်၊ မြန်မာနှင့် အဂင်္လိပ်ဘာသာများဖြင့် bwabwa.phan@ phanfoundation.org သို့ အမည်စာရင်းကို တင်သွင်း ပို့‌ဆောင်‌ပေးရမည်ဖြစ်သည်။

ဖန်း‌ဖောင်‌ဒေးရှင်း(Phan Foundation)ကို ‌ကေအဲန်ယူ အ‌ထွေ‌ထွေအတွင်း‌ရေးမှူးချုပ်‌ဟောင်း ပဒိုမန်းရှာလား ဖန်း လုပ်ကြံသတ်ဖြတ်ခြင်းခံရသည့် ၂၀၀၈ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ (၁၄)ရက်‌နေ့ကို အမှူးပြုပြီး ကျန်ရစ်သူ သားသမီး‌လေး ဦးဖြစ်သည့် ‌စော‌စေး‌စေးဖန်း၊ နန့်ဇိုယာဖန်း၊ နန့်ဘွားဘွားဖန်းနှင့် စလုံ့ဖန်းတို့က တည်‌ထောင်ခဲ့ခြင်းဖြစ်သည်။

၎င်းလူငယ်‌ခေါင်း‌ဆောင်ဆုကို ၂၀၀၈ခုနှစ်မှ ၂၀၁၅ခုနှစ်အထိ ‌ညောင်‌လေးပင်ခရိုင်မှ ‌နော်ကဘလာထူး၊ ဖာပွန် ခရိုင်မှ ‌စောညွန့်ဝင်း၊ တနသင်္ာရီတိုင်းမှ ‌နော်ဒီဇင်ဘာ‌ဖော၊ Free Burma Rangers (FBR)မှ ‌စောထူးထူးအယ်၊ ကရင်အမျိုးသမီးဖွံ့ဖြိုး တိုးတက်‌ရေးအဖွဲ့(KWEG)မှ နန့်သန္တာ‌အောင်၊ ကရင်အမျိုးသမီးအစည်းအရုံး(KWO)မှ ‌နော်က‌ညော‌ဖော၊ ကရင်သဘာဝပတ်ဝန်းနှင့် လူမှု‌ရေးဆိုင်ရာ လှုပ်ရှားမှုကွန်ရက်(KESAN)မှ ‌နော်ဆာမူးနှင့် ဖားအံ လူမှု‌ရေးလှုပ်ရှားသူ စရှိုင်းတို့က အသီးသီးရရှိထားသည်။