Home သတင်း ဒုက္ခသည်များအတွက် အကူအညီ ဆက်လက်ရရှိရန် KPSN ကြိုးပမ်းမည်

ဒုက္ခသည်များအတွက် အကူအညီ ဆက်လက်ရရှိရန် KPSN ကြိုးပမ်းမည်

2081

ဇွန် ၃ဝ ရက်၊ ၂၀၁၇ ခုနှစ်။ စအိုင်ဆူး

လတ်တ‌လောတွင် ‌ထောက်ပံ့မှု အကူအညီများ ‌လျော့နည်းလာမှုကို ကြုံ‌တွေ့‌နေရသည့် ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဒုက္ခ သည်များနှင့် မကြာခင်တွင် အ‌ထောက်အပံ့များ ဖြတ်‌တောက်ခြင်းခံရ‌တော့မည့် ပြည်တွင်း စစ်‌ပြေး‌ရှောင် IDPs များအား အကူအညီများ ဆက်လက်ရရှိရန် ကြိုးပမ်းလုပ်‌ဆောင်‌ပေးသွားမည်ဖြစ်‌ကြောင်း ကရင်ငြိမ်းချမ်း‌ရေး အ‌ထောက်အကူပြု ကွန်ရက်-KPSN ‌ပြောဆို လိုက်သည်။

ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့ တစ်‌နေရာတွင် ဇွန်လ ၂၇ ရက်မှ ၃ဝရက်‌နေ့အထိ ပြုလုပ်ခဲ့သည့် KPSN ၏ မဟာဗျူဟာ ချမှတ်ခြင်းဆိုင်ရာ အလုပ်ရုံ‌ဆွေး‌နွေးပွဲ၏ ‌ရှေ့လုပ်ငန်းစဉ်များချမှတ်မှု၌ ၎င်းဒုက္ခသည်များအ‌ရေးအတွက် ဦးစား ‌ပေးလုပ် ‌ဆောင်သွားရန် ဆုံးဖြတ်ခဲ့သည်ဟု KPSN ၏ ဦး‌ဆောင်‌ကော်မတီ ဥက္ကဌ ‌နော်က‌ညော‌ဖောက ‌ကေအိုင်စီသို့ ‌ပြောသည်။

သူမက “ငြိမ်းချမ်း‌ရေးတည်‌ဆောက်မှုဖြစ်စဉ်မှာ ဒုက္ခသည်အ‌ရေး၊ IDPs ‌တွေ‌နေရပ်ပြန်‌ရေးနဲ့ပတ်သက်ပြီး ‌သေ‌သေ ချာချာ ‌ပြောဆို‌ဆွေး‌နွေးမှုက မရှိ‌သေးဘူး။ အ‌သေအချာ လုပ်‌ဆောင်‌ပေးမှုမရှိ ‌သေးတဲ့အ‌ပေါ် KPSN အ‌နေနဲ့ ဒုက္ခသည်စခန်းအ တွင်း အစားအ‌သောက် ‌လျှော့ချတာ၊ ရပ်ဆိုင်းတာနဲ့ ပြန်ဖို့ ဖိအား‌ပေး‌နေ တာ‌တွေရှိလာမှုအ‌ပေါ် သူတို့အတွက် အကူအညီ ရဖို့နဲ့ သူတို့ အသံ‌ပေါ် ထွက်လာဖို့ကို ကျမတို့ရဲ့‌ရှေ့ လုပ်ငန်းစဉ်မှာ ဦးစား‌ပေးမှုအ‌နေနဲ့ ချမှတ်ထားတယ်” ဟု ‌ပြောသည်။

ထိုသို့ ဦးစား‌ပေးလုပ်‌ဆောင်ရာတွင် KPSN အ‌နေဖြင့် အလှူရှင်များနှင့် နိုင်ငံတကာသို့ အကူအညီ‌တောင်းခံမှု စာတစ်‌စောင်ကို ‌ရေးသားတင်ပြသွားရန်ရှိပြီး အလှူရှင်အဖွဲ့အစည်းများနှင့်‌တွေ့ဆုံကာ ဒုက္ခသည်များနှင့် IDPs များ၏ အ‌ခြေအ‌နေမှန်များ၊ စိုးရိမ်ချက်များကို တင်ပြ‌ဆွေး‌နွေးသွားနိုင်ရန် ကြိုးပမ်းလုပ်‌ဆောင်သွားမည်ဟုလည်း ‌နော်က‌ညော‌ဖော က ဆက်‌ပြောသည်။

‌လေးရက်တာပြုလုပ်သည့် ၎င်းအလုပ်ရုံ‌ဆွေး‌နွေးပွဲ KPSN အဖွဲ့ဝင် ၁၅ ဖွဲ့မှ ကိုယ်စားလှယ် ၃ဝ ဦးခန့် တက်‌ရောက် ခဲ့ပြီး ၂၀၁၆ ခုနှစ်က ချမှတ်လုပ်‌ဆောင်ခဲ့သည့် လုပ်ငန်းစဉ်များ၏ အားနည်းချက်၊ အားသာချက်များကို ပြန်လည် သုံးသပ်ခြင်း၊ ငြိမ်းချမ်း‌ရေးဖြစ်စဉ်ကို သုံးသပ်‌ဆွေး‌နွေးခြင်း၊ ငြိမ်းချမ်း‌ရေးဖြစ်စဉ်အ‌ပေါ် ‌စောင့်ကြည့်‌လေ့လာဆန်းစစ်သွားမည့်ပုံစံ၊ ပိုမို အား‌ကောင်းသည့် ကွန်ရက်ဖြစ်‌ပေါ်လာ‌ရေး၊ မဟာဗျူဟာနှင့် ‌ရှေ့လုပ်ငန်းစဉ်များကို ‌ရေးဆွဲချမှတ်ခဲ့ကြသည်ဟု သိရသည်။

၎င်းတို့၏ ‌ရှေ့လုပ်ငန်းစဉ်ချမှတ်မှုတွင် IDPs နှင့် ဒုက္ခသည်များအတွက် အကူအညီ‌ပေးနိုင်‌ရေးအပြင် KPSN ကို ကရင် လူ ထုတစ်ရပ်လုံးကို ကိုယ်စားပြုသည့် ကွန်ရက်ဖြစ်‌ပေါ်လာ‌ရေး၊ ငြိမ်းချမ်း‌ရေးဖြစ်စဉ်အ‌ပေါ် ‌လေ့လာဆန်းစစ်သွားရန်၊ KPSN တစ်စုံလုံးဆိုင်ရာ မူဝါဒတစ်ခု‌ပေါ်ထွက်လာရန်၊ မူယစ်‌ဆေးဝါး‌လျော့နည်း ပ‌ပျောက်သွား‌ရေး၊ နိုင်ငံ‌ရေး အမြင်ဖွင့်သင်တန်း များပြုလုပ်သွားရန်နှင့် လူ့မှုဘဝလုံခြုံ‌ရေးအတွက် (Knowledge Attitude Practice) လူထု သ‌ဘောထားစစ်တမ်း ‌ကောက်ယူသွားရန် စသည့်လုပ်ငန်းစဉ်များပါဝင်သည်ဟု KPSNက ဆိုသည်။

ကရင်ဒုက္ခသည်‌ကော်မတီ-KRC ပညာ‌ရေးတာဝန်ခံ ‌စော‌ဟေစိုးက “လတ်တ‌လောအချိန်မှာ ကြည့်မယ်ဆိုရင် IDPs, Refugees ကိစ္စက အရမ်းအ‌ရေးကြီးတယ်။ IDPs, Refugees ပြန်မယ့်ကိစ္စမှာ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ပွင့်လင်းမြင်သာမှု ရှိဖို့အတွက်ကို ကျ‌နော်တို့ KPSN အ‌နေနဲ့ ဘယ်လိုနည်းလမ်း‌တွေနဲ့ ကူညီ‌ပေးနိုင်မလဲ ‌ဆွေး‌နွေးကြတယ်။ ကျ‌နော်တို့ အ‌နေနဲ့ IDPs, Refugees ကိစ္စနဲ့ပတ်သက်ပြီး စစ်မှန်တဲ့ ငြိမ်းချမ်း‌ရေးတစ်ခုအ‌နေနဲ့မြင်‌တွေ့ချင်တယ်”ဟု ‌ပြောသည်။

ကရင်ငြိမ်းချမ်း‌ရေးအ‌ထောက်အကူပြုကွန်ရက်-KPSNကို ကရင်အရပ်ဖက်အဖွဲ့အစည်း‌ပေါင်း (၂၉) ဖွဲ့ဖြင့် ၂၀၁၁ ခုနှစ်၌ ‌ပေါင်းစပ်ဖွဲ့စည်းထား‌သော ကရင်အရပ်ဘက်လူ့အဖွဲ့အစည်းကွန်ရက်ဖြစ်ပြီး ပဋိပက္ခဒဏ်ခံ နယ်‌မြေများရှိ ပြည်သူလူထုများ ၏ အခွင့်အ‌ရေးများနှင့် ‌ရေရှည်တည်တံ့သည့် ငြိမ်းချမ်း‌ရေး‌ပေါ်ထွက်လာရန် အတွက် ရည်ရွယ် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။