Home သတင်း အမည်‌ပေါက်ရှိသူများသာ စိုက်ပျိုးစရိတ်‌ချေး‌ငွေ ထုတ်‌ချေး‌ပေးသဖြင့် ‌တောင်သူလယ်သမားများ အခက်ကြုံ

အမည်‌ပေါက်ရှိသူများသာ စိုက်ပျိုးစရိတ်‌ချေး‌ငွေ ထုတ်‌ချေး‌ပေးသဖြင့် ‌တောင်သူလယ်သမားများ အခက်ကြုံ

1777

ဇွန် ၃ဝ ရက်၊ ၂ဝ၁၇ ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ်တွင် ယခုနှစ် မိုးစပါးစိုက်ပျိုးသည့် ‌တောင်သူများကို ပုံစံ(၇) ‌မြေယာ ပိုင်ဆိုင်ဆိုင်ခွင့်ဂရမ်နှင့် အမည်‌ပေါက်ရှိသူများသာ စိုက်ပျိုးစရိတ်‌ချေး‌ငွေထုတ်‌ပေး‌တော့သဖြင့် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ‌တောင်သူအချို့ မှာ ‌ငွေထုတ်‌ချေးရန် အခက်အခဲကြုံ‌တွေ့‌နေရသည်ဟု ‌ပြောဆိုကြသည်။

ကရင်ပြည်နယ်ရှိ ဘိုးဘွားပိုင်‌မြေအများစုမှာ ဘိုးဘွားနာမည်ဖြင့်သာ အမည်‌ပေါက်ကြပြီး နာမည်‌ပေါက်မှသာ ‌ငွေထုတ်‌ချေးရသည့်အတွက် လယ်လုပ်သူသားသမီးများမှာ ယခုလို အခက်‌တွေ့ခဲ့ရခြင်းဖြစ်သည်ဟု ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်း‌ရော်‌ဒေသမှ ‌တောင်သူ‌စောလှသိန်းက ဇွန်လ ၂၈ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ပုံစံ(၇)နာမည်‌ပေါက်သူ‌တွေပဲ ကိုယ်တိုင်သွားထုတ်‌ချေးရတယ်။ မနှစ်က စိုက်ပျိုး‌ချေး‌ငွေကို ‌ယောက္ခမ လယ်ဆို‌တော့ သူနာမည်‌ပေါက်ထားတဲ့ စာအုပ်နဲ့ ထုတ်‌ချေးရတယ်။ ဒီနှစ်မရ‌တော့ဘူး။ ပုံစံ(၇)စာအုပ်လုပ်ဖို့ တစ်ခု ၄၅,ဝဝဝ ကျပ်ဆို‌တော့ မလုပ်နိုင်‌သေးဘူး။ တစ်ချို့လုပ်ထားပြီးပြီး ခုထိစာအုပ်မရတဲ့ သူ‌တွေ ရှိတယ်။ စာအုပ်ပြုလုပ်ဖို့ ‌ဈေးနည်းနည်း‌လျှော့‌ပေးရင် လုပ်မယ့်သူ‌တွေ ရှိပါတယ်” ဟု ‌ပြောသည်။

ထို့အပြင် ‌တောင်သူအချို့ သည် ‌ဒေသအ‌ခြေအ‌နေ‌ကြောင့် ‌မြေယာပိုင်ဆိုင်ခွင့်ဂရမ်မရှိသည့်အပြင် ပုံစံ(၇) စာအုပ်ပြုလုပ်ရန် ‌ဈေးကြီး‌ပေး‌နေရသဖြင့် ယခုအချိန်ထိ ‌မြေယာပိုင်ဆိုင်ခွင့် ဂရမ်မပြုလုပ်နိုင်‌သေးသည့်အပြင် နာမည်‌ပေါက် သူတစ်ဦးထဲသာ ‌ငွေထုတ်‌ချေးရသည့်အတွက် အခက်အခဲရှိသည်ဟု ခလယ်ရွာမှ‌တောင်သူ နန်း‌မေ‌ဆောင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

‌တောင်ဒီး‌ကျေးရွာ အုပ်ချုပ်‌ရေးမှူး‌စောလှမိုးက “၂ဝ၁၂-၂ဝ၁၃ ခုနှစ်က KNU (ကရင်အမျိုးသားအစည်းအရုံး) ‌မြေတိုင်း‌တွေနဲ့ အစိုးရ‌မြေတိုင်း ပူး‌ပေါင်းပြီး လယ်ယာ‌မြေတိုင်းတာမှု လုပ်ခဲ့တယ်။ သုံးပုံမှာ တစ်ပုံ‌လောက်ပဲ စာအုပ်ရ‌သေးတယ်။ မရတဲ့လူ‌တွေကျ‌တော့ ‌ပြောတာ‌ပေါ့။ ‌ပြေလည်လို့ ‌ချေး‌ငွေ၊ မယူတာလည်းရှိတယ်။ တစ်ချို့က ပုံစံ(၇)စာအုပ်မရှိလို့ မ‌ချေးတာလည်း ပါတယ်” ဟု ‌ပြောသည်။

ကရင်ပြည်နယ်အ‌နေဖြင့် ယခုနှစ်မိုးရာသီ စိုက်ပျိုးစရိတ်‌ချေး‌ငွေ ကျပ် ၉,၅ဝ၁ ဒသမ ၇၅ သန်း ‌တောင်သူများကို ထုတ်‌ချေး‌ပေးရန်လျာထားပြီး ပုဂ္ဂလိကဘဏ်ထက် အတိုးနှုန်း ၆၇ ပြား သက်သာယူပြီး ထုတ်‌ချေး‌ပေး ခြင်းဖြစ်သည်ဟု ကရင်ပြည်နယ် စိုက်ပျိုး‌ရေးဘဏ် မန်‌နေဂျာ ‌ဒေါ်‌မော်‌မော်ခိုင်က ဇွန်လ ၂၇ ရက်‌နေ့က ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ဒေါ်‌မော်‌မော်ခိုင်က “ ‌မေလ ၂၃ ရက်‌နေ့က စပြီး‌ချေး‌ငွေထုတ်‌ချေး‌ပေးတယ်။ ‌တောင်သူ‌တွေ အတိုးနှုန်းသက် သာစွာနဲ့ စိုက်ပျိုး‌ရေးလုပ်ငန်း‌တွေကို အချိန်မီ‌ဆောင်ရွက်နိုင်‌အောင်‌ပေါ့‌နော်။ ပြည်နယ်မှာ ပုံစံ(၇)စာအုပ်မရှိ‌သေးတဲ့ ‌တောင်သူ‌တွေကို ‌ချေး‌ငွေထုတ်‌ချေး‌ပေးနိုင်‌အောင် ‌နေပြည်‌တော်မှာ ညှိနှိုင်း‌ဆွေး‌နွေးသွားမယ်”ဟု ‌ပြောသည်။

ကရင်ပြည်နယ်အ‌နေဖြင့် ၂ဝ၁၆ခုနှစ်က မိုးရာသီစိုက်ပျိုး စရိတ်‌ချေး‌ငွေ လယ်‌မြေ ၆ဝ,၅၃၁ ဧကအတွက် ကျပ် ၉,ဝ၇၉ ဒသမ ၆၅ သန်းကို ‌တောင်သူ ၉,၉၆၁ ဦးအား ထုတ်‌ချေး‌ပေးခဲ့သည်။ ယခုနှစ်တွင် ပုံစံ(၇) စာအုပ်ရှိသူ များကို တစ်ဧကလျှင် ကျပ် တစ်သိန်းခွဲနှုန်း ထုတ်‌ချေးယူနိုင်ပြီး တစ်ဦးလျှင် ၁ဝ ဧက အထိသာ ထုတ်‌ချေးယူနိုင်သည်ဟု စိုက်ပျိုး‌ရေးဘဏ်တာဝန်ရှိသူထံမှ သိရသည်။