Home သတင်း နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ မူ‌ဘောင်ပြင်ဆင်ပြီး နည်းလမ်းမှန်ပြုလုပ်ရန် ကရင်အဖွဲ့အစည်းများ တိုက်တွန်း

နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ မူ‌ဘောင်ပြင်ဆင်ပြီး နည်းလမ်းမှန်ပြုလုပ်ရန် ကရင်အဖွဲ့အစည်းများ တိုက်တွန်း

1902

ဇွန် ၃ဝ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောထွန်းလင်း

နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ မူ‌ဘောင်ပြန်ပြင်ဆင်ပြီး ‌ဆွေး‌နွေးပွဲလုပ်ငန်းလမ်းညွှန် (ToR)ကို အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်ရမည့် အဖွဲ့အစည်းများအ‌နေဖြင့် နည်းလမ်းမှန်‌ဆောင်ရွက်သွားကြရန် ဇွန် ၂၈ရက်မှ ၂၉ ရက်‌နေ့ထိ ဖားအံမြို့၊ ဇွဲကပင်ခမ်းမ၌ ပြုလုပ်သည့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲဆိုင်ရာ ကရင်အမျိုးသားအဖွဲ့အစည်းများ ‌တွေ့ဆုံ ‌ဆွေး‌နွေးပွဲ အပြီး ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

အဆိုပါ နှစ်ရက်ကြာ ပြုလုပ်သည့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲဆိုင်ရာ ကရင်အမျိုးသား အဖွဲ့အစည်းများ‌တွေ့ဆုံပွဲတွင် ဒုတိယအကြိမ် ၂၁ ပင်လုံ ရလဒ်များကို ပြန်လည်‌ဆွေး‌နွေးသုံးသပ်ခြင်း၊ နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ မူ‌ဘောင်နှင့် ‌ဆွေး‌နွေးပွဲ လုပ်ငန်းလမ်းညွှန်များကို ပြန်လည်သုံးသပ်ခဲ့ပြီး‌နောက် ယခုကဲ့သို့ တိုက်တွန်းရခြင်း ဖြစ်သည်ဟု ကရင်အမျိုးသားအဆင့်နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ ကြီးကြပ်မှု‌ကော်မတီဝင် ‌စောကြည်လင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

သူက “ အခုပွဲက၂၁ ပင်လုံကို ပြန်သုံးသပ်တယ်။ နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ ကရင်အမျိုးသားများဆိုင်ရာ အဖွဲ့အစည်း ‌တွေက‌တော့က နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲမူ‌ဘောင်ကိုပြန်ပြင်ဆင်ဖို့။ ‌နောက်နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲလုပ်ငန်း လမ်းညွှန် (ToR)ကို အ‌ကောင်အထည်‌ဖော်တဲ့အခါ အဆင့်လိုက်မလုပ်သွားဘဲ ‌ကျော်လုပ်သွားတာ‌တွေကို နည်းမှန် လမ်း မှန်လုပ်ကိုင်ဖို့လိုတယ်။ ဒါက ကရင်အမျိုးသားအဆင့်ဆိုင်ရာ နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ အစုအဖွဲ့‌တွေက‌တော့ ဒီလို‌တော့ အသံထွက်ပါတယ်။ ဆိုတာမျိုး‌ပေါ့ ‌ပြောချင်တယ်” ဇွန် ၃ဝ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

နိုင်ငံ‌ရေး ‌ဆွေး‌နွေးပွဲ ကရင်အမျိုးသားများဆိုင်ရာ အဖွဲ့အစည်းများ‌တွေ့ဆုံပွဲသို့ ကရင်ဘာသာ‌ရေး ‌ခေါင်း‌ဆောင် များ၊ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားလက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့များ၊ ကရင်အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ ကြီးကြပ်မှု‌ကော်မတီဝင်များ၊ ကရင်နိုင်ငံ‌ရေးပါတီများ၊ ‌ဒေသအသီးသီးမှ ကရင်အမျိုးသား ကိုယ်စားလှယ်များ၊ ကရင်တတ်သိပညာရှင်များနှင့် နည်းပညာအ‌ထောက်အကူပြု အဖွဲ့ဝင်များ အပါအဝင်စုစု‌ပေါင်း ၁၆၄ ဦးတက်‌ရောက်ခဲ့သည်။

ထို့အပြင် ‌နောင်လာမည့် ငြိမ်းချမ်း‌ရေးညီလာခံ ၂၁ ပင်လုံသို့ အရည်အချင်းရှိ‌သော ကရင်အမျိုးသားများကို ပါဝင်တက်‌ရောက်ခွင့်ပြုရန် ကရင်လက်နက်ကိုင်အဖွဲ့အစည်းများထံ တိုက်တွန်းထားပြီး၊ ကရင်အမျိုးသားများ ‌နေထိုင်သည့် ‌ဒေသအသီးသီးကို အ‌ခြေခံ၍ ကဏ္ဍအလိုက် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲများကို ကျယ်ပြန့်စွာ ပြုလုပ် သွားမည်ဟု ‌ဆွေး‌နွေးပွဲ အပြီးထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

ပြည်‌ထောင်စုငြိမ်းချမ်း‌ရေး ညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအကြိ်မ် အစည်းအ‌ဝေး ရလဒ်များကို ပြန်လည်သုံး သပ်သည့် ‌ဆွေး‌နွေးပွဲကို ဇွန် ၁၂ ရက်မှ ၂၃ ရက်‌နေ့ထိ ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက ‌လော်ခီးလာ စခန်းတွင်ပြုလုပ်ခဲ့သလို နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ ကရင်အမျိုးသားများဆိုင်ရာ အဖွဲ့အစည်းများကလည်း ဇွန် ၂၈ရက် မှ ၂၉ ရက်‌နေ့ထိ ဖားအံတွင် ပြုလုပ်ခဲ့သည်။