Home ထိပ်တန်းသတင်း ငြိမ်းချမ်း‌ရေးဖြစ်စဉ် ပြန်သုံးသပ် ညှိနှိုင်းလုပ်‌ဆောင်ရန် ‌ကေအဲန်ယူ‌ပြော

ငြိမ်းချမ်း‌ရေးဖြစ်စဉ် ပြန်သုံးသပ် ညှိနှိုင်းလုပ်‌ဆောင်ရန် ‌ကေအဲန်ယူ‌ပြော

2710

ဇွန် ၂၉ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောရှား

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး သ‌ဘောတူ စာချုပ် (NCA) အ‌ကောင်ထည်‌ဖော်မှုတွင် မူလ သ‌ဘောတူခဲ့သည် များကို လိုက်နာရန် ပျက်ကွက်မှုများရှိ‌နေပြီး ငြိမ်းချမ်း‌ရေး ဖြစ်စဉ်ကို ပြန်သုံးသပ် ညှိနှိုင်း လုပ်‌ဆောင်ရန် ‌ကေအဲန်ယူ- ကရင်အမျိုးသားအစည်း အရုံးက ဇွန် ၂၃ ရက်‌နေ ့ ရက်စွဲပါ ထုတ်ပြန်ချက်တွင် ‌ပြောဆိုထားသည်။

‌ကေအဲန်ယူက ငြိမ်းချမ်း‌ရေး ဖြစ်စဉ် ပြန်လည်သုံးသပ်ခြင်း အလုပ်ရုံ ‌ဆွေး‌နွေးပွဲကို လက်ရှိငြိမ်းချမ်း‌ရေး ဖြစ်စဉ်တွင် ပါဝင်ခဲ့ သူများနှင့် ဗဟို‌ကော်မတီဝင်များအပါအဝင် ‌ခေါင်း‌ဆောင် ၈ဝ ဦးဖြင့် ဖားအံခရိုင်၊ ‌လေးဝါးစခန်း၌ ဇွန် ၁၂ရက် မှ ၂၃ ရက်‌နေ့ထိ ပြုလုပ်ခဲ့ပြီး အလုပ်ရုံ‌ဆွေး‌နွေးပွဲ ရလဒ်အ‌ပေါ် အ‌ခြေခံ၍ ယခုလို ‌ကြေငြာချက်ထုတ်‌ပြောဆို ခြင်းဖြစ်သည်။

‌ကေအဲန်ယူ အတွင်း‌ရေးမှူးချုပ် ပဒို‌စောတာဒိုမှူးက “ အားနည်းတာက နှစ်ဖက်စလုံး (အစိုးရနှင့်တိုင်းရင်းသား လက်နက် ကိုင်‌တော်လှန်‌ရေးအဖွဲ့အစည်းများ) ရှိ‌ကောင်းရှိနိုင်တယ်။ တစ်နိုင်ငံလုံးနဲ့ ပတ်သက်တဲ့ နိုင်ငံ‌ရေး ‌ဆွေး‌နွေးပွဲအပိုင်းမှာ အစိုး ရက ခံယူထားတာက အဆင်သင့်ဖြစ်တဲ့ အဖွဲ့‌တွေ‌လောက်ပဲ ပါဝင်ခွင့်ရမယ်ဆို‌တော့ ဒါကလွဲ ‌ချော်‌နေတဲ့ အချက်‌ပေါ့‌နော်” ဟု ဇွန် ၂၇ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်အ‌ပေါ် အားရ‌ကျေနပ်မှု အပြည့်အဝမရှိသလို ငြိမ်းချမ်း‌ရေး အနှစ်သာရ တန်းတူရည်တူ ဆက်ဆံခြင်း၊ သ‌ဘောထားကွဲလွဲမှုများကို အချိန်ယူ အ‌ကျေအလည်‌ဆွေး‌နွေးနိုင်သည့် အခွင့်အလမ်းများရှိခြင်း၊ တဘက် သ‌ဘောထားအသံကို ကျန်တဘက်က ‌သေချာအချိန်ယူကာ နား‌ထောင်‌ပေးခြင်း စသည်တို့ကို လုပ်‌ဆောင်ရန်လိုသည်ဟု ပဒို‌စောတာဒိုမှူးက ဆက်‌ပြောသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် UPDJC ဆုံးဖြတ်ချက်ချမှတ်မှုများ ပြန်လည်သုံးသပ်ရန်၊ UPDJC ၏ အတွင်း‌ရေးမှူးအဖွဲ့အား သီးခြား လွတ်လပ် ကျွမ်းကျင်သူများနှင့် ပူးတွဲခန့်အပ်ခြင်းများဖြင့် ငြိမ်းချမ်း‌ရေးတိုးတက်မှုကို အား‌ပေးရန် ၊ ‌ဒေသအဆင့်၊ လူမျိုးအဆင့်နှင့် အ‌ကြောင်းအရာအလိုက် ပြုလုပ်‌သော နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲအား တစ်နိုင်ငံလုံးတွင် ကျယ်ကျယ် ပြန့်ပြန့်ပြု လုပ်မည့် မူလသ‌ဘောတူညီမှုကို ဆက်သ‌ဘောတူရန် စသည့်အချက်များအပါအဝင် အကြံပြု ‌ဖော်ပြထားသည်။

၁၁ ရက်ကြပြုလုပ်ခဲ့သည့် အလုပ်ရုံ‌ဆွေး‌နွေးပွဲတွင် ၂၀၁၂ ခုနှစ်က လက်မှတ်ထိုး ခဲ့သည့် ပြည်နယ်နှင့် ပြည်‌ထောင်စု အ ဆင့် အပစ်အခတ်ရပ်စဲ‌ရေး စာချုပ်များ၊ ၂၀၁၅ ခုနှစ်တွင် ချုပ်ဆိုခဲ့သည့် ငြိမ်းချမ်း‌ရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်‌ရေး ဆိုင်ရာ ကတိပြုချက်နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မူ ရပ်စဲ‌ရေးသ‌ဘောတူညီချက်များ အားလုံးကို သုံးသပ်ခဲ့သည်ဟု ‌ကေအဲန်ယူက ‌ပြောသည်။
မြန်မာအစိုးရ အဆက်ဆက်ကို နှစ်‌ပေါင်း ၆ဝ ‌ကျော် လက်နက်ကိုင် ခုခံ‌တော်လှန်ခဲ့သည့် KNU သည် ၂၀၁၂ ခုနှစ်၊ ဇန်န ဝါရီလ ၁၂ ရက်‌နေ့တွင် အစိုးရ နှင့် ပြည်နယ်အဆင့် ပဏာမ အပစ်ရပ်စာချုပ်ကို ချုပ်ဆိုကာ ၂၀၁၅ ခုနှစ် ‌အောက်တိုဘာ ၁၅ ရက်‌နေ့တွင် အခြား တိုင်းရင်းသား လက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်း ၇ ဖွဲ့နှင့်အတူ NCA စာချုပ်ကို ချုပ်ဆိုထား သည့် အဖွဲ့ဖြစ်သည်။