KIC News
ဝင်းရော်ဒေသ လှိုင်ထောင်ဖလမေ ရေတံခွန်သွားလမ်းကို တာဝန်ရှိသူများမှ လာရောက်ပြုပြင်ပေးရန် ဒေသခံများလိုလားနေ
နိုဝင်ဘာ ၆ရက်၊ ၂၀၁၆ခုနှစ်။ စောမြတ်ဦးသာ
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျုံခဝန်ကျေးရွာ အနောက်ဘက်တောင်ညိုတောင်တန်းပေါ်တွင် တည်ရှိသည့် လှိုင်ထောင်ဖလမေရေတံခွန်တွင် လာရောက်အပန်းဖြေသူ များလာသည့်အတွက် သွားလာရေး အဆင်ပြေစေရန် ရေတံခွန်သွားလမ်းကို နိုင်ငံတော် အစိုးရတာဝန်ရှိသူများမှ လာရောက်ပြုပြင်ပေးစေလို ကြောင်း ဒေသခံကျေးရွာ တာဝန်ရှိသူများက ပြောသည်။
“ဒီနှစ်လာရောက်အပန်းဖြေသူများ လာတယ်။ လမ်းကြမ်းတော့ သွားလာသူတွေအခက်အခဲရှိတယ်။...
အာရှလမ်းမဖောက်လုပ်ရန် လွန်းညတောင်၌ လမ်းခင်းကျောက်များ ထုတ်ယူမည့်အပေါ် ဒေသခံများ မလိုလား
နိုဝင်ဘာ ၄ရက်၊ ၂၀၁၆ခုနှစ်။ နန်းဝေဖြိုးဇာ
ကရင်ပြည်နယ်၊ ကော့ကရိတ်မှ ဖားအံမြို့နယ်၊ အိန္ဒုကျေးရွာအထိ ဆက်ဖောက်လုပ်မည့် အာရှအဝေးပြေး လမ်းမကြီးအတွက် လိုအပ်သည့် လမ်းခင်းကျောက်များကို ဖားအံမြို့နယ်၊ လွန်းညကျေးရွာရှိ၊ လွန်းညတောင်၌ လိုအပ်သည့် လမ်းခင်းကျောက်များ လာရောက်ထုတ်ယူမည့်အပေါ် မလိုလားကြောင်း ဒေသခံများက နိုဝင်ဘာ ၃ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။
အဆိုပါ...
KNU/KNLA-PC၏ ဋ္ဌာနချုပ်ရုံးထိုင်မှူး၊ ဗိုလ်မှူးကြီးစောဂျိုးဇက် ကွယ်လွန်
နိုဝင်ဘာ ၄ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး
ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA-PC၏ ဋ္ဌာနချုပ်ရုံးထိုင်မှူးဖြစ်သူ ဗိုလ်မှူးကြီးစောဂျိုးဇက်(၆၂)နှစ်သည် နိုဝင်ဘာလ ၄ရက်နေ့ (ယနေ့) နံနက် ၇နာရီခွဲခန့်တွင် ၎င်းတို့ဋ္ဌာနချုပ်တည်ရှိရာ ထို့ကော်ကိုးကျေးရွာရှိ ၎င်း၏ နေအိမ်၌ လူကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်ဟု သိရသည်။
ဗိုလ်မှူးကြီး စောဂျိုးဇက်၏ ညီမဖြစ်သူ နော်မာဂရက်က “အရင်က နှလုံးရောဂါရှိနေပေမဲ့လည်း...
စိတ်ကူးဖြင့် ဖန်တီးသည့် စွန့်ပစ်ပစ္စည်းများ၏ စွန့်ဦးတီထွင်မှုပြိုင်ပွဲ ပထမဦးဆုံးအကြိမ် ကျင်းပတော့မည်
နိုဝင်ဘာ ၃ရက်၊ ၂၀၁၆ခုနှစ်။ စောညွန့်သောင်း
ကရင်ပြည်နယ်ရှိ လူငယ်များအနေဖြင့် မိမိတို့၏စိတ်ကူးဖြင့် ပြုလုပ်ဖန်တီးထားသည့် စွန့်ပစ်ပစ္စည်းများ စွန့်ဦးတီထွင်မှု ပြိုင်ပွဲတစ် ရပ်ကို ကရင်ပြည်နယ်၊ စွန့်ဦးတီထွင်မှု လူငယ်ကွန်ရက်အဖွဲ့မှ ဦးဆောင်ကာ ပထမဦးဆုံးအကြိမ်အဖြစ် လာမည့် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ဖားအံမြို့၊ ကန်သာယာရှေ့ရှိ ကန်သာဦးခန်းမဆောင်၌ ကျင်းပပြုလုပ်သွားမည်ဟု...
ထိုင်းနယ်စပ်၊ မယ်တော်ဆေးခန်းတွင် တစ်လအတွင်းပျမ်းမျှ ကလေးဦးရေ ၂၀၀ကျော် မွေးဖွားပေးနေရ
နိုဝင်ဘာ ၃ရက်၊ ၂၀၁၆ခုနှစ်။ (စဖန်းရှောင်း၊ စောချာလု)
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းတွင် လာရောက်ပြသသည့် ကိုယ်ဝန်ဆောင်မိခင်များအား ယခုနှစ်အ တွင်း တစ်လလျှင် ပျမ်းမျှ ကလေးဦးရေ ၂၀၀ကျော်နှုန်း မွေးဖွားမှုများ ပြုလုပ်ပေးနေရကြောင်း မယ်တော်ဆေးခန်းမှ ပြုစုထား သည့် စာရင်းများအရ သိရသည်။
အဆိုပါ မွေးဖွားနှုန်းမှာ မယ်တော်ဆေးခန်းမှ...
မြိုင်ကြီးငူဒေသရှိ စစ်ဘေးရှောင်ကလေးသူငယ် ၁,၀၀ဝအား ကာကွယ်ဆေးများ လိုက်လံထိုးပေးနေ
နိုဝင်ဘာ ၃ရက်၊ ၂၀၁၆ခုနှစ်။ ကဆောဝါး
ကရင်ပြည်နယ်၊ မြိုင်ကြီးငူဒေသ စစ်ရှောင်ဒုက္ခသည်စခန်းတွင် ခိုလှုံနေထိုင်နေရသည့် စစ်ဘေးရှောင်ကလေးသူငယ် ၁,၀၀ဝနီး ပါးကို အဆိုပါ စစ်ဘေးရှောင်စခန်းတွင် တာဝန်ယူနေသည့် ကျန်းမာရေးဝန်ထမ်းများ၊ သူနာပြုများနှင့် ဆေးလုပ်သားများ စုပေါင်းကာ အုပ်စုဖွဲ့ပြီး ကာကွယ်ဆေးထိုးပေးခြင်းလုပ်ငန်းများ လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။
မဲ့သဝေါတိုက်ပွဲ ဖြစ်ပွားမှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာရသူ ဒေသခံများခိုလှုံရာ...
မြန်မာ့ရာဘာထုတ်ကုန်များကို နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ်ထုတ်ပေးနိုင်ရန် ရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း ကြိုးပမ်းနေ
နိုဝင်ဘာ ၃ရက်၊ ၂၀၁၆ခုနှစ်။ စောမြတ်ဦးသာ
မြန်မာနိုင်ငံအတွင်းရှိ ရာဘာထုတ်ကုန်များမှာ အရည်အသွေးစံချိန်မမီသဖြင့် အခြားရာဘာတင်ပို့သည့်နိုင်ငံများထက် ဈေးနိမ့်ကျ နေမှုကို အစိုးရက သက်ဆိုင်ရာဋ္ဌာနများနှင့်ပူးပေါင်းကာ အရည်အသွေး ထိန်းချုပ်နိုင်ရန် နည်းမျိုးစုံကြိုးစားနေပြီး နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ် ထုတ်ပေးနိုင်သည့်အဆင့်ထိ ရရှိရန် ဆောင်ရွက်လျှက်ရှိသည်ဟု မြန်မာနိုင်ငံ ရာဘာစိုက်ပျိုးထုတ်လုပ် သူများအသင်း၏ အတွင်းရေးမှူး ဦးခိုင်မြင့်က...
ကေအဲန်ယူ ကွန်ဂရက် မရွှေ့သင့်ဟု ရန်ကုန်ကရင်နိုင်ငံရေးအသိုင်းအဝိုင်း သုံးသပ်ပြောဆို
နိုဝင်ဘာ ၃ရက်၊ ၂၀၁၆ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)၏ (၁၆)ကြိမ်မြောက် ကွန်ဂရက်ကို သတ်မှတ်ကာလ လေးနှစ်ပြည့်မည့် ယခုနှစ်၊ နိုဝင်ဘာလ၌ ကျင်းပရမည်ဖြစ်သော်လည်း ၎င်းကွန်ဂရက်ကို လက်ရှိ အစိုးရနှင့် ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေးဖြစ်စဉ် ပြီးဆုံး မှသာပြုလုပ်သွားရန် ကေအဲန်ယူ ခေါင်းဆောင်အချို့က ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးတွင် တင်ပြခဲ့ထားသည်ဟု ကြား သိရသည့်အပေါ်...
ကရင့်အနာဂတ်ကံကြမ္မာ
စ’မေ့ဖန်း
(နိုဝင်ဘာ ၂၊ ၂၀၁၆)
ယနေ့လူငယ် ကွန်ရက်အဖွဲ့များ စာပေယဉ်ကျေးမှုအသင်းအဖွဲ့များ ကရင်အမျိုးသား နှစ်သစ်ကူးကျင်းပရေး ကော်မတီများ၊ လူ ထုအခြေပြု လူမှုအဖွဲ့များသည် နိုင်ငံရေးပါတီများနှင့် ကရင့်လက်နက်ကိုင်အဖွဲ့အစည်းများ လှုပ်ရှားမှုနေ့စွဲများ၊ မှတ်တမ်းများသည် နောင်တချိန်၌ သမိုင်းအဖြစ် တွင်ကျန်ခဲ့ပေလိမ့်မည်။
နောင်လာနောင်သားတို့၏ မှတ်သားဖွယ်ရာ ဥဒါဉ်ကျူးဘွယ်ရာ သမိုင်းမှတ်တမ်းမျိုးဆိုလျှင် တန်ဘိုးရှိလှစွာ သမိုင်းကို အခြေခံ၌...
ပြည်နယ်အတွင်း မြေယာပြဿနာ ဖြေရှင်းရာတွင် အထောက်အကူပြုရေး အစီရင်ခံစာထုတ်ပြန်
နိုဝင်ဘာ ၂ရက်၊ ၂၀၁၆ခုနှစ်။ နန်းဝေဖြိုးဇာ
ကရင်ပြည်နယ်အတွင်း ၁၉၈၈ခုနှစ်မှ ၂၀၀၇ခုနှစ်အထိ အကြောင်းအမျိုးမျိုးကြောင့် မြေယာအသိမ်းခံထားရမှုများကို လက်ရှိ အစိုးရက မြေယာပြဿနာဖြေရှင်းရာတွင် အထောက်အကူပြုရေးအတွက် တိုင်းရင်းသားအရင်းအမြစ်စီမံကိန်းအဖွဲ့(EPRP)နှင့် ပြည်နယ်အရပ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းပြုစုထားသည့် ‘ ဇွဲကပင်သက်သေ ဒို့ယာမြေ’ ခေါင်းစဉ်ဖြင့် အစီရင်ခံစာတစ်စောင် ကို နိုဝင်ဘာလ ၁ရက်နေ့က ထုတ်ပြန်လိုက်သည်။
အဆိုပါအစီရင်ခံစာကို...














