KIC News
ပြည်နယ် အရပ်ဖက်အဖွဲ့ကွန်ရက် သတင်းဂျာနယ်နှင့် စပ်လျဉ်းသောအကြောင်းအရာများ မိတ်ဆက်ဆွေးနွေး
မတ်လ ၁၇ရက်၊ ၂၀၁၇ခုနှစ်။ ကဆောဝါး
ကရင်ပြည်နယ်လုံးဆိုင်ရာ အရပ်ဖက် လူမှုအထောက်အကူပြု အဖွဲ့အစည်းများကွန်ရက်-KSCN ၏ လုပ်ငန်းညှိနှိုင်းအစည်းအ ဝေးကို မတ်လ ၁၆ရက်နေ့က ဖားအံမြို့ ၊ ရတနာဒီပရပ်ကွက် ပအိုဝ်းဓမ္မာရုံတွင် ပြုလုပ်ခဲ့ရာ ရှေ့လုပ်ငန်းစဉ်များနှင့် ပြည်နယ် အခြေပြုဖွံ့ဖြိုးရေးအတွက် သတင်းဂျာနယ်မီဒီယာကဏ္ဍနှင့် စပ်လျဉ်းသောအကြောင်းအရာများအား မိတ်ဆက်ဆွေးနွေးခဲ့သည်။
ကရင်ပြည်နယ်၏...
သင်ကြားရေးဆိုင်ရာ ပိုမိုကျွမ်းကျင်ရန် ကရင်ကျောင်းဆရာ၊ဆရာမများကို နွေရာသီမွမ်းမံသင်တန်းပေး
မတ်လ ၁၇ရက်၊ ၂၀၁၇ခုနှစ်။ စောချာလု
ကရင်ပညာရေးဌာန-KEDနှင့် ကရင်ကျောင်းဆရာများသမဂ္ဂ-KTWG တို့ ပူးပေါင်းပြီး နွေရာသီ ကရင်ကျောင်းဆရာ၊ ဆရာမများ မွမ်းမံသင်တန်းကို ကော့ကရိတ်မြို့နယ်၊ ဒေါနတောင်တန်း အနောက်ဘက်ခြမ်းရှိ အံဖကြီးကျေးရွာ အလယ်တန်းကျောင်း၌ မတ် လ ၁၆ရက်နေ့က ဖွင့်လှစ်ပေးခဲ့သည်။
ကရင်ပညာရေးဋ္ဌာန၏ သင်ရိုးညွှန်းတမ်းကို သင်ကြားနေကြသည့် ကရင်ဆရာ၊ဆရာမများအား သင်ကြားရေးပိုင်းဆိုင်ရာ...
CSC ၏ လေးနှစ်တာ လုပ်ငန်းအစီရင်ခံစာကို ကေအဲန်ယူ အတည်ပြု
မတ်လ ၁၇ရက်၊ ၂၀၁၇ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် ဖားအံခရိုင် လေးဝါးစခန်းတွင် ကျင်းပသည့် ၁၆ကြိမ်မြောက် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကွန်ဂ ရက် သုံးရက်မြောက်နေ့၊ မတ်လ ၁၆ရက်တွင် KNU ဗဟိုအမြဲတမ်းကော်မတီ၏ ကွန်ဂရက်သို့ တင်ပြသော လေးနှစ်တာ ကာလ အတွင်း လုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေဆိုင်ရာ အစီရင်ခံစာကို...
အီတူးထာ့စစ်ပြေးရှောင်စခန်း၌ ၂နှစ်အောက်ကလေးများ ဝမ်းပျက်ဝမ်းလျှော ဆက်တိုက်ဖြစ်ပွားနေ
မတ် ၁၆ရက်၊ ၂၀၁၇ခုနှစ်။ စအိုင်ဆူး
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်းရှိ ပြည်တွင်းစစ်ရှောင် အီတူးထာ့ဒုက္ခသည်စခန်း၌ ဖေဖော်ဝါရီလမှ စတင်ကာ ယခု မတ်လ အထိ အသက် ၂နှစ်အောက်ကလေးငယ်များမှာ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှု ဆက်တိုက်ဖြစ်နေသည့်အတွက် ဆေးဝါး အကူအညီများ အရေးပေါ်လိုအပ်လျှက်ရှိသည်ဟု စခန်းတွင်း ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများက ပြောသည်။
အဆိုပါဖြစ်ပွားမှုမှာ ပြီးခဲ့သည့်...
လူထုဗဟိုပြုစီမံကိန်း ပူးတွဲ အကောင်အထည်ဖော်ပါက လက်ခံမည်ဟု မွန်ပြည်သစ်ပါတီပြောဆို
မတ် ၁၆ရက်၊ ၂၀၁၇ခုနှစ်။ စောမြတ်ဦးသာ
ကြာအင်းဆိပ်ကြီးမြို့နယ်တွင် မတ်လကုန်ပိုင်း၌ အကောင်အထည်ဖော်ဆောင်မည့် ဒုတိယနှစ် လူထုဗဟိုပြုစီမံကိန်းကို ၎င်းတို့ နှင့် ပူးတွဲဆောင်ရွက်လျှင် လက်ခံမည်ဟု မွန်ပြည်သစ်ပါတီမှ ပြည်တွင်းရေးတာဝန်ခံ နိုင်ဝင်းလှက မတ်လ ၁၅ရက်နေ့တွင် ကေ အိုင်စီသို့ ပြောသည်။
နိုင်ဝင်းလှက “ကျနော်တို့ကို ဘေးဖယ်ထားပြီး အကောင်ထည်ဖော်မယ်ဆိုရင် စဉ်းစားရမဲ့အပိုင်း...
ဒေသခံများ ဆန္ဒအတိုင်း တံတားနာမည်ပေးရန် မွန်ပြည်နယ်ရှိ ကရင်တိုင်းရင်းသားများ လိုလား
မတ် ၁၆ ရက် ၊ ၂၀၁၇ ခုနှစ်။ စောထွန်းလင်း
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နှင့် ချောင်းဆုံမြို့သို့ ဆက်သွယ်ထားသည့် သံလွင်မြစ်ကူးတံတားကို ဒေသခံများ သဘောဆန္ဒ အတိုင်း နာမည်ပေးရန် မွန်ပြည်နယ်အတွင်းရှိ ကရင်တိုင်းရင်းသားများက လိုလားသည်ဟု မွန်ပြည်နယ်၊ လွှတ်တော်တိုင်း ရင်းသားရေးရာ ကော်မတီဝင် စောကျော်မိုးက မတ်...
အသစ်တက်လာမည့် KNU ခေါင်းဆောင်များ ရေကာတာစီမံကိန်းကိုလက်မခံရန် ကရင်လူထုတောင်းဆို
မတ်လ ၁၅ရက်၊ ၂၀၁၇ခုနှစ်။ စအိုင်ဆူး
(၁၆)ကြိမ်မြောက် KNU-ကရင်အမျိုးသားအစည်းအရုံး ကွန်ဂရက်အပြီး အသစ်တက်လာမည့် ကေအဲန်ယူခေါင်းဆောင်များအနေ ဖြင့် သံလွင်မြစ်ပေါ်ရှိ ရေကာတာစီမံကိန်းများကို လက်မခံရန် ကရင်မြစ်ချောင်းများစောင့်ကြည့်ရေးအဖွဲ့ (KRW)နှင့် ဒေသခံ ကရင်ပြည်သူများက မတ်လ ၁၄ရက်နေ့တွင် တောင်းဆိုခဲ့ကြသည်။
ထိုနေ့တွင် ကျရောက်သည့် နိုင်ငံတကာ မြစ်ချောင်းများနေ့ အခမ်းအနားကို ကေအဲန်ယူနယ်မြေ...
ဖက်ဒရယ်မရသေးခင် ရေကာတာ စီမံကိန်းများရပ်ဆိုင်းထားရန် တောင်းဆို
မတ် ၁၅ ရက်၊ ၂၀၁၇ ခုနှစ်။ နန်းဝေဖြိုးဇာ
မြန်မာနိုင်ငံ ဖက်ဒရယ်စနစ် ဖော်ဆောင်မှုမရသေးသမျှ ကာလအတွင်း တိုင်းရင်းသားဒေသ ပဋိပက္ခဇုန်အတွင်း တည် ဆောက်မည့်ရေကာတာ စီမံကိန်းများကို ရပ်ဆိုင်းထားရန် မြန်မာမြစ်ချောင်းဆိုင်ရာကွန်ရက် (BRN)၊ သံ လွင်ထိန်းသိမ်း ကာကွယ်ရေးဆိုင်ရာကွန်ရက်နှင့် မြန်မာနိုင်ငံ သဘာဝပတ်ဝန်းကျင်အလုပ်အဖွဲ့ (BEWG) တို့မှ...
ကေအဲန်ယူ ၁၆ကြိမ်ကွန်ဂရက်တွင် ကိုယ်စားလှယ်နှင့် လေ့လာသူပေါင်း ၃၀၀ကျော် တက်ရောက်
မတ်လ ၁၄ရက်၊ ၂၀၁၇ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ (၁၆)ကြိမ်မြောက် ကွန်ဂရက်ကို ဗဟို၊ ခရိုင်၊ မြို့နယ် ၇ခုမှ ကိုယ်စားလှယ်များနှင့် လေ့လာသူ စုစုပေါင်း ၃၁၈ဦးဖြင့် ယနေ့ မတ်လ ၁၄ရက်နေ့တွင် စတင် ကျင်းပလျက်ရှိသည်။
ကေအဲန်ယူကွန်ဂရက်ကို ယခင်သတ်မှတ်ထားသည့်ရက်အတိုင်း ကေအဲန်ယူ၏ ဖားအံခရိုင် လေးဝါးတွင် ကျင်းပနေခြင်းဖြစ်ပြီး...
ကျောက်ကလပ် စေတီတော် ရေကန်အရှေ့ဘက် ရေမခမ်းခြောက်စေရန် ပြန်လည်တူဖော်
မတ် ၁၄ ရက်၊ ၂၀၁၇ ခုနှစ်။ ကဆောဝါး
ကရင်ပြည်နယ်၊ ဖားအံမြို့ ကျောက်ကလပ်စေတီတော်ရှိ ရေကန်ခမ်းခြောက်မှုကြောင့် ရေနေသတ္တဝါမျိုးစိတ်များ နှင့် ငါးမျိုးစုံတို့ မျိုးတုန်းပျောက်ကွယ်မှုမရှိစေရန် လတ်တလောတွင် ကန်တွင်းသတ္တဝါများ ခေတ္တရွှေ့ပြောင်း၍ စေတီတော် အရှေ့ဘက်ပိုင်း ငါးကန်ပြန်လည်တူးဖော်မှုလုပ်ငန်းများ စတင်လုပ်ဆောင်နေကြောင်း သိရှိရသည်။
ယခုနှစ်...














