Home သတင်း ကရင်နှစ်သစ်ကူး‌နေ့အခမ်းအနား ‌နေပြည်‌တော်ရှိ ကရင်လွှတ်‌တော်အမတ်များ ဦး‌ဆောင်ကျင်းပမည်

ကရင်နှစ်သစ်ကူး‌နေ့အခမ်းအနား ‌နေပြည်‌တော်ရှိ ကရင်လွှတ်‌တော်အမတ်များ ဦး‌ဆောင်ကျင်းပမည်

2258

နိုဝင်ဘာ ၂၉ရက်၊ ၂၀၁၇ခုနှစ်။ ‌စောမြတ်ဦးသာ

‌နေပြည်‌တော်ရှိ ပြည်‌ထောင်စုလွှတ်‌တော်‌ရောက် ကရင်လွှတ်‌တော်ကိုယ်စားလှယ်များက ဦး‌ဆောင်ကာ ဒီဇင်ဘာ ၁၈ရက်‌နေ့ တွင် ကျ‌ရောက်မည့် ၂၇၅၇ခုနှစ်၊ ကရင်နှစ်သစ်ကူး‌နေ့ အခမ်းအနားကို ‌နေပြည်‌တော် MCC2 ခန်းမ၌ ပြုလုပ်သွားမည်ဟု ကျင်းပ ‌ရေး‌ကော်မတီ အတွင်း‌ရေးမှူးဖြစ်သူ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ် ‌စောရှား ‌ဖောင်အွာက ‌ပြောသည်။

၎င်းက “တိုင်းရင်းသားအားလုံး ‌သွေးစည်းညီညွတ်ဖို့ ကျင်းပရခြင်းဖြစ်တယ်။ ဒီ‌ဒေသမှာ‌နေထိုင်တဲ့ ကရင်ဖြူ‌တွေက ရိုးရာယဉ် ‌ကျေးမှုနဲ့ အလှမ်း‌ဝေး‌နေခဲ့‌တော့ သူတို့ရဲ့စာ‌ပေ၊ ယဉ်‌ကျေးမှု‌တွေ ဖွဲ့စည်းလာနိုင်‌အောင် ကျင်းပ‌ပေးခြင်းဖြစ်တယ်”ဟု နိုဝင်ဘာ လ ၂၉ရက်‌နေ့က ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်နှစ်သစ်ကူး‌နေ့ကို ဥပ‌ဒေ‌ဘောင်အတွင်းက တရားဝင် ရရှိခဲ့ခြင်းမှာ ကရင်လူမျိုးတစ်စုထဲ ညီညွတ်၍ ရခဲ့ခြင်းမဟုတ်ဘဲ အခြားတိုင်းရင်းသားများ၏ ‌ထောက်ခံအား‌ပေးမှု‌ကြောင့် ရရှိလာခဲ့ခြင်းဖြစ်၍ စည်းလုံးညီညွတ်မှုအ‌ပေါ် သင်ခန်းစာယူစရာ ဖြစ်ခဲ့ ပြီး လာမည့်နှစ်သစ်တွင် အမျိုးသား‌ရေးအတွက် ပိုမိုစည်းလုံးညီညွတ်ကြ‌စေချင်သည်ဟု ကျင်းပ‌ရေး‌ကော်မတီ အတွင်း‌ရေးမှူး ‌စောရှား‌ဖောင်အွာက ဆက်‌ပြောသည်။

အဆိုပါ နှစ်သစ်ကူးပွဲ‌တော်တွင် ကရင်အမျိုးသားအလံတင် အခမ်းအနားအပြင် ရိုးရာဖီ့ဘူး‌ယော်၊ တံခွန်တိုင်၊ ကရင်ရိုးရာဒုံးအက တို့ဖြင့် ‌ဖျော်‌ဖြေသွားမည်ဖြစ်သလို နှစ်သစ်ကူး‌နေ့ အထိမ်းအမှတ်အဖြစ် ကရင်မဂ္ဂဇင်းကို ထုတ်‌ဝေသွားမည်ဖြစ်‌ကြောင်းလည်း ကျင်းပ‌ရေး‌ကော်မတီဝင်များထံမှ သိရသည်။

ပျဉ်းမနားမြို့‌နေ ကရင်ဖြူမျိုးနွယ်စုဝင် ‌စောစိုးနိုင်က “ကရင်‌တော့ ကရင်ပဲ။ အရင်က နှစ်သစ်ကူး ရှိတယ်ဆိုတာ တစ်ခါမှ မသိ ဘူး။ ‌နေပြည်‌တော်‌ကောင်စီနယ်‌မြေမှာ ကျ‌နော်တို့ ‌နေထိုင်လာတာကြာပြီး။ စာ‌ပေ၊ ယဉ်‌ကျေးမှုနဲ့ အလှမ်း‌ဝေးခဲ့တယ်။ လွှတ် ‌တော်ကိုယ်စားလှယ်‌တွေ နှစ်သစ်ကူးကျင်းပ‌ပေးတာ အရမ်းဝမ်းသာတယ်ဗျာ။ ကျ‌နော်တို့ ယဉ်‌ကျေးမှုဒုံးအက‌တွေ စာ‌ပေ‌တွေကို လည်း ဖွဲ့စည်း‌ဖော်ထုတ်‌ပေး‌စေချင်ပါတယ်။ လိုအပ်တဲ့ လူအင်အား‌တွေ၊ ‌ငွေ‌ကြေးအပိုင်း‌တွေမှာ ကျ‌နော်တို့ ပူး‌ပေါင်း‌ဆောင်ရွက် ‌ပေးသွားမယ်”ဟု နိုဝင်ဘာ ၂၉ရက်‌နေ့က ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြည်‌ထောင်စုလွှတ်‌တော်‌ရောက် ကရင်လွှတ်‌တော်ကိုယ်စားလှယ်များအ‌နေဖြင့် ယခုလို ကရင်နှစ်သစ်ကူး‌နေ့ အခမ်းအနားကို ပြီးခဲ့သည့် ၂၀၁၆ခုနှစ်၊ (ကရင်သက္ကရာဇ် ၂၇၅၆ခုနှစ်) က ‌နေပြည်‌တော် MCC2 ခန်းမ၌ ကျင်းပခဲ့ကြရာ နိုင်ငံ‌တော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ‌ဒေါ်‌အောင်ဆန်းစုကြည် တက်‌ရောက်ခဲ့ပြီး ယခုကျင်းပမည့် ပွဲ‌တော်မှာ ဒုတိယအကြိမ်‌မြောက် ဖြစ်သည်။

မြန်မာနိုင်ငံတွင် (၁၉၄၇)ခုနှစ် လွတ်လပ်‌ရေးမရမီ ကရင်အမျိုးသားနှစ်သစ်ကူး‌နေ့ကို တစ်နိုင်ငံလုံး အစိုးရရုံးပိတ်ရက်(Gazetted Holiday)အဖြစ် အဂင်္လိပ်အစိုးရက သတ်မှတ်‌ပေးခဲ့ပြီး နိုင်ငံအနှံ့သာမက ကမ္ဘာ့နိုင်ငံအသီးသီးတွင် ‌နေထိုင်ကြသည့် ကရင်တိုင်း ရင်းသားများက သ‌လေးထိုင်‌ခေါက်ဖိုး (‌ခေါ်) ပြာသိုလဆန်း တစ်ရက်‌နေ့တွင် နှစ်စဉ် ကျင်းပပြုလုပ်လာခဲ့ကြသည်။