KIC News
မြေယာကိစ္စရပ်များကို ပူးပေါင်းဖြေရှင်းနိုင်ရန် ပြည်နယ်အစိုးရအဖွဲ့ဝင်နှင့် KNUတို့ တွေဆုံဆွေးနွေးခဲ့
ဒီဇင်ဘာ ၉ရက်၊ ၂၀၁၆ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး KNU အနေဖြင့် ဖြစ်ပေါ်နေဆဲနှင့်ဖြစ်ပေါ်လာမည့် မြေယာပြဿနာများနှင့် ပတ် သက်ပြီး ပူးပေါင်းဆောင်ရွက်ဖြေရှင်းနိုင်ရေးအတွက် နိုဝင်ဘာ ၆ရက်နေ့က ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင် အချို့နှင့် ပြည်နယ်အစိုးရရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်လွင်၊...
ကရင်ကိုယ်တော်လေး ဖိုးတခေတ်၏ ၂၃ကြိမ်မြောက် မွေးနေ့ပွဲတော် ရက်သတ္တပတ်ကျော်ကြာ ကျင်းပမည်
ဒီဇင်ဘာလ ၉ရက်၊ ၂၀၁၆ ခုနှစ်။ ကဆောဝါး
ကရင့်ရိုးရာယဉ်ကျေးမှု အစဉ်အလာ ဓလေ့စရိုက်များနှင့်အညီ ထိန်းသိမ်းနေထိုင်သူဟု ဒေသတွင်း ထင်ရှားသူ တစ်ဦးဖြစ် သည့် ကရင့်ကိုယ်တော်လေး ဖိုးတခေတ်၏ ၂၃ ကြိမ်မြောက်(၃၉)နှစ်ပြည့် မွေးနေ့ မဂင်္လာပွဲတော်နှင့် နေလဘုရား အနေ ကဇာတင်ပွဲတော်ကို ကရင်ပြည်နယ် ဖားအံမြို့နယ်၊ ဂျိုင်းကျေးရွာအုပ်စု၊...
ပန်းတနော် စာယဉ် အနုသုခုမ ဆက်ကော်မတီတွင် အတူတွဲလုပ်ရန် အနုပညာရှင်များဆွေးနွေး
ဒီဇင်ဘာ ၉ရက်၊ ၂၀၁၆ခုနှစ်။ နန့်သွာဖောင်
ပန်းတနော်မြို့နယ်၊ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီလက်အောက်ခံ၊ အနုသုခုမ ဆပ်ကော်မတီတွင် စည်းလုံးညီညွှတ်စွာ တွဲလုပ်နိုင်ရေးအတွက် ကရင်ဂီတ အနုပညာရှင်များက ဒီဇင်ဘာ ၇ ရက်နေ့တွင် ပန်းတနော် မြို့နယ်၊ ကရင်စာပေနှင့် ယဉ်ကျေးမှု ပြတိုက်၌ တွေ့ဆုံဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့သည်ဟု ဦးဆောင်စီစဉ်သူများက ဒီဇင်ဘာ...
ဝါရင့် ကရင်တော်လှန်ရေးသမားကြီး ပဒိုမန်းရင်စိန်ကွယ်လွန်
ဒီဇင်ဘာ ၈ရက်၊ ၂၀၁၆ ခုနှစ်။ ကေအိုင်စီ
ကရင့်တော်လှန်ရေးတွင် နှစ်ပေါင်းများစွာပါဝင်လှုပ်ရှားခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး KNUခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်သူ အသက် ၈၂ နှစ်အရွယ် ပဒိုမန်းရင်စိန်(ပဒိုမန်း)သည် ဒီဇင်ဘာ ၆ရက်နေ့၊ ဩစတေးလျားနိုင်ငံ၊ Melbourne မြို၌ ဩစတေးလျား စံတော်ချိန် မနက် ၈နာရီအချိန်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားကြောင်း...
ကော့ကရိတ်မြောက်ပိုင်းရှိ ရွာချင်းဆက်လမ်းများ ယိုယွင်းပျက်စီးနေမှုကြောင့် ဒေသခံများ သွားလာရေး ခက်ခဲ
ဒီဇင်ဘာ ၈ ရက်၊ ၂၀၁၆ ခုနှစ်။ ကဆောဝါး
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ မြောက်ပိုင်းရှိ တံတားဦး-နောင်နိုင်းကျေးရွာ မြေသားလမ်းနှင့် ရန်ကုတ်- မိဖာလဲ့-ထီးဖိုးဇံ ရွာချင်းဆက် ကျောက်ခင်းလမ်းများမှာ ပြီးခဲ့သည့် မိုးတွင်းကာလမှစတင်ကာ လက်ရှိအချိန်ထိ ယိုယွင်းပျက်စီးနေမှုကြောင့် ယင်းဒေသတွင်းကျေးရွာများမှ ကော့ကရိတ်မြို့သို့ သွားလာရာတွင် ခက်ခဲမှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံများ၏...
ကေအဲန်ယူနယ်မှ စေတနာ့ဆေးပေးခန်းသစ် တစ်လကျော်အတွင်း ဒေသခံ ၅၀၀ကျော် ကုသပေးခဲ့
ဒီဇင်ဘာ ၇ရက်၊ ၂၀၁၆ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) နယ်မြေတစ်ခုဖြစ်သည့် ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ လူထု အခြေပြု ဆေးပေးခန်းမှာ ဖွင့်လှစ်ခဲ့သည့် တစ်လကျော်အချိန်အတွင်း ဒေသခံလူနာ ၅၀၀ကျော်ကို ကုသစောင့်ရှောက်ပေးနိုင်ခဲ့ ကြောင်း ဆေးပေးခန်းတာဝန်ခံ ဆရာစောဘောမူစေးက ကေအိုင်စီသို့ ပြောသည်။
“ဆေးပေးခန်းက စဖွင့်တာ ဆယ်လပိုင်း ၂၂ရက်။ တစ်လကျော်ပဲ...
KPSN အဖွဲ့ဝင်များပါဝင်သည့် ဖက်ဒရယ်မူဝါဒရေးရာ သင်တန်းပြုလုပ်
ဒီဇင်ဘာ ၇ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး
ငြိမ်းချမ်းရေး အထောက်အကူပြု ကရင်အရပ်ဖက်လူမှုအဖွဲ့အစည်းများ ကွန်ရက်(KPSN) အရပ်ဖက်အဖွဲ့ဝင်များပါဝင်သည့် ဖက်ဒရယ်မူဝါဒရေးရာ သင်တန်းတစ်ခုကို ဥပဒေအထောက်အကူပြု ကွန်ရက်မှ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ တစ်နေရာတွင် ဒီဇင်ဘာ ၅ရက်မှ ၉ရက်နေ့အထိ သင်တန်းပေးလျှက်ရှိသည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ပြောင်းလဲဦးတည်ရာ၌ တိုင်းရင်းသားများအတွက် ရှိသင့်ရှိထိုက်...
၁၆ ကြိမ်မြောက် KNUကွန်ဂရက်ကို မတ်လ ၁၄ရက်နေ့တွင် ကျင်းပရန် အတည်ပြုသတ်မှတ်
ဒီဇင်ဘာ ၇ရက်၊ ၂၀၁၆ ခုနှစ်။ စဖန်းရှောင်း
ပြည်တွင်းရှိ ကရင်နိုင်ငံရေးပါတီများ၊ ကရင်လူမှုအဖွဲ့အစည်းများ၊ ပြည်ပကရင်ကိုယ်စားလှယ်များပါဝင်မည့် ကရင်အမျိုးသားအစည်းအရုံး KNU၏ ၁၆ ကြိမ်မြောက်ကွန်ဂရက်ကို လာမည့် ၂၀၁၇ခုနှစ်၊ မတ်လ ၁၄ရက်နေ့တွင် စတင်ကျင်းပသွားရန် အတည်ပြုသတ်မှတ်လိုက်ပြီ်ဖြစ်ကြောင်း သိရသည်။
KNU ဖားအံခရိုင်၊ သေဘေထာ၌ ဒီဇင်ဘာလ ၃ရက်နေ့က ပြုလုပ်ခဲ့သည့်...
KSNG၏ ကျောင်းသားစုံညီပွဲတော် ဒေသခံ ၁၀၀၀ကျော် ပူးပေါင်းပါဝင်ခဲ့
ဒီဇင်ဘာ ၇ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး
ကရင်ကျောင်းသားကွန်ရက်(KSNG)မှ ဦးဆောင်ပြီး ဖားအံခရိုင်၊ တနေးချားမြို့နယ်(ကော့ကရိတ်မြို့နယ်)၊ မိဖာလိုင်းကျေး ရွာ၌ နိုဝင်ဘာ ၂၈ရက်မှ ဒီဇင်ဘာ ၁ရက်နေ့အထိ ကျင်းပသည့် ၁၁ကြိမ်မြောက် ဋ္ဌာနေမဲ့ (IDP) ကျောင်းသားစုံညီပွဲတော် အစီအစဉ်သို့ ကျေးရွာအုပ်စု (၄)စုရှိ စာသင်ကျောင်းပေါင်း ၁၃ကျောင်းမှ ဒေသခံကျောင်းသူ/ကျောင်းသား၊...
နယ်စပ်တွင်ဆက်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို ဆက်လက်ပြုလုပ်ပေးသွားမည်ဟု ဒေါက်တာ စင်သီယာမောင်ပြော
ဒီဇင်ဘာ ၆ရက်၊ ၂၀၁၆ခုနှစ်။ စဖန်းရှောင်း
မယ်တော်ဆေးခန်းအပါအဝင် ထိုင်း-မြန်မာနယ်စပ် အခြေစိုက်ကျန်းမာရေးအဖွဲ့အစည်းများအနေဖြင့် နယ်စပ် တွင်အခြေစိုက်ပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားရမည့် အခြေအနေမှာ ရှိနေသေးကြောင်း မယ်တော်ဆေးခန်းကို တည်ထောင်သူ ဒေါက်တာစင်သီယာမောင်က ယနေ့ (ဒီဇင်ဘာ ၆ရက်)တွင် ကျင်းပသည့် သူမ၏ (၅၇)နှစ်ပြည့် မွေးနေ့အခမ်းအနားတွင် ပြောကြားခဲ့သည်။
ဒေါက်တာ...















