Home သတင်း ဖက်ဒရယ် ပြည်‌ထောင်စုတည်‌ဆောက်‌ရေး ဥပ‌ဒေ‌ကြောင်းအရ အ‌ထောက်အကူပြုနိုင်ရန် ကရင်‌ရှေ့‌နေများ ကြိုးပမ်း

ဖက်ဒရယ် ပြည်‌ထောင်စုတည်‌ဆောက်‌ရေး ဥပ‌ဒေ‌ကြောင်းအရ အ‌ထောက်အကူပြုနိုင်ရန် ကရင်‌ရှေ့‌နေများ ကြိုးပမ်း

2823

နိုဝင်ဘာ ၂၇ရက်၊ ၂၀၁၇ခုနှစ်။ စအိုင်ဆူး

ဖက်ဒရယ်ပြည်‌ထောင်စုတည်‌ဆောက်ရာတွင် ဥပ‌ဒေ‌ကြောင်းအရ သုံးသပ် အ‌ထောက်အကူပြုနိုင်ရန် ကရင်ဥပ‌ဒေပညာရှင်များ နှင့် ‌ရှေ့‌နေများပါဝင်သည့် သင်တန်းတစ်ခုကို နိုဝင်ဘာလ ၂၇ရက်နှင့် ၂၈ရက်‌နေ့များတွင် ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့တစ်‌နေရာ၌ ပြုလုပ်ခဲ့ကြသည်။

လူ့အခွင့်အ‌ရေးကိုအ‌ခြေခံသည့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးရာတွင် ဥပ‌ဒေ‌ကြောင်းအရ သုံးသပ်နိုင်ရန်နှင့် ဥပ‌ဒေပညာရှင်များ၏ ပါဝင်သွားနိုင်သည့် အခန်းကဏ္ဍများကို ‌ဆွေး‌နွေးရန် ယခုလို သင်တန်းပြုလုပ်ရခြင်းဖြစ်သည်ဟု သင်တန်းကို ဦး‌ဆောင်သူ ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ ပဒိုမန်းမန်းမန်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “သွားရမဲ့ ဖက်ဒရယ်ပြည်‌ထောင်စုမှာ ဘယ်လိုဖက်ဒရယ်ပြည်‌ထောင်စုမျိုးကို တည်‌ဆောက်မှာလဲ။ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပဲဖြစ်ဖြစ် အဲ့ဒါ‌တွေကို အခုလက်ရှိသွား‌နေတဲ့ နိုင်ငံ‌ရေးကအစ ဒီအ‌ပေါ်မှာ ဥပ‌ဒေရှု‌ထောင့်က‌နေ သုံးသပ် ‌ပေးနိုင်ဖို့နဲ့ အကြံပြု အ‌ထောက်အကူပြုနိုင်ဖို့က ဥပ‌ဒေပညာရှင်‌တွေရဲ့ အဓိကအခန်းကဏ္ဍ ဖြစ်တယ်။ အဲ့ဒီအ‌ပေါ်မှာ ပါဝင်အကြံ ပြု လုပ်‌ဆောင်‌ပေးနိုင်ရန် ရည်ရွယ်တဲ့သင်တန်း ဖြစ်ပါတယ်”ဟု ‌ပြောသည်။

၎င်းအပြင် မြန်မာနိုင်ငံ၏ အရင်းခံပြဿနာသည် ဖက်ဒရယ်ပြည်‌ထောင်စု တည်‌ဆောက်ရန်ဖြစ်ပြီး ‌ခေတ်အဆက်ဆက်ရှိလာခဲ့ သည့် နိုင်ငံ၏ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေများမှာ ဖက်ဒရယ်ပြည်‌ထောင်စု ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ၏ ဖွဲ့စည်းမှုစနစ်အတိုင်း မဟုတ် ‌သော‌ကြောင့် ၎င်းဖက်ဒရယ်စနစ် ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေကို ‌ရောက်နိုင်ဖို့အတွက် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲအပြင် နိုင်ငံ‌ရေးပါတီအ တွင်း၊ လွှတ်‌တော်တွင်း၊ လွှတ်‌တော်ပြင်ပ၌ များစွာ ကြိုးစားလုပ်‌ဆောင်ရန် လိုအပ်‌နေ‌သေး‌ကြောင်းလည်း ပဒိုမန်းမန်းမန်းက ဆက်‌ပြောသည်။

နှစ်ရက်တာပြုလုပ်သည့် အဆိုပါသင်တန်း၌ လူ့အခွင့်အ‌ရေးကိုအ‌ခြေခံသည့် ဖက်ဒရယ်ပြည်‌ထောင်စုတွင် ပြည်နယ်များ၌ ရှိသင့် ရှိထိုက်သည့် လုပ်ပိုင်ခွင့်အာဏာ၊ ပြည်နယ်များ၏ လုပ်ပိုင်ခွင့်များထဲမှ အ‌ခြေခံစဉ်းစားနိုင်မည့် အုပ်ချုပ်‌ရေး၊ ဥပ‌ဒေပြု‌ရေး၊ တရားစီရင်‌ရေးအာဏာများထဲတွင် အထူးသဖြင့် ဥပ‌ဒေပြု‌ရေးအာဏာကို အ‌ခြေခံ၍ ‌ရှေ့‌နေများ၏ဥပ‌ဒေရှု‌ထောင့်မှ ‌ဆောင်ရွက် သွားနိုင်မည့်ပုံစံများကို အဓိက ပို့ချ‌ဆွေး‌နွေးသွားမည်ဟု သိရသည်။

ကရင်ငြိမ်းချမ်း‌ရေးအ‌ထောက်အကူပြုကွန်ရက်-KPSN ၏ ဦး‌ဆောင်စီစဉ်သည့် အဆိုပါသင်တန်းသို့ ပြည်တွင်းနှင့် နယ်စပ်‌ဒေသ ရှိ ကရင်‌ရှေ့‌နေများကွန်ရက်မှ အထက်တန်း‌ရှေ့‌နေများ၊ ဥပ‌ဒေပညာရှင်အချို့၊ ဖက်ဒရယ်‌ကျောင်းဆင်း ‌ကျောင်းသားအချို့ အပါအဝင် ကိုယ်စားလှယ်စုစု‌ပေါင်း ၂၀‌ကျော်ကို ဖိတ်‌ခေါ်၍ ဥပ‌ဒေအ‌ထောက်အကူပြုကွန်ရက်မှ ဦး‌အောင်ထူးနှင့် ၎င်းကွန်ရက် မှ ဥပ‌ဒေပညာရှင်အချို့တို့က ဖက်ဒရယ်စနစ်ဆိုင်ရာ ဥပ‌ဒေအ‌ကြောင်းအရာများကို ဦး‌ဆောင်‌ဆွေး‌နွေး‌ပေးခဲ့ကြသည်။

ကယားပြည်နယ် ကိုယ်စားလှယ်အ‌နေဖြင့် တက်‌ရောက်လာသူ အထက်တန်း‌ရှေ့‌နေ ‌စော‌ဒေးလိုထူးက “ကျ‌နော်တို့ လက်ရှိ ‌ရှေ့‌နေ ‌တော်‌တော်များများက ပြဌာန်းထားတဲ့ဥပ‌ဒေတို့ ဥပမာ ပြစ်မှုဆိုင်ရာဥပ‌ဒေတို့ ရာဇသတ်ကြီးတို့၊ ရာဇဝတ်ဆိုင်ရာကျင့်ထုံး ဒါ‌တွေ‌လောက်ပဲသိကြတယ်။ အဓိက ၂၀၀၈ ဖွဲ့စည်းပုံလိုမျိုးကို ‌လေ့လာမှု အားနည်း‌နေ‌သေးတယ်။ အခုသင်တန်းက‌နေ ဖက်ဒ ရယ်စနစ်နဲ့ ပတ်သက်ပြီး‌တော့ ၂၀၀၈ ဖွဲ့စည်းပုံရဲ့ အားနည်းချက်‌တွေ ဒါ‌တွေ ‌လေ့လာခွင့်ရတာ ကျ‌နော်တို့အတွက် အများကြီး ‌ကောင်းတာ‌ပေါ့”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုပြုလုပ်သည့်သင်တန်းမှာ ကရင်‌ရှေ့‌နေများကွန်ရက်နှင့် ဥပ‌ဒေပညာရှင်များအတွက် ပထမဦးဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်ပြီး အလားတူသင်တန်းမျိုးကို နိုင်ငံ‌ရေးပါတီများ၊ နိုင်ငံ‌ရေးအဖွဲ့အစည်းများအတွက် ဆက်လက် လုပ်‌ဆောင်သွားရန်လည်း ရည်မှန်း ထားသည်ဟု ဦး‌ဆောင်သူများက ‌ပြောသည်။