KIC News
ကျိုက်မရော ဒါလီ သစ်တောကြိုးဝိုင်းအတွင်း သစ်ပင်စိုက် တောင်သူအချို့ကို BGF ဖမ်းဆီး
မေ ၂၄ ရက်၊ ၂၀၁၇ ခုနှစ်။ စောမြတ်ဦးသာ
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဒါလီသစ်တောကြိုးဝိုင်းအတွင်း သစ်ပင်သွားရောက်စိုက်ပျိုးသည့် ကြီးအုပ် ကျေးရွာ၊ ကရင်လိုင်ရွာမှ ရွာသား ၄ ဦးကို ဒေသတွင်းအခြေစိုက် နယ်ခြားစောင့်တပ် (BGF) ၁၀၂၁ တပ်ရင်းက မေ ၂၃ ရက်နေ့တွင် ဖမ်းဆီး...
သဘာဝအတိုင်း စိုက်ပျိုးထားသည့် ကော့ကရိတ် ဒူးရင်းသီး အရောင်းသွက်
မေ ၂၃ ရက်၊ ၂၀၁၇ ခုနှစ်။ နန်းဝေဖြိုးဇာ
နည်းပညာနှင့် ဓာတ်မြေဩဇာ အသုံးမပြုဘဲ သဘာဝအတိုင်း စိုက်ပျိုးထားသည့် ကရင်ပြည်နယ်၊ ကော့ကရိတ် တောင်ပိုင်း ဒေသထွက် ဒူးရင်းသီးများ ယခုနှစ်တွင် အထွက်များ အရောင်းသွက်ကာ ယခင်နှစ်ထက် ဈေးကွက် ပိုကောင်းလာသည်ဟု ဒူးရင်းခြံပိုင်ရှင်းများနှင့် ဝယ်ရောင်းများက ကေအိုင်စီသို့...
အစိုးရ တပ်စခန်းများ ဖျက်သိမ်းပေးရေး KNU ဖာပွန်ခရိုင်ရှိ ဒေသခံ တစ်ထောင်နီးပါး ဆန္ဒထုုတ်ဖော်
မေလ ၂၃ ရက်၊ ၂၀၁၇ ခုနှစ်။ ကေအိုင်စီ
KNU-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်ရာနယ်မြေတစ်ခုဖြစ်သည့် ကရင်ပြည်နယ် ဖာပွန်ခရိုင် လူသောမြို့နယ် အတွင်း စခန်းချနေထိုင်နေသည့် မြန်မာ့တပ်မတော်တပ်စခန်းများ ပြန်လည်ရုပ်သိမ်းပေးရေးအတွက် ဒေသခံ တစ်ထောင်နီးပါးမှ ပြီးခဲ့သည့် မေလ ၁၅ ရက်နေ့က ဆန္ဒထုတ်ဖော်မှု တစ်ခုပြုလုပ်ခဲ့ကြောင်း သိရသည်။
KNU လူသောမြို့နယ်အတွင်းရှိ...
မြိုင်ကြီးငူစစ်ဘေး ရှောင်စခန်း၌ အဆောက်အဦးပြန်တည်ဆောက်ရန် အရေးပေါ်လိုအပ်
မေ ၂၂ ရက်၊ ၂၀၁၇ ခုနှစ်။ နန်းဝေဖြိုးဇာ
မြိုင်ကြီးငူ စစ်ဘေးရှောင်စခန်း၌ မိုးတွင်း ကာလ လုံခြုံမှုရှိရေးအတွက် အခြေခံ အဆောက်အဦးနှင့် တဲများ ပြန်လည် ပြင်ဆင်ရန် အိမ်မိုးဖက်နှင့် ဝါးများ အရေးပေါ်လိုအပ်လျက် ရှိသည်ဟု စခန်းတာဝန်ရှိသူ တစ်ဦး ဖြစ်သည့် စောပိုင်(စဝ်ပါ်)က ကေအိုင်စီသို့...
၂၁ ရာစုု ညီလာခံ မှရရှိလာသည့် သဘောတူညီချက်များကို ပါဝင်လက်မှတ်ရေးနိုင်သေးမည် မဟုတ်ကြောင်း RCSS ပြော
မေ၂၂ရက်၊ ၂၀၁၇ခုနှစ်။ စအိုင်ဆူး
သျှမ်း(ရှမ်း)ပြည်ပြန်လည်ထူထောင်ရေးကောင်စီ-RCSS အနေဖြင့် မေလ ၂၄ ရက်နေ့တွင် ကျင်းပမည့် ပြည်ထောင်စု ငြိမ်း ချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးသို့ တက်ရောက်ရောက်သွားမည်ဖြစ်ဖြစ်သော်လည်း မည်သည့် အဆိုပြုချက်မှ တင်ပြသွားနိုင်မည်မဟုတ်သည့်အတွက် ညီလာခံမှရရှိလာသည့် သဘောတူညီချက်များကို သ ဘောတူစာချုပ်များချုပ်ဆိုရာတွင် ပါဝင်လက်မှတ်ရေးထိုးနိုင်သေးမည်...
ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ ဒုတိယ ဥက္ကဌ ခိုင်စိုးနိုင်အောင်နှင့် တွေ့ဆုံမေးမြန်းခြင်း
“တိုင်းရင်းသား(၈)ဖွဲ့အနေနဲ့ အားလုံးလက်ခံနိုင်တဲ့ မူတွေကိုသာ အတည်ပြုဖို့ ၊ အားလုံးလက်မခံနိုင်တဲ့ မူတွေ၊ ပေါ်လစီတွေ၊ အချက်အလက်တွေကို အတည်မပြုဖို့ အဲလို တင်ပြဖို့ ရှိတယ်။”
----------------------------------- -------------------------------------------- -----------------------------
၂၀၁၇ခုနှစ်၊ မေလ ၂၄ရက်နေ့တွင် စတင်ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအကြိမ်အစည်းဝေးသို့ တစ်နိုင်ငံလုံး...
NCA မထိုးရသေးသည့် ကျန်လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ ပါဝင်လာရန် KNU ကြိုးပမ်းမည်ဟုဆို
မေ ၂၁ရက်၊ ၂၀၁၇ခုနှစ်။ စအိုင်ဆူး
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်-NCAကို အကြောင်းအမျိုးမျိုးကြောင့် ပါဝင်လက်မှတ် မရေး ထိုးနိုင်သေးသည့် အခြားသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ ပါဝင်လာရန်အတွက် KNU-ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် ကြိုးပမ်းသွားမည်ဟု မေလ ၂ဝရက်နေ့က ထုတ်ပြန်ပြောဆိုလိုက်သည်။
KNU ဖားအံခရိုင်၊ လေးဝါးစခန်း၌ မေလ ၁၆ရက်မှ ၂ဝရက်နေ့အထိ...
ဝန်ခံမလား ကျွန်ခံမလား
(လကင်္ာဒီပ)
ခေတ်အဆက်ဆက် လိမ်ညာထားကြ
မဆလ နဝတ
နအဖ ခေတ်ကာလသမိုင်းတွေ
ကျောင်းတော်မြေမှာပဲ ချန်ထားခဲ့ကြပါ
ဖီလာဆန့်ကျင် ဖျောက်ဖျက်ခြင်းခံရ
မဟုတ်တရားတွေ ချဲ့
ပိတ်စေခဲ့ ပါးစပ်တွေ
“အ” နေစေချင်ကြသတဲ့ သူငယ်ချင်း။
ခေတ်နဲ့အညီ တရွေ့ရွေ့
ခေတ်ရှေ့ကိုလည်း သွားကြပေါ့ကွယ်
တကယ်တော့ ရိုးရာလည်း မပျက်စေ
စဉ်လာတွေလည်း မတိမ်ကောစေ
ခေတ်တွေလည်း မလွန်စေဖို့လိုတယ်
ငယ်စဉ်အတိတ်တွေ မမေ့သလို
သမိုင်းကိုလည်း အမှန်တွေ မြင်စေချင်ကြစမ်းပါဘိ။
ကိုယ်ပိုင် နယ်မြေ မြစ်ချောင်း လယ်ယာ
ကိုယ်ပိုင်စာပေ စကား
ကိုယ်ပိုင်ထား အလကင်္ာ
ကိုယ်ပိုင်ဘာသာ...
(Clean coal Technology) သန့်စင်သော ကျောက်မီးသွေးနည်းစနစ်နဲ့ မြန်မာနိုင်ငံ
စ’မနိုက်ဖေါင်
အခု လူပြောသူပြောများနေကြတဲ့ (Clean coal Technology) သန့်စင်သော ကျောက်မီးသွေး နည်းစနစ်အကြောင်းကို ကြားနေ ရပါတယ်။ ဒီအကြောင်း ကျနော်မရေးခင်မှာ အရင်က ကျနော်ရေးသားတင်ပြခဲ့ဘူးတဲ့ “နောင်မျိုးဆက်အဆင့်ဆင့် အန္တရာယ် ကျရောက်စေမဲ့ ကျောက်မီးသွေး”ဆောင်းပါးမှာ ကျောက်မီးသွေးရဲ့ ဆိုးကျိုးအကြောင်းတွေကို နည်းနည်း ပြန်လည် ဖော်ပြချင်ပါ တယ်။
ကျောက်မီးသွေးနဲ့...
တောင်ကလေးကျောက်တောင် လုပ်ငန်းဆက်မလုပ်ရန် ပြည်နယ်အစိုးရထံ ပေးပို့သည့် ကန့်ကွက်စာ အကြောင်းပြန်မှု ကြန့်ကြာနေ
မေ ၂၁ ရက်၊ ၂၀၁၇ ခုနှစ်။ ကေအိုင်စီ
ဖားအံမြို့နယ် ကော့ရင်းအထက် နှင့် နောင်ကျန်ကျေးရွာ အုပ်စုနှစ်ခုအကြား တောင်ကလေးကျောက်တောင် ကျောက်ထုတ်လုပ်ငန်း၌ ပတ်ဝန်းကျင်ထိခိုက်မှုများရှိသဖြင့် ရပ်တန့်ပေးစေလိုကြောင်း ယခင်လ ဧပြီ ၂၇ ရက်နေ့က ပြည်နယ်အစိုးရထံ ပေးပို့ထားသည့် ကန့်ကွက်စာမှာ ယခုထိ အကြောင်းပြန်ခြင်း မရှိသေးဘဲ...















