Home Authors Posts by KIC News

KIC News

22002 POSTS 0 COMMENTS

(NCA) စာချုပ်ကို လက်မှတ်ထိုးတဲ့အဖွဲ့ ၁ဝဖွဲ့ ရှိသွားပြီဆို‌တော့

(‌မောင်‌ကျော်စွာ) (၂၀၁၈ခုနှစ်၊ ‌ဖေ‌ဖေါ်ဝါရီလ ၁၄ရက်) မွန်ပြည်သစ်ပါတီ (NMSP) နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)တို့ (NCA) စာချုပ်မှာ လက်မှတ်‌ရေးထိုးလိုက်တဲ့အခါ (NCA) စာချုပ်မှာ ပါဝင်လက်မှတ်‌ရေးထိုးပြီးတဲ့ အဖွဲ့အစည်း စုစု‌ပေါင်း (၁၀)ဖွဲ့ ရှိသွားပြီဖြစ်ပါတယ်။ မွန်နဲ့ လားဟူ အဖွဲ့အစည်း ၂ခု (NCA)...

ဖန်း‌ဖောင်‌ဒေးရှင်းဆု ရရှိခဲ့သူ ကရင်လူငယ်အချို့၏ ပဒိုမန်းရှာလားဖန်း ဆယ်နှစ်ပြည့်‌အောက်‌မေ့ဖွယ်အတွက် အမှတ်တရစကားများ

၂ဝဝ၈ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၁၄ရက်‌နေ့က ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး‌ဟောင်း ပဒိုမန်း ရှာလားဖန်းကို ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့ရှိ ၎င်း၏ရုံး‌နေအိမ်တွင် ‌သေနတ်သမားနှစ်ဦးက လာ‌ရောက်လုပ်ကြံပစ်သတ်ခဲ့သည်။ ထို‌နေ့တွင်ပင် ၎င်း၏ သားသမီးများဖြစ်ကြ‌သော ‌စော‌စေး‌စေးဖန်း၊ နမ့်ဘွားဘွားဖန်း၊ နမ့်ဇိုယာဖန်း နှင့် စလုံ့ဖန်းတို့က ဖခင် ပဒိုမန်း ရှာလားဖန်းနှင့်...

လုပ်အားခ အပြည့်အဝရရှိရန် မဲ‌ဆောက်ရှိ မြန်မာအလုပ်သမား ၁,ဝဝဝ ‌ကျော် ဆန္ဒြ့ပ

‌ဖေ‌ဖော်ဝါရီ ၁၄ ရက်၊ ၂၀၁၈ခုနှစ်။ စအိုင်ဆူး ထိုင်း-မြန်မာနယ်စပ်၊ မဲ‌ဆောက်မြို့၊ ဘန့်ဝမ်းသခီးယန်း‌ကျေးရွာရှိ Gold Fine ‌ကျောက်‌သွေးအလုပ်ရုံ၌ အလုပ်လုပ် ‌နေကြသည့် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား ၁,ဝဝဝ(တစ်‌ထောင်)‌ကျော်သည် လုပ်အားခ အပြည့်အဝမရရှိခြင်းနှင့် စာရွက်စာတမ်း‌ကြေးကို လုပ်အားခမှ ထပ်မံဖြတ်‌တောက်ယူမှုများ‌ကြောင့်ဟုဆိုကာ ယ‌နေ့ (‌ဖေ‌ဖော်ဝါရီလ ၁၄ ‌နေ့)တွင် စက်ရုံ‌ရှေ့၌...

“ပဒိုမန်းရှာလားဖန်း ‌အောက်‌မေ့ဖွယ်”

၂၀၁၈ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၁၄ရက်(ဗုဒ္ဓဟူး‌နေ့)တွင် ကျ‌ရောက်သည့် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး‌ဟောင်း ပဒိုမန်းရှာလားဖန်း၏ ဆယ်နှစ်ပြည့်‌အောက်‌မေ့ဖွယ် အထိမ်းအမှတ်အဖြစ် ‌ကေအိုင်စီ-ကရင်သတင်းဌာနက အမှတ်တရဓာတ်ပုံဖြင့် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

တစ်နိုင်ငံလုံးအကျိုးအတွက် ရည်ရွယ်ကာ NCA ထိုးခြင်းဖြစ်ဟု မွန်နှင့် လားဟူ‌ပြော

‌ဖေ‌ဖော်ဝါရီ ၁၃ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောထွန်းလင်း တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) လက်မှတ်ထိုးခြင်းသည် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်အ စည်းအရုံး အဖွဲ့နှစ်ဖွဲ့၏ အကျိုးစီးပွားကို ကွက်ပြီး လုပ်‌ဆောင်ခဲ့ခြင်းမဟုတ်ဘဲ တစ်နိုင်ငံလုံးအကျိုးအတွက်ရည် ရွယ်လုပ်‌ဆောင်ခြင်းဖြစ်သည်ဟု မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်‌ထောမွန်က ‌ပြောသည်။ ‌နေပြည်‌တော်ရှိ မြန်မာကွန်ဗန်းရှင်းစင်တာ (MCC 2) ခန်းမ၌...

ပဒိုမန်းရှာလားဖန်းအတွက် အစ်ကိုဖြစ်သူ၏ မှတ်မှတ်ရရ တမ်းတစကား

၂၀၁၈ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၁၄ရက်‌နေ့သည် နိုင်ငံတကာ ချစ်သူများ‌နေ့ ဖြစ်သကဲ့သို့ ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ၏ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး‌ဟောင်း ပဒိုမန်းရှာလားဖန်း ကျဆုံး‌သော ဆယ်နှစ်ပြည့်‌နေ့လည်း ဖြစ်‌ပေသည်။ ထို‌နေ့ရက်တွင် ပဒိုမန်းရှာလားဖန်းအတွက် ‌အောက်‌မေ့ဖွယ် အမှတ်တရ စကားအဖြစ် အစ်ကိုဖြစ်သူ အငြိမ်းစား‌ကျောင်းဆရာ မန်းတင်‌ရွှေက ညီငယ်အတွက် ‌ပြောဆိုခဲ့သည့်စကားကို ‌ကေအိုင်စီ-ကရင်သတင်းဌာနက...

‌စောဘဦးကြီး ‌ကြေးရုပ်ထုအစား ပုံတူပန်းချီရုပ်ထုကို ကရင်အမျိုးသား‌နေ့ အကြိုအဖြစ် ‌ကေအဲန်ယူ ဂုဏ်ပြုစိုက်ထူ

‌ဖေ‌ဖော်ဝါရီ ၁၂ရက်၊ ၂၀၁၈ ခုနှစ်။ ‌ကေအိုင်စီ နှစ် ၇ဝပြည့် ကရင်အမျိုးသား‌နေ့ အထိမ်းအမှတ် ‌စောဘဦးကြီး ပုံတူကွန်ကရစ်ပန်းချီရုပ်ထုကို ‌ကေအဲန်ယူ- ကရင်အမျိုးသား အစည်းအရုံး၊ ဝင်း‌ရေးမြို့နယ်ရုံး၌ ‌ဖေ‌ဖော်ဝါရီ ၁ဝရက်၊ ည ၇နာရီအချိန်တွင် စိုက်ထူ ဖွင့်လှစ်ခဲ့သည်။ ‌ကေအဲန်ယူ၊ ဝင်း‌ရေးမြို့နယ်ရုံးတွင် ကရင်အမျိုးသား‌နေ့ အထိမ်းအမှတ်အဖြင့် မူလက...

ဖားအံမြို့ ကရင်အမျိုးသား‌နေ့တွင် ကရင်မျိုးနွယ်စုများစုံလင်စွာ ပါဝင်ဆင်နွှဲ

‌ဖေ‌ဖော်ဝါရီ ၁၁ ရက်၊ ၂၀၁၈ ခုနှစ်။ နန်း‌ဝေဖြိုးဇာ ကရင်ပြည်နယ် ဖားအံမြို့ရှိ ကက်သလစ်ဓမ္မာရုံ ၌ ယ‌နေ့ (‌ဖေ‌ဖော်ဝါရီလ ၁၁ ရက်‌နေ့)တွင် ကျင်းပသည့် နှစ် (၇၀) ပြည့် ကရင်အမျိုးသား‌နေ့ကို ကျင်းပခဲ့ရာ ပထမဦးဆုံအကြိမ်အဖြစ် ကရင်မျိုးနွယ်စုများ စုံလင်စွာပါဝင် တက်‌ရောက် ဆင်နွှဲခြဲ့...

ကရင်လူငယ်ပန်းချီဆရာတစ်ဦး၏ ပထမဆုံး‌သော တကိုယ်‌တော်ပန်းချီပြပွဲကို ဖားအံတွင်ပြုလုပ်

‌ဖေ‌ဖော်ဝါရီ ၁၁ ရက်၊ ၂၀၁၈ ခုနှစ်။ ‌ကေအိုင်စီ ကရင်လူငယ်ပန်းချီဆရာတစ်ဦးဖြစ်သူ ‌စောထွန်းလင်း၏ တကိုယ်‌တော်ပန်းချီပြပွဲကို ကရင်ပြည်နယ် ပြန်ကြား ‌ရေး နှင့်ပြည်သူ့ဆက်ဆံ‌ရေး ဦးစီးဌာန Community Centre လူထုအ‌ခြေပြု ဗဟိုဌာနတွင် ‌ဖေ‌ဖော်ဝါရီလ ၁ဝ ရက် ‌နေ့မှစတင်ကာ ဖွင့်လှစ်ပြသလျှက်ရှိ‌ကြောင်း သိရသည်။ အဆိုပါ ပန်းချီပြပွဲမှာ...

ကရင်များ မိမိတို့၏ သမိုင်းကိုသိ‌အောင် လုပ်ကြပါဟု ဧရာဝတီတိုင်း ဝန်ကြီးချုပ်‌ဟောင်း မန်း‌ဂျော်နီ တိုက်တွန်း

‌ဖေ‌ဖော်ဝါရီ ၁၁ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား ကရင်လူမျိုးများ မိမိတို့၏သမိုင်းကိုသိ‌အောင် လုပ်ကြပါဟု ဧရာဝတီတိုင်း‌ဒေသကြီးဝန်ကြီးချုပ်‌ဟောင်း မန်း‌ဂျော်နီက ‌မြောင်းမြမြို့နယ်၊ မ‌ဒေါ့‌ချောင်းရွာတွင် ပထမဆုံး ကျင်းပသည့် အနှစ်(၇၀)ပြည့် ကရင်အမျိုး သား‌နေ့အခမ်းအနားတွင် တိုက်တွန်း‌ပြောဆိုလိုက်သည်။ ‌ဖေ‌ဖော်ဝါရီလ ၁၁ ရက်(ယ‌နေ့)တွင် ကျ‌ရောက်သည့် ကရင်အမျိုးသား‌နေ့ မိန့်ခွန်း၌...
Donate