Home ဆောင်းပါး တစ်ဆို့မှု‌တွေ မ‌ပြေလည်ဘဲ ‌ရှေ့ဆက်သွားကြပြန်ပြီ

တစ်ဆို့မှု‌တွေ မ‌ပြေလည်ဘဲ ‌ရှေ့ဆက်သွားကြပြန်ပြီ

3473

‌မောင်‌ကျော်စွာ
(၂၀၁၈ ခုနှစ်၊ ‌အောက်တိုဘာ ၂ဝ ရက်)

၂၀၁၈ခုနှစ်၊ ‌အောက်တိုဘာလ ၁၅ရက်‌နေ့က ‌နေပြည်‌တော်မှာ ကျင်းပခဲ့တဲ့ နိုင်ငံ‌တော်အစိုးရနဲ့ NCA စာချုပ် လက် မှတ်‌ရေးထိုးထားကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ‌ခေါင်း‌ဆောင်များ သီးသန့်အစည်းအ‌ဝေးမှာ ‌ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ‌စောမူတူး‌စေးဖိုးလည်း အမှာစကား‌ပြောကြားခဲ့ပါတယ်။ အဲဒီ‌ပြောကြားချက်ကို ‌လေ့လာ ကြည့်ကြရ‌အောင်။

ပထမဆုံးဦးစွာ ‌ပြောပြလိုတဲ့အချက်က ဥက္ကဋ္ဌ ‌စောမူတူး‌စေးဖိုးရဲ့ အဲဒီ‌ပြောကြားချက်ဟာ “NCA စာချုပ်ကို လက်မှတ် ‌ရေးထိုးကြ‌သော တိုင်းရင်းသားလက်နက်ကိုင်‌တော်လှန်‌ရေး အဖွဲ့အစည်းများကိုယ်စား” ‌ပြောကြားခြင်းဖြစ်တယ်ဆိုတဲ့ အချက် ဖြစ်ပါတယ်။ NCA စာချုပ်မှ လက်မှတ်‌ရေးထိုးထားကြတာ ပထမ ၈ဖွဲ့၊ ‌နောက်တခါ ၂ဖွဲ့ ထပ်မံပါဝင် ‌ရေးထိုးလာတဲ့အတွက် စုစု ‌ပေါင်း ၁ဝဖွဲ့ဖြစ်ပါတယ်။ ဒါ‌ကြောင့် ဒီ‌ပြောကြားချက်ထဲမှာ ပါရှိတဲ့ အမြင်နဲ့ သ‌ဘောထား‌တွေဟာ ဒီအဖွဲ့ ၁ဝဖွဲ့ရဲ့အမြင်နဲ့ သ‌ဘော ထား‌တွေကို ကိုယ်စားပြုထင်ဟပ်ထားတာ “ဖြစ်နိုင်တယ်” သို့မဟုတ် ‌ယေဘုယျအားဖြင့် “ယူဆနိုင်စရာ” ရှိပါတယ်။

“အဓိကတစ်ဆို့မှုဟာ ဘာလဲ၊ ဘယ်သူနဲ့ ဘယ်သူ့အကြားမှာ ဖြစ်‌ပေါ်‌နေသလဲ”ဆိုတာကို ဒီ‌ပြောကြားချက်ထဲမှာ အခု လို ‌တွေ့ရှိရပါတယ်။ တိတိကျကျ ဖြစ်‌အောင် မိန့်ခွန်းပါအတိုင်း ‌ကောက်နုတ်‌ဖော်ပြပါရ‌စေ။

“ဒီ‌နေ့ နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ အဆင့်ဆင့်မှာ ရင်ဆိုင်ကြုံ‌တွေ့‌နေရတဲ့ အဓိကတစ်ဆို့မှုဖြစ်တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ခွဲမ ထွက်ရဆိုတဲ့ အမြင်အ‌ပေါ်မှာ ကျွန်‌တော်တို့ တိုင်းရင်းသား လက်နက်ကိုင်‌တော်လှန်‌ရေးအင်အားစုများ၊ အစိုးရနဲ့ တပ်မ‌တော်အ ကြားမှာ အမြင်ကွာဟချက်များ ရှိ‌နေပါတယ်”ဟူ၍ ဖြစ်ပါတယ်။

အဓိကတစ်ဆို့မှုက – “ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ခွဲမထွက်ရဆိုတဲ့ အမြင်အ‌ပေါ်မှာ” ‌ပေါ်‌ပေါက်‌နေပြီး ဒီတစ်ဆို့မှုက နိုင်ငံ ‌ရေး‌ဆွေး‌နွေးပွဲ အဆင့်ဆင့်မှာ ကြုံ‌နေရတာလို့ ဆိုပါတယ်။

ဘယ်သူနဲ့ ဘယ်သူ့အကြားမှာလဲ – “တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအင်အားစုများ၊ အစိုးရနဲ့ တပ်မ‌တော် အကြားမှာ” ဖြစ်‌ပေါ်‌နေတာ ဖြစ်ပါတယ်။

‌ရောဂါ သို့မဟုတ် ပြဿနာရဲ့ ဇစ်မြစ်၊ လက္ခဏာနဲ့ ဖြစ်ပွားရာ‌နေရာကို သိပြီဆိုရင် ‌ဖြေရှင်းနည်းဟာ လိုလျှင်ကြံဆ နည်းလမ်းရ ဆိုတာလို ရှာဖို့၊ ‌တွေ့ဖို့ မခက်ခဲနိုင်‌တော့ပါဘူး။

အထက်တစ်‌နေရာမှာ ဥက္ကဋ္ဌ ‌စောမူတူး‌စေးဖိုးရဲ့ မိန့်ခွန်းထဲမှာ ပါရှိတဲ့ (အမြင်နဲ့သ‌ဘောထား‌တွေဟာ NCA စာချုပ် လက်မှတ်ထိုး ၁ဝဖွဲ့ရဲ့ အမြင်နဲ့သ‌ဘောထား‌တွေကို ကိုယ်စားပြုထင်ဟပ်ထားတာ “ဖြစ်နိုင်တယ်”၊ ‌ယေဘုယျအားဖြင့် “ယူဆနိုင် စရာ”ရှိပါတယ်)လို့ (မျက်‌တောင်အဖွင့်အပိတ်များဖြင့်) “ဖြစ်နိုင်တယ်” – ‌ယေဘုယျအားဖြင့် “ယူဆနိုင်စရာ” ရှိပါတယ်လို့ မရဲတ ရဲ ‌ဖော်ပြခဲ့ပါတယ်။

ဒီလို မရဲတရဲ‌ဖော်ပြရတာဟာ အ‌ကြောင်းမဲ့ သက်သက်‌တော့ မဟုတ်ပါဘူး။ အ‌ကြောင်းအကျိုး၊ အချက်အလက် အ‌ခြေ ခံနဲ့ မရဲတရဲ ဖြစ်ရတာပါ။

၁။ လက်မှတ်ထိုးထားတဲ့ အဖွဲ့အစည်း ၁ဝဖွဲ့ဟာ ‌နောက်ခံသမိုင်းဖြတ်သန်းမှု၊ လူမျိုးကိုယ်စားပြုမှု ၊ ပထဝီအ‌နေအထား၊ လက်ရှိအင်အားအ‌နေအထား စတဲ့အချက်‌တွေမှာ တဖွဲ့နဲ့တဖွဲ့ မတူညီပါဘူး။ တချို့က တချိန်က လူမျိုးတူ မိခင်အဖွဲ့အစည်းထဲ က‌နေ ခွဲထွက်လာကြတဲ့အဖွဲ့‌တွေ ဖြစ်ပါတယ်။
(NCA လက်မှတ်ထိုး ၁ဝဖွဲ့ထဲမှာ ကိုယ်စားပြုမှုအရ ဆိုရင် ကရင်၊ ရခိုင်၊ ရှမ်း၊ မွန်၊ လားဟူ + ABSDF ဆိုပြီး ဖြစ်‌နေပါ တယ်)

၂။ သူတို့အကြား မကြာခဏ ဆိုသလို “ဘုံတူညီချက် – ဘုံသ‌ဘောထား” ရှာ‌ဖွေ‌နေကြရပါတယ်။
(လတ်တ‌လောဖြစ်ရပ်ကိုပဲကြည့်ပါ။ အစိုးရဘက်က “ပုပ္ပား” ဆိုတဲ့ ‌နေရာအဆိုပြုမှုမှာ ‌နေရာနဲ့ အချိန်ကာလအ‌ပေါ် မူတည်ပြီး ၈ဖွဲ့နဲ့ ၂ဖွဲ့ ကွဲလွဲမှုရှိကြကာ KNU အ‌နေနဲ့ ‌နေ့ရက်ပြန်လည်ညှိနှိုင်းလိုတယ်ဆိုတဲ့ “အ‌ရေး‌ပေါ်အစည်းအ‌ဝေး သတင်း ထုတ်ပြန်ချက်”ကို ၂၀၁၈ခုနှစ်၊ ‌အောက်တိုဘာ ၆ရက်‌နေ့က ထုတ်ပြန်ခဲ့ပါတယ်။

ဒါ‌ကြောင့် ဒီလို တဖွဲ့ချင်းစီရဲ့ သမိုင်း‌ကြောင်း၊ လက်‌တွေ့ကာလ ဖြတ်သန်း‌နေမှု အ‌ကြောင်းအကျိုး အချက်အလက် အ‌ခြေခံ‌တွေ‌ပေါ်က‌နေ ကြည့်ရင် ဒီ ၁ဝဖွဲ့အတွင်းမှာ‌ရော တစ်ဖွဲ့ချင်းစီရဲ့ အတွင်းမှာ‌ရော မတူတဲ့ အတိုင်းတာနဲ့ သ‌ဘောထားအ မြင် ကွာဟမှု‌တွေ၊ ကွဲလွဲမှု‌တွေ၊ မတူညီမှု‌တွေဟာ အချိန်အ‌ရွေး ‌ပေါ်‌ပေါက် ဖြစ်ပွားလာနိုင်စရာရှိတယ်လို့ ကြိုတင်တွက်ဆထား နိုင်မှာ ဖြစ်ပါတယ်။

ဥက္ကဋ္ဌ ‌စောမူတူး‌စေးဖိုးက သူ့မိန့်ခွန်းထဲမှာ “ဖက်ဒရယ်နဲ့ တိုက်ရိုက်ပတ်သက်တဲ့ မူသ‌ဘော‌တွေ ရှာ‌ဖွေ‌ဖော်ထုတ်ဖို့ လို အပ်တယ်”လို့ ထည့်သွင်း‌ပြောဆိုထားပါတယ်။ သူ ရည်ညွန်းထားတဲ့ ဖက်ဒရယ်နဲ့ တိုက်ရိုက်ပတ်သက်တဲ့ မူသ‌ဘော “‌ခေါင်းစဉ် ‌တွေ”ကို ရှာကြည့်တဲ့အခါ သူ့‌ပြောကြားချက်ထဲမှာ အခုလို ‌တွေ့ရှိရပါတယ်။

– အမျိုးသားတန်းတူ‌ရေး
– ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်
– လူနည်းစုအခွင့်အ‌ရေး
– ပြည်နယ်ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ‌ရေးဆွဲ‌ရေး
– အာဏာခွဲ‌ဝေ‌ရေး ဆိုပြီး ‌တွေ့ရှိပါတယ်။
ဒီအချက်‌တွေကို တင်ပြရင်း ဘာကို မစိုးရိမ်ဖို့ သတိ‌ပေးထားသလဲဆို‌တော့ “ဖက်ဒရယ်မူကို ရှာ‌ဖွေတဲ့‌နေရာမှာ ခွဲထွက် ‌ရေး၊ ခွဲမထွက်‌ရေးဆိုတဲ့ ကိစ္စမျိုးနဲ့ ဆက်စပ်ထားစရာ မလိုပါဘူး”လို့ ‌ပြောပါတယ်။

ဒါ့အပြင် “ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဟာ ဘယ်လိုမျိုး အခွင့်အ‌ရေးလဲ” ဆိုတာကို အခုလို အဆင့်ဆင့် ရှင်းလင်းတင်ပြထားပါ တယ်။
မူရင်းတိုင်း ‌ကောက်နုတ်တင်ပြပါ့မယ်။ အချက်အလက်‌တွေ တဆင့်ချင်း ရှင်းလင်းမြင်နိုင်‌အောင် တစ်ချက်ချင်း ‌ဖော်ပြ ပါရ‌စေ။

– ကျွန်‌တော်တို့ ‌တောင်းဆိုတဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်က ပြည်‌ထောင်စုတစ်ခုအတွင်းမှာရှိတဲ့ ပြည်နယ်များက ကျင့်သုံးရမယ့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်မျိုး ဖြစ်တယ်။
– ဒါကို ပြည်နယ်ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေ‌ရေးဆွဲခြင်းဖြင့် ကျင့်သုံးရမှာဖြစ်ပါတယ်။
– ကျွန်‌တော်တို့ ‌တောင်းဆို‌နေတဲ့ ပြည်နယ်ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေဆိုတာ ပြည်‌ထောင်စုဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ ပြဋ္ဌာန်းချက်နဲ့ သဟဇာတရှိရှိ ‌ရေးဆွဲပြဋ္ဌာန်းရမှာဖြစ်ပြီး
– တဆက်တည်းမှာလည်း ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေဆိုင်ရာ အငြင်းပွားမှုများကို ‌ဖြေရှင်းနိုင်တဲ့ယန္တရားလည်း ပါရှိ‌နေမှာဖြစ်ပါတယ်။

ဒီက‌နေ ဘယ်လို “မှတ်စု” ထုတ်ယူနိုင်သလဲဆို‌တော့
ဥက္ကဋ္ဌ ‌စောမူတူး‌စေးဖိုး တင်ပြသွားတဲ့ “ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်” ဆိုတာ

၁။ “ခွဲထွက်‌ရေး – ခွဲမထွက်‌ရေး” နဲ့ ဆက်စပ်ထားစရာ မလိုတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဖြစ်တယ်။
၂။ ပြည်‌ထောင်စုတစ်ခုအတွင်းမှာရှိတဲ့ ပြည်နယ်များက ကျင့်သုံးရမယ့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဖြစ်တယ်။
၃။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ပြည်နယ်ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ ‌ရေးဆွဲခြင်းဖြင့် ကျင့်သုံးရမယ်။
၄။ ပြည်နယ်ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေနဲ့ ပြည်‌ထောင်စု ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ ကွဲလွဲလို့ မဖြစ်ဘူး။
၅။ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေဆိုင်ရာ အငြင်းပွားမှုများကို ‌ဖြေရှင်းနိုင်တဲ့ ယန္တရား (ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေဆိုင်ရာ ခုံရုံး) ပါရမယ်လို့ အကြမ်းဖျင်းအားဖြင့် ‌လေ့လာ‌ရေးမှတ်စု ထုတ်ယူလို့ ရရှိနိုင်ပါတယ်။

ဒီမှာ ပထမဦးဆုံး‌ပေါ်လာတဲ့ ‌မေးသင့်‌မေးထိုက်တဲ့‌မေးခွန်းတစ်ခုက ဥက္ကဋ္ဌ ‌စောမူတူး‌စေးဖိုး တင်ပြရှင်းလင်းသွားတဲ့ “ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်” ဆိုတာရဲ့ အဆင့်ဆင့်သ‌ဘောနဲ့ အဓိပ္ပာယ်သတ်မှတ်ချက်‌တွေကို NCA လက်မှတ်ထိုးပြီး အဖွဲ့အစည်း ၁ဝ ဖွဲ့စလုံးက အ‌ခြေခံကျကျ သ‌ဘောတူလက်ခံနိုင်ကြပြီလားဆိုတဲ့ ‌မေးခွန်းပါပဲ။
‌နောက်ထပ် တဆက်တည်း‌မေးခွန်းက (NCA)လက်မှတ်မထိုးရ‌သေးတဲ့ ကျန်တဲ့ လက်နက်ကိုင်‌တော်လှန်‌ရေး အဖွဲ့အ စည်း‌တွေက‌ရော ဥက္ကဋ္ဌ ‌စောမူတူး‌စေးဖိုး တင်ပြရှင်းလင်းသွားတဲ့ “ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်”အ‌ပေါ် ဘယ်လိုသ‌ဘောထားသလဲ။ အ‌ခြေခံအားဖြင့် သ‌ဘောတူညီနိုင်ပါရဲ့လား ဆိုတာပါပဲ။

‌နောက်တဆင့် တိုးပြီး ‌မေးမြန်းနိုင်မှာက မှတ်ပုံတင်ထားတဲ့ (SNLD)တို့လို နိုင်ငံ‌ရေးပါတီ‌တွေရဲ့ သ‌ဘောထားအမြင် ‌တွေပါပဲ။ လက်‌တွေ့အားဖြင့်ကြည့်ရင်‌တော့ အဓိကလူမျိုးစုကြီး‌တွေဖြစ်တဲ့ (ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း)တို့ ဟာ “ပြည်နယ်”လို့ဆိုတဲ့ အမည်သညာ‌ခေါ်စရာ‌တော့ ရရှိထားပြီး ဖြစ်ပါတယ်။ “ပြည်နယ်” ‌တောင်းဆို‌နေတဲ့ အခြားလူမျိုးစု‌တွေ လည်း ရှိ‌နေတယ် မဟုတ်ပါလား။

‌သော့ချက်ကျတာ‌တွေက‌တော့
– “ဒီမိုက‌ရေစီနဲ့ ဖက်ဒရယ်စနစ်ကို အ‌ခြေခံ‌သော ပြည်‌ထောင်စု”
– “အမျိုးသားတန်းတူ‌ရေး”
– “ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်” ဆိုတာ‌တွေအ‌ပေါ် အစိုးရက ဘယ်လို သတ်မှတ်အဓိပ္ပာယ်ဖွင့်ဆိုသလဲ၊ စစ်တပ်က ဘယ်လို အဓိပ္ပာယ် ဖွင့်ဆိုသတ်မှတ်သလဲ ဆိုတဲ့အချက်ပါပဲ။ ဒါ‌တွေကို ‌သေ‌သေချာချာ ဂဃနဏ သိဖု့ိ လိုအပ်ပါတယ်။

ပ‌ဒေသရာဇ်‌ခေတ်မှာ “ဖက်ဒရယ်ပြည်‌ထောင်စု” မရှိခဲ့ဘူး ဆိုတဲ့အချက်နဲ့ ၁၉၄၈ခုနှစ်က‌နေ က‌နေ့အထိလည်း “တန်း တူ‌ရေး၊ ဒီမိုက‌ရေစီ‌ရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ ပြည်‌ထောင်စုစစ်စစ်” မရှိခဲ့ဘူးဆိုတာ တိုင်းရင်းသားလူမျိုး‌ပေါင်းစုံ ပြည်သူလူထုကြီးက ‌သွေး‌တွေ၊ ‌ချွေး‌တွေ၊ ဘဝ‌တွေ၊ အသက်‌တွေရင်းပြီး နားလည်သ‌ဘော‌ပေါက်ပြီးသားဖြစ်ပါတယ်။

ပိုအ‌ရေးကြီးတာက “ဥပ‌ဒေပြုလွှတ်‌တော်၊ ဖွဲ့စည်းပုံအခြခံဥပ‌ဒေ၊ အစိုးရ၊ တပ်မ‌တော်” တို့ကို “လူတစ်စု၊ စစ်ဗိုလ်တစ်စု၊ စစ်အုပ်စုတစ်ခု”က စိတ်ကြိုက် ချယ်လှယ်ဖန်တီးနိုင်ခွင့်ရှိတဲ့ အခွင့်အာဏာ‌တွေ အပိုင်စားရယူ – ‌ပေးအပ်ထားရတာမျိုး၊ ထိန်းခ ျုပ်ခွင့်ရှိ‌နေတာမျိုး‌တွေ (လုံးဝ) လုံးဝ မရှိ‌စေဖို့ဖြစ်ပါတယ်။

ဒါ‌ကြောင့် စစ်အုပ်စုတစ်စု၊ စစ်ဗိုလ်ချုပ်တစ်စုကို ဒီလိုအခွင့်အာဏာ‌တွေ ဆက်လက်‌ပေးအပ်ထားရတဲ့ အနှစ်သာရ ပါရှိမြဲ ပါရှိ‌နေမယ်ဆိုရင်‌တော့ ဖက်ဒရယ်ဆိုလည်း ဖက်ဒရယ်အတု၊ ပြည်‌ထောင်စုဆိုလည်း ပြည်‌ထောင်စုအတု၊ တန်းတူ‌ရေးနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ဆိုလည်း တန်းတူ‌ရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတု၊ ဒီမိုက‌ရေစီကလည်း ဒီမိုက‌ရေစီအတုပဲဖြစ်ပါလိမ့်မယ်။

တစ်ဆို့မှု‌တွေ ‌ကျော်လွှားဖို့ ရည်ရွယ်ပြီး ကျင်းပခဲ့တဲ့ “သီးသန့်အစည်းအ‌ဝေး”ဟာ တိကျ‌ရေရာတဲ့ အ‌ဖြေမထွက်ဘဲ ပြီးဆုံးသွားပြန်ပါပြီ။ သီးသန့်အစည်းအ‌ဝေးမှာ “ကာချုပ်” ရဲ့ မိန့်ခွန်းက အ‌မောက်မာဆုံးနဲ့ အရင့်သီးဆုံးပါပဲ။

ဒါ‌ကြောင့် ယခင်အပတ်က ‌ဆောင်းပါးရဲ့ ‌နောက်ဆုံး အပိုဒ် ၂ခုနဲ့ပဲ နိဂုံးချုပ်‌ပေးလိုက်ပါတယ်။
တကယ့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတယ်၊ ‌ပေမီ‌ဒေါက်မီ စံမီနှုန်းမီဒီမိုက‌ရေစီသာ တကယ်ရှိရိုး အမှန်ဖြစ်တယ်ဆိုရင် ‌ဖောြ်ပ ပါ တစ်ဆို့မှုနဲ့ နက်ရှိုင်းတဲ့ကွာဟမှု‌တွေကို အလွယ်တကူ ‌ကျော်လွှားနိုင်မှာဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ဘဲ “၂၀၀၈ အ‌ခြေခံဥပ‌ဒေ နဲ့ အခြား တည်ဆဲဥပ‌ဒေအရပ်ရပ်ပါ စကားရပ်‌တွေ၊ အဓိပ္ပာယ်ဖွင့်ဆိုချက်‌တွေ”ကိုသာ အ‌ခြေခံရမယ်၊ စံထားရမယ်၊ ‌ဘောင်ခတ် ကန့်သတ်ထားမယ်ဆိုရင်‌တော့ တစ်ဆို့မှုနဲ့ နက်ရှိုင်းတဲ့ကွာဟမှု‌တွေဟာ ကြာ‌လေကြီး‌လေ ကျယ်ပြန့်‌လေပဲဖြစ်မှာပါ။

အရင်းစစ်လိုက်ရင် “၂၀၀၈ အ‌ခြေခံဥပ‌ဒေ” နဲ့ “တပ်ငြိမ်း မူ ၆ ရပ်” ဆိုတာဟာ “တစ်ဆို့မှုနဲ့ နက်ရှိုင်းတဲ့ ကွာဟမှု‌တွေ” ကို စဉ်ဆက်မပြတ် ‌မွေးထုတ်‌ပေး‌နေတဲ့ ပင်မဇစ်မြစ်ပါပဲ။ “၂၀၀၈ အ‌ခြေခံဥပ‌ဒေ” နဲ့ “တပ်ငြိမ်း မူ ၆ရပ်”ကို အ‌သေဆုပ်ကိုင်ထား သူ‌တွေနဲ့ ‌ဆွေး‌နွေးမယ်ဆိုရင် ခင်ဗျားတို့ဘက်က အ‌လျှော့‌ပေးရင်‌တော့ “‌ပြေလည်မှု”ဆိုတာကို ရချင် ရပါလိမ့်မယ်။ ဒါ‌ပေမယ့် ဒီ“‌ပြေလည်မှု”က‌နေ ခင်ဗျားတို့ အာသာငမ်းငမ်း လိုလား‌တောင့်တ‌နေတဲ့ “ပြည်တွင်းစစ်ရပ်စဲ‌ရေး – ပြည်တွင်းငြိမ်းချမ်း‌ရေး – တန်းတူ‌ရေး – ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်- ဒီမိုက‌ရေစီဖက်ဒရယ်ပြည်‌ထောင်စု” တို့ကို‌တော့ ဘယ်‌တော့မှ ‌ဆောင်ကြဉ်းလာလိမ့်မယ် မဟုတ်ပါဘူး။

ကိုးကား
– သီးသန့်အစည်းအ‌ဝေးမှာ ‌ကေအဲန်ယူ – ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ ‌စောမူတူး‌စေးဖိုး ‌ပြောကြာတဲ့ အမှာစကား ( ၁၆-၁၀-၂၀၁၈) မြန်မာ့အလင်းသတင်းစာ၊