Home သတင်း ခွဲထွက် DKBA မှ မြိုင်ကြီးငူ ဆရာ‌တော် ဈာပနသို့ လာ‌ရောက်ဖူး‌မြော်ရန် မ‌သေချာ‌သေးဟု ဆို

ခွဲထွက် DKBA မှ မြိုင်ကြီးငူ ဆရာ‌တော် ဈာပနသို့ လာ‌ရောက်ဖူး‌မြော်ရန် မ‌သေချာ‌သေးဟု ဆို

4790

‌အောက်တိုဘာ ၂၃ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား

တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် (DKBA-ခွဲထွက်အဖွဲ့)အ‌နေဖြင့် လာမည့် နိုဝင်ဘာလ ၂၇ ရက်‌နေ့ တွင် ပြုလုပ်မည့် မြိုင်ကြီးငူဆရာ‌တော် ဦးသုဇန၏ ‌နောက်ဆုံးဈာပနသို့ လာ‌ရောက်ဖူး‌မြော်ရန် မ‌သေချာ‌သေးဟု အဖွဲ့၏ စစ်ဦးစီးအရာရှိချုပ် ဗိုလ်မှူးကြီး‌စောဆန်း‌အောင်က ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဆရာ‌တော်၏ ဈာပနသို့ လာ‌ရောက်ဖူး‌မြော်ကြမည့် သားတပည့်များ အ‌နေဖြင့် လက်နက်များ ယူ‌ဆောင်လာခြင်းမပြုရန် ကရင်နယ်ခြား‌စောင့်တပ်-BGF ၏ ဗဟိုအကြံ‌ပေးနှင့် ကွပ်ကဲ‌ရေး အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ဗိုလ်မှူးကြီး‌စောချစ်သူ၏ ‌ပြောဆိုမှုထွက်‌ပေါ်လာသည့်အ‌ပေါ် (DKBA-ခွဲထွက်အဖွဲ့)မှ ဗိုလ်မှူးကြီး ‌စောဆန်း‌အောင်က ယခုလို‌ပြောဆိုလိုက်ခြင်းဖြစ်သည်။

၎င်းက “ဗိုလ်ချစ်သူက ပြန်လာဖို့ ‌စေတနာ၊ သ‌ဘောထားကြီးစွာ ဖိတ်‌ခေါ်တဲ့အ‌ပေါ် ဝမ်း‌မြောက်ဝမ်းသာဖြစ်မိ တယ်။ ဒါ‌ပေမဲ့ ပင်လုံစာချုပ်ကို‌တောင်မှ သူများ‌တွေ ‌ပျောက်ပျက်‌အောင် လုပ်‌နေတာ။ ကျ‌နော်တို့ ပြန်မယ် ဆိုရင် အာမခံချက်ရှိရှိ အသွား အလာကအစ တရားဝင် ဖိတ်‌ခေါ်တာမျိုးဆိုရင်‌တော့ ဆရာ‌တော်ကို ပြန်လာကန်‌တော့ဖို့ စဉ်းစားချက်ရှိပါတယ်။ ခုလို ပါးစပ် နဲ့ ဖိတ်‌ခေါ်တဲ့အတွက် ဗိုလ်ချစ်သူကို ကျ‌နော်တို့ ယုံကြည်‌ပေမဲ့ အစိုးရတပ်မ‌တော်ကို ယုံကြည်လို့‌တော့ မရ‌သေးပါဘူး”ဟု ‌ပြောသည်။

DKBA ခွဲထွက်အဖွဲ့သည် ၂ဝ၁၅ ခုနှစ်က မြဝတီ‌ကော့ကရိတ် အာရှလမ်းမကြီး အတွင်း အစိုးရတပ်မ‌တော်၊ နယ်ခြား‌စောင့်တပ် BGFတို့နှင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး‌နောက် ‌စော‌ကျော်သက်၊ ‌စောတိုင်း‌ရွှေ၊ ‌စောဆန်း‌အောင်တို့ဦး‌ဆောင်၍ တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော်-DKBA အဖြစ် ၂ဝ၁၆ ခုနှစ်၊ ဩ ဂုတ်လ ၁၅ရက်‌နေ့တွင် ပြန်လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

လက်ရှိ ခွဲထွက် DKBA အဖွဲ့၏ စစ်ဦးစီးချုပ်မှာ ဗိုလ်ချုပ်‌စော‌ကျော်သက်၊ ဒုတိယ စစ်ဦးစီးချုပ်မှာ ဗိုလ်ချုပ် ‌စောတိုင်း‌ရွှေ (‌ခေါ်) ဗိုလ်ဘိ ဖြစ်တို့ဖြစ်ကြပြီး ၎င်းတို့မှာ ကွယ်လွန်သွားခဲ့သူ ဗိုလ်ချုပ်‌စောလားပွယ် ဦး‌ဆောင် သည့် ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော်၏ အဖွဲ့ဝင်‌ဟောင်းများဖြစ်ခဲ့ကြသလို ယခင်က မြိုင်ကြီးဆရာ‌တော်၏ သားတပည့်များလည်းဖြစ်ခဲ့ကြသည်။

ဘဝနတ်ထံ ပျံလွန်‌တော်မူသွားပြီဖြစ်သည့် မြိုင်ကြီးငူဆရာ‌တော် ဘဒ္ဒန္တ ဦးသုဇန ရုပ်ကလာပ်‌တော်ကို ၎င်း၏ ဒါယိကာများ၊ သားတပည့်များ၊ ‌လေးစားကြည်ညိုသူများမှ လာ‌ရောက်ဖူး‌မြော်နိုင်ရန် ၄၅ ကြာ အပူ‌ဇော်ခံပြီး ‌နောက် လာမည့် နိုဝင်ဘာလ ၂၇ ရက်‌နေ့တွင် လှှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူ၌် သဂြုႋဟ်သွားမည်ဟု သိရသည်။

မြိုင်ကြီးငူဆရာ‌တော်ဘုရားကြီး ဦးသုဇနသည် ယခုလ ၁၃ရက်၊ ထိုင်းစံ‌တော်ချိန် ည ၉ နာရီ ၁၂ မိနစ်အချိန်တွင် ဘန်‌ကောက်မြို့ ၊ Bumrungrad International Hospital ‌ဆေးရုံကြီး၌ ဘဝနတ်ထံ ပျံလွန်‌တော်မူခဲ့ခြင်းဖြစ်ကာ ပျံလွန်‌တော်မူသည့်အချိန်တွင် သက်‌တော် ၇၁ နှစ်နှင့် ဝါ‌တော် ၅၁ ဝါရှိသည်ဟု သိရသည်။