Home သတင်း ကရင်လက်နက်ကိုင်များ ‌ပေါင်းစည်း‌ရေး KNDP တိုက်တွန်းချက် DKBA ခွဲထွက်အဖွဲ့ ‌ထောက်ခံ

ကရင်လက်နက်ကိုင်များ ‌ပေါင်းစည်း‌ရေး KNDP တိုက်တွန်းချက် DKBA ခွဲထွက်အဖွဲ့ ‌ထောက်ခံ

3780

‌အောက်တိုဘာ ၂၂ ရက်၊ ၂ဝ၁၈ ခုနှစ်။ ‌ကေအိုင်စီ

ကရင်လက်နက်ကိုင်အဖွဲ့အစည်းများအားလုံး ပြန်လည်‌ပေါင်းစည်း‌ဆောင်ရွက်‌ရေးအတွက် ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ – KNDP ၏ တိုက်တွန်း‌ပြောဆိုချက်အ‌ပေါ် ‌ထောက်ခံကြိုဆို‌ကြောင်း တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် (DKBA-ခွဲထွက်အဖွဲ့)၏ စစ်ဦးစီးအရာရှိချုပ် ဗိုလ်မှူးကြီး‌စောဆန်း‌အောင်က ‌ကေအိုင်စီသို့ ဆက်သွယ် ‌ပြောဆိုသည်။

ဖားအံမြို့၊ Breeze ဟိုတယ်၌ ‌အောက်တိုဘာ ၂ဝရက်(ယမန်‌နေ့)က ပြုလုပ်သည့် ကရင်ပြည်နယ် အ‌ခြေစိုက် နိုင်ငံ‌ရေးပါတီ ၄ပါ တီ ပူး‌ပေါင်းဖွဲ့စည်းထား‌သော KNDP၏ ပထမအကြိမ် ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီ အစည်းအ‌ဝေးအပြီး သ‌ဘောထား ထုတ်ပြန်၍ တိုက်တွန်း‌ပြောဆိုလိုက်သည့်အ‌ပေါ် ဗိုလ်မှူးကြီး‌စောဆန်း‌အောင်က ဆက်သွယ်ကာ ယခုလို ‌ပြောလိုက်ခြင်းဖြစ် သည်။

ဗိုလ်မှူးကြီး‌စောဆန်း‌အောင်က “နိုင်ငံ‌ရေးပါတီဆိုတာက ပြည်သူ‌တွေရဲ့ ကိုယ်စားဖြစ်ပါတယ်။ သူတို့ ဒီလို ‌တောင်းဆိုတာ ကြား ရတဲ့အတွက် ကြိုဆို‌ထောက်ခံတယ်‌ပေါ့‌နော်။ ကျ‌နော်တို့က အဖွဲ့ငယ်ဖြစ်တဲ့အတွက် ဒီကိစ္စကို သ‌ဘောထားရှိ‌ပေမယ့် ဦး‌ဆောင် ပြီး‌တော့ လုပ်လို့မရဘူး။ တာဝန်ရှိတဲ့အဖွဲ့‌တွေက လုပ်မယ်ဆိုရင် ဖြစ်လာမှာပါ။”ဟု ‌ပြောသည်။

ကရင်လက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်းများအ‌နေဖြင့် ပြည်သူများ၏ မျက်နှာကိုမူကာ အဆိုပါ KNDP ပါတီ၏ ‌တောင်းဆို ချက်ကို အ‌လေးထားပြီး ကြိုးစား အ‌ကောင်အထည်‌ဖော်‌ဆောင်သင့်ဟုလည်း ဗိုလ်မှူးကြီး‌စောဆန်း‌အောင်က ဖြည့်စွက်‌ပြောဆို သည်။

လက်ရှိတွင် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် -KNLA၊ ဗိုလ်ချုပ်‌စောမို ‌ရှေး (ယခင် ဗိုလ်ချုပ်ကြီး‌စောလားပွယ်) ဦး‌ဆောင်‌သော ဒီမိုက‌ရေစီအကျိုးပြုကရင့်တပ်မ‌တော် -DKBA၊ ဗိုလ်ချုပ်ကြီး‌စော‌ဌေး ‌မောင် (ခ)‌စောထင်‌မောင် ဦးစီး‌သော KNU/KNLA (PC)၊ အစိုးရတပ်မ‌တော်လက်‌အောက်ခံ ကရင်နယ်ခြား‌စောင့်တပ်(BGF)နှင့် DKBA ခွဲထွက်အဖွဲ့ဟူ၍ ကရင်လက်နက် ကိုင်အဖွဲ့ ၅ဖွဲ့ရှိသည်။

အဆိုပါကွဲပြား‌နေသည့် လက်နက်ကိုင်အဖွဲ့များ ပြန်လည်‌ပေါင်းစည်းနိုင်ရန် ရည်ရွယ်၍ ပြီးခဲ့သည့် ၂ဝ၁၃ခုနှစ်၊ မတ်လ ၂၈ရက် ‌နေ့တွင် ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ၏ ဌာနချုပ်ရှိရာ ထို့‌ကော်ကိုး၌ အစည်းအ‌ဝေးတစ်ရပ်ပြုလုပ်ကာ ကရင်လက်နက်ကိုင်များ စည်းလုံးညီညွှတ်‌ရေး‌ကော်မတီကို ဖွဲ့စည်းခဲ့ကြသည်။

“လက်နက်ကိုင် စည်းလုံး‌ရေး ‌ကော်မတီ‌တော့ရှိတယ်။ အ‌ကောင်အထည်မ‌ဖော်နိုင်ဘူး‌ပေါ့။ အ‌ကြောင်းက အခု NCA ငြိမ်းချမ်း ‌ရေး‌ဖော်‌ဆောင်မှု လုပ်တဲ့အချိန်မှာ ကျ‌နော်တို့နဲ့‌ပေါင်းလိုက်ရင် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်အ‌ပေါ်မှာ ထိခိုက်နိုင်တယ်‌ပေါ့‌နော်။ ကျ‌နော်တို့ကို စစ်တပ်ဘက်က ဝရမ်းထုတ်ထားတဲ့အတွက် ‌ပေါင်းစည်း‌ရေးရဲ့ အခက်အခဲက အဲဒါပဲ ရှိတယ်။ အားလုံးခြုံကြည့် လိုက်ရင် စစ်တပ်ပါပဲ။ စစ်တပ်က ခက်‌အောင်လုပ်ထားတာ။”ဟု ဗိုလ်မှူးကြီး‌စောဆန်း‌အောင်က ‌ပြောသည်။

DKBA ခွဲထွက်အဖွဲ့သည် ကွယ်လွန်သွားခဲ့သူ ဗိုလ်ချုပ်‌စောလားပွယ် ဦး‌ဆောင်သည့် ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော်၏ အဖွဲ့ဝင်များဖြစ်ကြပြီး လွန်ခဲ့သည့် ၂ဝ၁၅ခုနှစ်တွင် ဖြစ်ပွားခဲ့‌သော မြဝတီ‌ကော့ကရိတ် အာရှလမ်းမကြီးအတွင်း ပစ်ခတ်တိုက် ခိုက်မှုများ‌ကြောင့် အဖွဲ့တွင်း သ‌ဘောထားကွဲလွဲကာ ၂ဝ၁၆ခုနှစ်၊ ဩဂုတ်လ ၁၅ရက်‌နေ့တွင် တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင် အမျိုးသားတပ်မ‌တော်အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့သည်။

လက်ရှိ ၎င်းအဖွဲ့၏ စစ်ဦးစီးချုပ်မှာ ဗိုလ်ချုပ်‌စော‌ကျော်သက်ဖြစ်ပြီး ဒုတိယ စစ်ဦးစီးချုပ်မှာ ဗိုလ်ချုပ်‌စောတိုင်း‌ရွှေ (‌ခေါ်) ဗိုလ်ဘိ ဖြစ်သည်။