Home သတင်း ပညာ‌ရေးနှင့် သူနာပြုတက္ကသိုလ် ဝင်ခွင့်ရလိုသူများကို ‌ထောက်ခံစာထုတ်‌ပေးမည်

ပညာ‌ရေးနှင့် သူနာပြုတက္ကသိုလ် ဝင်ခွင့်ရလိုသူများကို ‌ထောက်ခံစာထုတ်‌ပေးမည်

4071

‌အောက်တိုဘာ ၂ဝ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောထွန်းလင်း

ပညာ‌ရေးတက္ကသိုလ်၊ ‌ကောလိပ်များနှင့် သူနာပြုတက္ကသိုလ် ဝင်ခွင့်အမှတ် မပြည့်မှီ‌သော်လည်း တက်‌ရောက်လို သည့် ကရင်‌ကျောင်းသူ/‌ကျောင်းသားများအ‌နေဖြင့် ဆိုင်ရာမြို့နယ် ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု ‌ကော်မတီများမှ တစ်ဆင့် ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီးထံ ‌ထောက်ခံစာ‌တောင်းခံနိုင်‌ကြောင်း ဝန်ကြီးက ‌ပြောသည်။

ရန်ကုန်တိုင်း‌ဒေသကြီး ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ ဥက္ကဌ၊ ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ‌နော်ပန်း သဉ်ဇာမျိုးက “ပညာ‌ရေးတက္ကသိုလ် တက်ချင်တယ်၊ ဝင်ခွင့်အမှတ်မမှီဘူး။ ‌လေးငါး ဆယ်မှတ်လိုတယ် ဆိုတဲ့ က‌လေး‌တွေ ကျမဆီ ‌ထောက်ခံစာလာယူပါ။ ကျမ‌ထောက်ခံ‌ပေးရင် တက်ခွင့်ရမယ်။ အလားတူပဲ သူနာပြု တက္ကသိုလ်အတွက်လည်း အမှတ်လိုရင်‌ပြော ‌ထောက်ခံ‌ပေးမယ်။ သက်ဆိုင်ရာ စာယဉ် ဥက္ကဌ‌တွေက‌နေ စာလာတင်ပါ”ဟု ‌အောက်တိုဘာ ၁၉ ရက်‌နေ့တွင် ရန်ကုန်တိုင်း‌ဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအ‌ဝေး ခန်းမ၌ ပြုလုပ်သည့် တိုင်းစာ/ယဉ် အစည်းအ‌ဝေးတွင် ဝန်ကြီးက ‌ပြောသည်။

ယခင်က အဆိုပါ တက္ကသိုလ်ဝင်ခွင့် အမှတ်မပြည့်မှီ‌သော်လည်း တက်‌ရောက်လိုသည့် တိုင်းရင်းသား ‌ကျောင်းသူ/ ‌ကျောင်းသားများကို ၅ ရာခိုင်နှုန်းခန့် ဝင်ခွင့်ရ‌ရေး ‌ထောက်ခံ‌ပေးနိုင်‌သော်လည်း လက်ရှိတွင် ၁ဝ ရာခိုင်နှုန်းထိ ဝင်ခွင့်ရရန် ‌ထောက်ခံ‌ပေးရန် သက်ဆိုင်ရာသို့ တိုး‌တောင်းထားသည်ဟု ဝန်ကြီးက ဆက်‌ပြောသည်။

ယခုလို ကရင်‌ကျောင်းသူ/‌ကျောင်းသားများ ဝင်ခွင့်အမှတ်မပြည့်မှီ‌သော်လည်း တက်‌ရောက်ခွင့်ရရန် ‌ထောက်ခံ ‌ပေးသည့် အတွက် ‌ကောင်းမွန်သည့် အစီအစဉ်ဖြစ်သည်ဟု တိုင်းစာယဉ်အတွင်း‌ရေးမှူး မန်းသန်းဝင်းဦးက ‌ပြောသည်။

၎င်းအပြင် ကရင်လူမျိုးများအ‌နေဖြင့် ‌ကျေးလက်‌ဒေသတွင် အများစု‌နေထိုင်သည့်အတွက် ပညာ‌ရေးပိုင်း အားနည်းကာ တက္ကသိုလ်ဝင်စာ‌မေးပွဲတွင် အမှတ်‌ကောင်း‌ကောင်းဖြင့်‌အောင်မြင်မှု ရာခိုင်နှုန်းနည်းပါး‌နေသည်ကို ‌တွေ့ရသည်ဟု မန်းသန်းဝင်းဦးက ဆိုသည်။

အဆိုပါ တက္ကသိုလ်ဝင်ခွင့်ရရန် အမှတ်မပြည့်မှီ‌သော်လည်း တက်‌ရောက်ခွင့်ရရန် ‌ကျောင်းသူ/‌ကျောင်းသား နှစ်ဦးကို ကနဦး‌ထောက်ခံစာထုတ်‌ပေးထားပြီးဖြစ်သလို မြို့နယ်စာယဉ်များကလည်း ထပ်မံ သတင်းစကားပါးရန် ဝန်ကြီးက တိုက်တွန်း‌ပြောဆိုသည်။