Home သတင်း မြိုင်ကြီးငူဆရာ‌တော် ရုပ်ကလာပ်‌တော်ကို ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင် သွား‌ရောက်ဖူး‌မြော်

မြိုင်ကြီးငူဆရာ‌တော် ရုပ်ကလာပ်‌တော်ကို ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင် သွား‌ရောက်ဖူး‌မြော်

4212

‌အောက်တိုဘာ ၂ဝရက်၊ ၂၀၁၈ခုနှစ်။ ‌ကေအိုင်စီ

ဘဝနတ်ထံ ပျံလွန်‌တော်မူသွား‌သော မြိုင်ကြီးငူဆရာ‌တော်ကြီး ဥူးသုဇန၏ ရုပ်ကလာပ်‌တော်အား တပ်မ‌တော်ကာကွယ်‌ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်နှင့် ဇနီးတို့မှ ယ‌နေ့ (‌အောက်တိုဘာလ ၂၀)ရက်‌နေ့ နံနက် ၉နာရီအချိန်တွင် ကရင် ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ မြိုင်ကြီးငူသို့ သွား‌ရောက် ဖူး‌မြော်ကန်‌တော့ခဲ့ကြသည်ဟု သိရသည်။

တပ်မ‌တော်ကာကွယ်‌ရေးဦးစီးချုပ်နှင့်ဇနီး ဦး‌ဆောင်‌သောအဖွဲ့သည် ဆရာ‌တော်ဘုရား၏ ရုပ်ကလာပ်‌တော်အား ဖူး‌မြော်ကန် ‌တော့ခဲ့ကြပြီး‌နောက် ဈာပနအခမ်းအနားအတွက် ပြင်ဆင်‌ဆောင်ရွက်ထားမှု အ‌ခြေအ‌နေများကို ကြည့်ရှု‌လေ့လာခဲ့ကြပြီး သကင်္န်း၊ ဆန်၊ ဆီ၊ ‌ကော်ဖီ စသည့် လှူဖွယ်ဝတ္ထုအစုစုတို့အား ဆက်ကပ် လှူဒါန်းခဲ့‌ကြောင်း ပွဲစီစဉ်သူများက ‌ပြောသည်။

ယင်းသို့ လှူဖွယ်ပစ္စည်းများကို လှူဒါန်းခဲ့ကြပြီး‌နောက် ဆရာ‌တော်ကြီးများ၏ ဩဝါဒစကားများကို တစ်နာရီ‌ကျော်ကြာ ခံယူပြီး ယ‌နေ့မနက် ၁ဝနာရီ‌ကျော်အချိန်တွင် မြိုင်ကြီးငူမှ ပြန်လည်ထွက်ခွာသွားသည်ဟု သိရသည်။

သက်‌တော် ၇၁နှစ်၊ ဝါ‌တော် ၅၂ဝါရှိ မြိုင်ကြီးငူဆရာ‌တော် ဥူးသုဇနသည် ယခုလ ၁၃ရက်‌နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်‌ကောက်မြို့၌ ဘဝနတ်ထံ ပျံလွန်‌တော်မူခဲ့ပြီး လက်ရှိအချိန်၌ ၄၅ရက်ကြာ ပူ‌ဇော်ခံလျှက်ရှိကာ အနိ္တမဈာပနအခမ်းအနားကို လာမည့် နိုဝင်ဘာ လ ၂၇ရက်‌နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်‌ကြောင်း သိရသည်။