Home Authors Posts by KIC News

KIC News

22012 POSTS 0 COMMENTS

အာဏာသိမ်းသမ္မတ၏ထိုင်းခရီးစဥ်သည် သံတမန်ရေးရာထက်ပိုသော နှစ်နိုင်ငံအကျိုးအတွက် ဖြစ်သည်ဟု ထိုင်းဝန်ကြီးချုပ်ပြော

ဇူလိုင် (၂၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ စစ်ခေါင်းဆောင် အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်၏ ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ လာရောက်မည့်ခရီးစဥ်သည် သံတမန်ရေးရာအတွက်မဟုတ်ဘဲ နှစ်ဖက်နိုင်ငံအတွက် အကျိုးရှိမည့်ကိစ္စများကိုဆွေးနွေးရန်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူးလ်က ဆိုသည်။ လာမည့် သြဂုတ်လပထမအပတ်အတွင်း မြန်မာအာဏာသိမ်းသမ္မတအဖွဲ့၊ ဘန်ကောက်မြို့ကို လာရောက်ဖို့ရှိနေပြီး ထိုင်းနိုင်ငံမြောက်ပိုင်း ကွက်မြစ်အတွင်းဖြစ်ပွားနေသော...

WLB ၏ ၁၂ ကြိမ်မြောက် ညီလာခံတွင် အတွင်းရေးမှူးအဖွဲ့သစ် ရွေးကောက်တင်မြှောက်ခဲ့

ဇူလိုင်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)-Women's League of Burma(WLB) ၏ ၁၂ ကြိမ်မြောက် ညီလာခံ (၂၀၂၆ - ၂၀၂၈) ခုနှစ် အတွက် အတွင်းရေးမှူးအဖွဲ့သစ်ကို ဒီမိုကရေစီနည်းလမ်းကျ အောင်မြင်စွာ ရွေးကောက်တင်မြှောက်ပြီးစီးခဲ့ကြောင်း WLB က...

ကျောက်ခက်မှ ကျားဖြန့်လုပ်သားများ ဆုံဆည်းမြိုင်သို့ အလုံးအရင်းဖြင့် ရွှေ့ပြောင်းနေ

ဇူလိုင် (၂၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်းရှိ ကျောက်ခက်ဒေသမှ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)လုပ်ကိုင်သူ နိုင်ငံခြားသား ထောင်နှင့်ချီမှာ ယမန်နေ့ ဇူလိုင်လ(၂၂)ရက်နေ့ မွန်းလွဲပိုင်းမှစ၍ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်-DKBA ဌာနချုပ်နယ်မြေ ဆုံဆည်းမြိုင်သို့ ပြောင်းရွှေ့နေကြကြောင်း ထိုင်း-မြန်မာနယ်စပ် သတင်းအရင်းအမြစ်များမှ သိရသည်။ မြဝတီတောင်ပိုင်းကို လေကြောင်းရန်အကြီးအကျယ် ခြိမ်းခြောက်နေသည့်စစ်အုပ်စုက ယခုရက်ပိုင်းအတွင်း...

မူတြော်တွင် နှစ်ပတ်အတွင်း တိုက်ပွဲ (၃၈) ကြိမ်ဖြစ်ပွား၊ စစ်အုပ်စုတပ်ဖွဲ့ဝင် (၁၂) ဦး သေဆုံး

ဇူလိုင် (၁၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ မူတြော်/ဖာပွန်ခရိုင်အတွင်း ဇူလိုင်လ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ နှစ်ပတ်တာတွင် စစ်အုပ်စုနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲပေါင်း (၃၈) ကြိမ် ဖြစ်ပွားပြီး စစ်အုပ်စုဘက်က(၁၂)ဦးသေဆုံးသွားကြောင်း ကေအဲန်ယူ တပ်မဟာ (၅)...

မြန်မာပြည် အရှေ့တောင်ပိုင်းက စစ်ရှောင်အမျိုးသမီးများ မလုံခြုံသော ရပ်ဝန်းတွင်ရောက်ရှိနေဟု KHRG ထောက်ပြ

ဇူလိုင်၊ (၂၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ပဋိပက္ခအတွင်းစစ်ရှောင်နေရသည့် အမျိုးသမီးအများစုသည် ပုံစံမတူသော စိတ်လုံခြုံမှုမရှိ၊ အန္တရာယ်မကင်းသည့် ပတ်ဝန်းကျင်သစ်တစ်ခုတွင် ရောက်ရှိနေသည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့-KHRG က “စစ်ရှောင်အမျိုးသမီးများစိန်ခေါ်နေရသည့် အတွေ့အကြုံများ” အစီရင်ခံစာထဲ၌ ထောက်ပြထားသည်။ “အကြောက်တရားကို အံတုရင်း မြန်မာပြည် အရှေ့တောင်ပိုင်းဒေသရှိ နေရပ်စွန့်ခွာနေရခြင်းနှင့် လုံခြုံရေး ဆိုင်ရာစိန်ခေါ်မှုများကိုရင်ဆိုင်...

မဲဆောက်တွင် မြန်မာနိုင်ငံသားများ ပါဝင်သည့် ရာဇဝတ်မှုများ ဆက်တိုက်ဖြစ်ပွား

ဇူလိုင် ၂၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့တွင် အဆင့်မြင့်ဒရုန်းနှင့်ဆက်စပ်ပစ္စည်းများကို အကောက်ခွန်မဖြတ်ဘဲ တရားမဝင်သိုလှောင်မှု အပါအဝင် လူသတ်မှု စသဖြင့် မြန်မာနိုင်ငံသားများ ပါဝင်ပတ်သက်နေသော ရာဇဝတ်မှုများ ယခုရက်ပိုင်းအတွင်း ဆက်တိုက်ဖြစ်ပွားနေကြောင်း ထိုင်းသတင်းအရင်းအမြစ်များမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ(၂၁)ရက်နေ့က မယ်ပကျေးရွာ၊ အမှတ်...

ကရင်ငြိမ်းချမ်းရေး-KNU/KNLA-PC အတွင်းရေးမှူး(၁) ဗိုလ်မှူးကြီး စောကျော်ညွှန့်နှင့် ဆက်သွယ်မေးမြန်းခြင်း။

“ကရင်ပြည်နယ်မှာဖြစ်ပေါ်နေတဲ့ စစ်ပွဲဆိုတာ ကျနော်တို့ ကရင်လူမျိုးတွေကိုယ်တိုင် ဖန်တီးတဲ့စစ်ပွဲ မဟုတ်ပါဘူး။ တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ အင်မတန်ကြီးမားတဲ့ နိုင်ငံရေးပြဿနာကြောင့်သာ ဖြစ်ပေါ်လာရတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပါတယ်။" ကရင်ငြိမ်းချမ်းရေး-KNU/KNLA-PC အတွင်းရေးမှူး(၁) ဗိုလ်မှူးကြီး စောကျော်ညွှန့်နှင့် ဆက်သွယ်မေးမြန်းခြင်း။ ဇူလိုင် (၂၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ -NSPNC နဲ့...

မင်းအောင်လှိုင် စေလိုရာစေနိုင်တဲ့ လွှတ်တော်ထဲက “အာဆီယံတူညီဆန္ဒ ၅ချက်” ဆန့်ကျင်ရေး

မင်းအောင်လှိုင် စေလိုရာစေနိုင်တဲ့ လွှတ်တော်ထဲက “အာဆီယံတူညီဆန္ဒ ၅ချက်” ဆန့်ကျင်ရေး မောင်ကျော်စွာ (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်) အာဆီယံက မိသားစုသဖွယ်စိတ်ဓာတ်နဲ့ မြန်မာ့နိုင်ငံရေးမှာ ပါဝင်လာမှုကို မင်းအောင်လှိုင်က အကြောက်အ ကန် ဆန့်ကျင်ဖို့ ခြေကြီးကြီး လှမ်းလိုက်ပြီ။ (၁၀-၄-၂၀၂၆)ရက်နေ့ ပြည်ထောင်စုလွှတ်တော်မှာ (သူ့ကိုယ်သူ သမ္မတအဖြစ် ခန့်အပ်တဲ့)...

မယ်တော်ဆေးခန်း၏ အရေးပေါ်ဆေးကုသရေးယူနစ် (ECU) ဖွင့်လှစ်ဆောင်ရွက်နေမှုအပေါ် ယူနစ်တာဝန်ခံ စောထိုက်ထိုက်နှင့် တွေ့ဆုံမေးမြန်းခြင်း။

“အရင်တုန်းက မရှိသေးတဲ့အခြေအနေနဲ့ အခုရှိလာတဲ့အခြေအနေကတော့ အရမ်းကွာဟမှုရှိတာပေါ့။ လူနာတွေရဲ့အရေးပေါ်အခြေအနေတွေကို မြန်မြန်ဆန်ဆန်သိနိုင်တယ်။ လိုအပ်တဲ့ကုသမှုတွေကိုလည်း ပေးနိုင်တယ်။ လူနာတွေရဲ့ အသက်အန္တရာယ်အတွက်လည်း အရမ်းကို Safe ဖြစ်လာတယ်” မယ်တော်ဆေးခန်း၏ အရေးပေါ်ဆေးကုသရေးယူနစ် (ECU) ဖွင့်လှစ်ဆောင်ရွက်နေမှုအပေါ် ယူနစ်တာဝန်ခံ စောထိုက်ထိုက်နှင့် တွေ့ဆုံမေးမြန်းခြင်း။ ဇူလိုင် (၂၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ၂၀၂၁...

မြန်မာနိုင်ငံဘက်သို့ တရားမဝင်တင်သွင်းမည့် စစ်ဘက်ဆိုင်ရာသုံး ဒရုန်းများ မဲဆောက်တွင်ဖမ်းမိ

ဇူလိုင်၊ (၂၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် မြန်မာနိုင်ငံသို့တရားမဝင်သွင်းမည့် စွမ်းရည်မြင့် (FPV) ဒရုန်း(၄)စင်းအပါအဝင် ဆက်စပ်ပစ္စည်းများကို မြန်မာနိုင်ငံသားတစ်ဦးထံမှ ယမန်နေ့၊ ဇူလိုင်လ(၂၁) ရက်နေ့က ဖမ်းဆီးရရှိခဲ့သည်ဟု ထိုင်း CIB ၏ သတင်းထုတ်ပြန်ထားချက်အရ သိရသည်။ ပစ္စည်းပို့ဆောင်သည့် ကုမ္ပဏီတစ်ခုကို သွားရောက်စစ်ဆေးရာမှ...
Donate