KIC News
ထိုင်းရောက် နိုင်ငံခြားသားလုပ်သားများကို ဝင်ငွေခွန်ကောက်ခံမှု တင်းကျပ်မည်
အောက်တိုဘာ ၁၁ ရက်၊ ၂၀၂၅။ ကေအိုင်စီ
ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသားလုပ်သားများအပေါ် ထိုင်းအစိုးရက ဝင်ငွေခွန် ကောက်ခံမည့်အစီအစဥ်ကို တင်းကျပ်ဆောင်ရွက်မည်ဟု ဘန်ကောက်ပို့စ်သတင်းဌာနက ယမန်နေ့တွင် ဖော်ပြထားသည်။
ထိုင်းနိုင်ငံအတွင်း ၂၀၂၄ ခုနှစ်၊ သြဂုတ်လအတွင်း စာရင်းသွင်းထားသော နိုင်ငံခြား သားလုပ်သားဦးရေသည် ၃.၃ မီလီယံအထိရှိနေပြီး လူတိုင်းဝင်ငွေခွန်ပေးဆောင်ရမည့်အခြေအနေကို ထိုင်းအစိုးရက...
အရပ်သားအပေါ် ဗုံးကြဲတိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်သည့် စစ်အုပ်စုအား ထောက်ပံ့မှုမပေးရန် နိုင်ငံတကာသို့ KPSN တောင်းဆို
အောက်တိုဘာ ၁၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်ဒေသအပါအဝင် တစ်နိုင်ငံလုံးရှိ အရပ်သားပြည်သူများအပေါ် လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်နေသည့် စစ်အုပ်စုအား အထောက်အပံ့မပေးရန်နှင့် ဒဏ်ခတ်ပိတ် ဆို့မှုများပေးရန် ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် - KPSN က နိုင်ငံတကာသို့ တောင်းဆိုလိုက်သည်။
မွန်-ကရင်အစပ်၊ ဘီးလင်းမြို့နယ်၊ ပျဥ်းမပင်ဆိပ်...
ကော့ကရိတ်မြောက်ပိုင်း နောင်နိုင်းရွာသား ၁၀၀ ခန့်ကို စစ်အုပ်စုတပ် ဖမ်းဆီးထား
အောက်တိုဘာ ၁၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြောက်ပိုင်း နောင်နိုင်းကျေးရွာသို့ စစ်ကြောင်း ဝင်ရောက်လာသော အာဏာသိမ်း စစ်အုပ်စုတပ်က ကျေးရွာသား ၁၀၀ ခန့်ကို နောင်နိုင်း ဘုန်းကြီးကျောင်းဝင်း၌ ဖမ်းဆီးထားကြောင်း ဒေသခံသတင်းအရင်းအမြစ်များက ပြောသည်။
စစ်အုပ်စုတပ် စစ်ကြောင်းသည် အောက်တိုဘာ ၁၀ရက်နေ့၊ နံနက်ပိုင်း...
ဆယ်ကျော်သက် ကရင်လူငယ်တစ်ဦး သြစတြေးလျသို့ ခိုလှုံရောက်ရှိချိန် ခြောက်ပတ်အကြာ ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့
အောက်တိုဘာ ၁၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
သြစတြေးလျနိုင်ငံ၊ နယူးဆော့ဝေးလ်ပြည်နယ်၊ တမ်ဝတ်မြို့သို့ မိသားစုနှင့်အတူ ပြောင်းရွှေ့ခိုလှုံလာချိန် ခြောက်ပတ်အတွင်းသာရှိသည့် ဆယ်ကျော်သက်အရွယ် ကရင်လူငယ်တစ်ဦး ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သြစတြေးလျ အခြေစိုက် သတင်းမီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရသည်။
အသက် ၁၅ နှစ်သာရှိသည့် ...
ဖားအံ တောင်ကလေးနှင့် မြို့ပြဆေးရုံများတွင် ဒဏ်ရာရ စစ်အုပ်စုတပ်သားများ ပြည့်နေ
အောက်တိုဘာ ၁၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် အာဏာသိမ်းစစ်အုပ်စုတပ်နှင့် တော်လှန်ရေး မဟာမိတ် တပ်များတိုက်ပွဲအတွင်း စစ်အုပ်စုတပ်ဘက်မှ ထိခိုက်ဒဏ်ရာရရှိသူများကို လက်ရှိတွင်
၎င်းတို့ထိန်းချုပ်ထားသော မြို့ပြဆေးရုံများနှင့် တောင်ကလေးစစ်ဆေးရုံတို့၌ လူနာအပြည့်ဖြင့် ကုသလျက်ရှိကြောင်း ခိုင်မာသည့်သတင်းအရင်းအမြစ်များထံမှ သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လမှ ယခုအောက်တိုဘာလအတွင်း ဖြစ်ပွားနေသော ကျုံဒိုးတိုက်ပွဲ၊...
DKBA ဗိုလ်ဘိအဖွဲ့က ကော့ကရိတ်မြောက်ပိုင်းရှိ နေအိမ်များမှ ပစ္စည်းများ ဖောက်ထွင်းသယ်ယူနေဟု ဒေသခံများဆို
အောက်တိုဘာ ၁၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
စစ်အုပ်စုတပ်နှင့် ပူးပေါင်းထားသည့် DKBA ဗိုလ်ဘိတပ်ဖွဲ့သည် ကော့ကရိတ်မြို့ မြောက်ပိုင်း၊ မြပတိုင် ကျေးရွာအုပ်စုရှိ ကျေးရွာများမှ ဒေသခံစစ်ဘေးရှောင်နေထိုင်သူများ၏ နေအိမ်များကို ဖောက်ထွင်း ဝင်ရောက်၍ အသုံးအဆောင်ပစ္စည်းများကို သယ်ယူနေကြောင်း စစ်ဘေးရှောင်ရွာသား သတင်းအရင်းအမြစ်က ပြောသည်။
အဆိုပါ စစ်ရှောင်ပြည်သူများ၏...
စစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားကလေးငယ်(၅)ဦးသေဆုံးပြီးအများအပြားထိခိုက်၊ ထပ်တိုး သေဆုံးမှုရှိလာနိုင်
အောက်တိုဘာလ ၁၀ ရက်၊၂၀၂၅ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ သထုံခရိုင်၊တပ်မဟာ(၁)နယ်မြေ ဘီးလင်းမြို့နယ်အတွင်းက ပျဉ်းမပင်ဆိပ်ကျေးရွာကို စစ်တပ်က ယမန်နေ့ညမှာ ပေါင်(၅၀၀)ဖြင့် ဗုံးကြဲတိုက်ခိုက်သောကြောင့် ဒေသခံ အရပ်သားကလေးငယ်(၅) ဦး ထိခိုက်သေဆုံးသွားပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိထားသည်ဟု ကျေးရွာတာဝန်ရှိသူတစ်ဦးက အတည်ပြုပြောဆိုသည်။
ယမန်နေ့ အောက်တိုဘာလ(၉)ရက်နေ့ည (၈)နာရီ ၁၅ မိနစ်ဝန်းကျင်အချိန်တွင်...














