Home သတင်း ထိုင်းနိုင်ငံတွင် မော်တော်ယာဥ်တစ်စီး မြေကျွံကျမှုဖြစ်ပွား

ထိုင်းနိုင်ငံတွင် မော်တော်ယာဥ်တစ်စီး မြေကျွံကျမှုဖြစ်ပွား

402
Photo crd: khaosod

ဇန်နဝါရီ ၁၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ၊ စမွန်စခွန်ခရိုင်၊ မဟာချိုင်မြို့နယ်တွင် ယနေ့ ဇန်နဝါရီ(၁၇)ရက်၊ မနက်(၇)နာရီဝန်းကျင်အချိန်က လမ်းမကြီးပေါ်သွားလာနေသည့် မော်တော်ယာဥ်တစ်စီး ရုတ်တရတ်မြေကျွံကျမှုဖြစ်ပွားခဲ့ကြောင်း သတင်းဌာနများဖော်ပြချက်အရ သိရသည်။

အဆိုပါမော်တော်ယာဥ်မှာ မြေပြင်အောက် ၁.၅ မီတာရှည်လျားပြီး လျှပ်စစ်ကြိုးများမြှုပ်နှံရာတွင်း အပေါ်မှဖုံးအုပ်ထားသည့် သံပြား၏အလေးချိန်ကိုမခံနိုင်ဘဲ ညာဘက်ယာဥ်ဦးခေါင်းပိုင်း ကျွံကျသွားခြင်းဖြစ်သည်။ ယာဥ်ကြောပိတ်ဆို့မှုအနည်းငယ်ဖြစ်ပွားခဲ့သော်လည်း အဆိုပါယာဥ်မောင်းနှင်သူ အသက်(၃၂)အရွယ် အမျိုးသား ထိခိုက်ဒဏ်ရာရခြင်းမရှိဟု Khaosod နှင့် Thairath သတင်းဌာနတို့က ဖော်ပြသည်။

ရေပိုက်များပျက်ဆီးခြင်းကြောင့် မြေကြီးကျွံကျခြင်းဖြစ်နိုင်သည်ဟု အာဏာပိုင်တို့နှင့်ဖြစ်ပွားရာနေရာသို့ ရောက်ရှိသွားသူအချို့က ပြောဆိုကြသော်လည်း အကြောင်းအရင်းကိုစုံစမ်းခြင်းနေဆဲဖြစ်ကြောင်း သတင်းတို့မှဖော်ပြချက်အရ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ(၁၄)ရက်နှင့်(၁၅)ရက်နေ့တို့ကလည်း စမွန်စခွန်ခရိုင်အတွင်းပင် ခရီးသည်များစီးနင်းလိုက်ပါ လာသည့် ရထားတွဲပေါ် နှင့် မော်တော်ယာဥ်များပေါ် ဆောက်လုပ်ရေးလုပ်ငန်းသုံး ကရိန်းပြိုကျ သည့်ဖြစ်စဥ်(၂)ခုဖြစ်ပွားခဲ့သည်။ ယင်းဖြစ်ရပ်များတွင်လည်း လူပုဂ္ဂိုလ်(၂၄)ယောက်သေဆုံးခဲ့ပြီး (၅၅)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ထိုင်းမီဒီယာများတွင် ဖော်ပြခဲ့သည်။

Photo crd: khaosod