Home Authors Posts by KIC News

KIC News

22366 POSTS 0 COMMENTS

ရေဖြူ ရာဖူးရွာတွင် တိုက်ပွဲ ဖြစ်ပွား ဒေသခံများ ထွက်ပြေး

နိုဝင်ဘာ ၂၅၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ရာဖူးကျေးရွာတွင် စစ်တပ်က နိုဝင်ဘာ ၂၄ ရက်နေ့တွင် စစ်ကြောင်းထိုးလာ၍ တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားနေပြီး ရွာသားများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံတစ်ဦး ကပြောသည်။ အင်အား ၆၀ ခန့်ပါ စစ်အုပ်စု စစ်ကြောင်းကို...

မင်းလက်ပံ အွန်လိုင်းငွေလိမ်မှုကိစ္စ ထိရောက်စွာ စုံစမ်းဖော်ထုတ်ရေး နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု လိုကြောင်း ကေအဲန်ယူပြော

နိုဝင်ဘာ ၂၅ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ထိုင်း-မြန်မာနယ်စပ်၊ လေးကေကော်ဒေသ၊ မင်းလက်ပံရှိ အွန်လိုင်းငွေ လိမ်(ကျားဖြန့်)လုပ်ကိုင်နေသည့်ခြံဝင်းမှ ဖမ်းဆီးထိန်းသိမ်းထားသည့် အလုပ်သမား ၂,၀၀၀ ဝန်းကျင်ကိစ္စနှင့်ပတ်သက်ပြီး ထိရောက်သည့်စုံစမ်းဖော်ထုတ်မှုနှင့် သက်သေစုဆောင်းရေး နိုင်ငံတကာ၏ပူးပေါင်းဆောင်ရွက်မှုလိုကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက ယနေ့သတင်းထုတ်ပြန်လိုက်သည်။ နိုဝင်ဘာ(၂၁)ရက်နေ့က မင်းလက်ပံ၌ စစ်အုပ်စုနှင့်KNLA နှစ်ဖက်တိုက်ပွဲအတွင်း ဒီမိုကရေစီ...

မင်းလက်ပံတွင် စစ်ရှောင်အိမ်များ ဖောက်ထွင်းခံရမှု များနေ

နိုဝင်ဘာ ၂၄၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ မြဝတီမြို့ တောင်ဘက် မင်းလက်ပံရွာနှင့် အနီးဝန်းကျင်တွင် တိုက်ပွဲများကြောင့် စစ်ရှောင်နေရသည့် ဒေသခံ နေအိမ်များ ဖောက်ထွင်းဖျက်ဆီးခံရမှု များလာသည်ဟု စစ်ရှောင်များက ပြောသည်။ တိုက်ပွဲများကြောင့် မင်းလက်ပံရွာသားများ ရွာလုံးကျွတ်ထွက်ပြေးနေချိန်တွင် ဒေသတွင်း မူးယစ်ဆေး (မြင်းဆေး) စွဲနေသူ တချို့က...

သရက်ချောင်း မင်းဒပ်ကျေးရွာရှိ နေအိမ်များကို စစ်တပ် မီးရိူ့ဖျက်ဆီး

နိုဝင်ဘာ ၂၄၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်အောက်ပိုင်းသို့ စစ်ကြောင်းထိုး နေသည့် စစ်တပ်က မင်းဒပ်ကျေးရွာရှိ ပြည်သူပိုင်နေအိမ်များကို ဆက်တိုက် မီးရှို့ဖျက်ဆီးနေသည်ဟု ဒေသခံများက ပြောသည်။ အဆိုပါ ဒေသဘက်သို့ စစ်တပ်က အင်အား ၂၀၀ ဝန်းကျင်းဖြင့် စစ်ကြောင်းထိုးနေခြင်း ဖြစ်ပြီး နိုဝင်ဘာ...

ကျွန်းစုတွင် ပျူကား နှစ်စီး တိုက်ခိုက်ခံရပြီး ၅ ဦး သေဆုံး

နိုဝင်ဘာ ၂၄၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြိုနယ် ကျွဲခရံကျေးရွာအုပ်စု၊ ပဲ့တိုင်ကျေးရွာဘက်သို့ ဒေသအခြေစိုက် တော်လှန်ရေး တပ်ဖွဲဝင်များက နယ်မြေကွင်းဆင်းနေစဉ် လက်နက်တင်ဆောင်လာသည့် ပျူစောထီး ကားနှစ်စီးကို တိုက်ခိုက်ခဲ့ရာ ၅ ဦး သေဆုံးသွားသည်ဟု ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က ပြောသည်။ နိုဝင်ဘာလ(၂၃)ရက်နေ့...

ကော့ကရိတ်တွင် စစ်ရှောင်နေသည့် ဒေသခံ ၂၇ ဦးကို စစ်တပ်ဖမ်းဆီးထား

နိုဝင်ဘာ ၂၄၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ကော့ကရိတ်မြောက်ပိုင်း လှိုင်စိမ်းရွာ၊‌ ကောင်းမှု့ ရွာ ဘက်မှ စစ်ဘေးရှောက်လာသူ ဒေသခံ ၂၇ ဦးသည် ပိတခထ့ရွာ ရာဘာခြံအတွင်း ပုန်းရှောင်နေစဉ် စစ်တပ်ကတွေ့ ရှိကာ ဖမ်းဆီးသွားသည်ဟု ဒေသခံများ ထံမှ သိရသည်။ ဒေါနတောင် အောက်ဘိုတဲ...

မင်းလက်ပံ တကျော့ပြန်တိုက်ပွဲများကြောင့် ထိုင်းဘက်ခြမ်း လုံခြုံရေး တိုးမြှင့်ချထား

နိုဝင်ဘာ ၂၄ ၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်-ထိုင်းနယ်စပ် မြဝတီ၊ မင်းလက်ပံအနီးတဝိုက် တကျော့ပြန်တိုက်ပွဲများကြောင့် ထိုင်း နိုင်ငံဘက်ခြမ်းတွင် လုံခြုံရေး တိုးမြှင့်ချထားသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များအရ သိရသည်။ လတ်တလော မြဝတီမြို့ မင်းလက်ပံကျေးရွာတဝိုက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် တပ်မဟာ (၆) မဟာမိတ်ပူးပေါင်းတပ် နှင့်...

မင်းလက်ပံရွာတိုက်ပွဲအတွင်း DKBA တပ်ဖွဲ့ဝင် ၂၀ ကျော်ကို လက်နက်များနှင့်အတူ KNLA မဟာမိတ်တပ် ထိန်းသိမ်း

နိုဝင်ဘာ ၂၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက်ရှိ မင်းလက်ပံရွာနှင့် အင်ကြင်းမြိုင်ရွာဘက်တွင် နိုဝင်ဘာ ၂၁ ရက်က ဖြစ်ပွားခဲ့သော စစ်အုပ်စုတပ်နှင့် KNLA မဟာမိတ်ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်စဉ်အတွင်း ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်-DKBA တပ်ဖွဲ့ဝင် ၂၀ ကျော်ကို လက်နက်ခဲယမ်းများနှင့်အတူ...

မင်းလက်ပံ တိုက်ပွဲကြောင့် ဒေသခံများ ထိုင်းဘက်စစ်ရှောင်နေရ၊ လူရာချီ မြန်မာဘက်ခြမ်း၌ ပိတ်မိ

နိုဝင်ဘာ ၂၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ မြဝတီမြို့တောင်ဘက်၊ လေးကေကော်အနီး မင်းလက်ပံကျေးရွာတွင် စစ်အုပ်စုနှင့် KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲကြောင့် မင်းလက်ပံအပါအဝင် အနီးအနားဒေသခံများသည် ထိုင်းဘက်သို့ စစ်ရှောင်နေရပြီး လူပေါင်းရာနှင့်ချီ၍လည်း မြန်မာဘက်တွင် ပိတ်မိကျန်နေကြကြောင်း စစ်ရှောင်များ၏ပြောပြချက်အရ သိရသည်။ နယ်စပ်သောင်ရင်းမြစ်အနီးရှိ မင်းလက်ပံသို့ နိုဝင်ဘာ ၂၁...

ရွှေကုက္ကိုလ်မှ ကျားဖြန့်သက်သေခံပစ္စည်းများကို BGF နှင့် စစ်အုပ်စုတပ်တို့ ဖျက်ဆီးပြ

နိုဝင်ဘာ ၂၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့မြောက်ဘက် ရွှေကုက္ကိုလ်ဒေသရှိ ကျားဖြန့် အွန်လိုင်းငွေ လိမ်လုပ်ငန်းများမှ သိမ်းဆည်းရမိထားသည့် သက်သေခံ ကွန်ပျူတာနှင့်ဖုန်းများကို ကရင်နယ်ခြားစောင့်တပ်-BGF နှင့်စစ်အုပ်စုပူးပေါင်းတပ်များက စက်ယန္တရားများဖြင့် ဖျက်ဆီးပြခဲ့ကြောင်း သိရသည်။ BGF နှင့်ထိုင်းသတင်းဌာနအချို့တွင် ဖော်ပြပြောဆိုမှုအရ ရွှေကုက္ကိုလ်ဒေသရှိ ကျားဖြန့ ်များကိုရှင်းလင်းရန်...
Donate