KIC News
ရေးမြို့နယ် တိုက်ပွဲတွင် စစ်အုပ်စုဘက်မှ အရာရှိအပါအဝင် ၁၂ ဦးသေဆုံး
အောက်တိုဘာ ၁၅ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ ရေးမြို့နယ် ကနင်ကမော့ရွာအနီးတွင် ယခုလ အောက်တိုဘာ ၁၀ ရက်မှ ၁၂ ရက်နေ့အထိ ဖြစ်ပွားခဲ့သည့် မွန်ပြည်တော်လှန်ရေး ပူးပေါင်းတပ်နှင့် အာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲတွင် စစ်အုပ်စုဘက်မှ အရာရှိ (၂) ဦးအပါအဝင်...
“နိုင်ငံရေးအရ စကားပြောဖို့ မထိုက်တန်တဲ့လူတွေဖြစ်တယ်” — ပဒို စောတောနီး
“နိုင်ငံရေးအရ စကားပြောဖို့ မထိုက်တန်တဲ့လူတွေဖြစ်တယ်” — ပဒို စောတောနီး
NCA ဆယ်နှစ်ပြည့်ပွဲအခမ်းအနားအပေါ် KNU ပြောခွင့်ရ ပဒိုစောတောနီးနှင့်တွေ့ဆုံမေးမြန်းခြင်း။
(အောက်တိုဘာ ၁၅ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ)
NCA နှစ်ပတ်လည်နေ့ ဆယ်နှစ်ပြည့်အခမ်းအနားကို ယနေ့ နေပြည်တော်တွင် အာဏာသိမ်းစစ်ခေါင်းဆောင်က ဦးစီးပြီး ကျင်းပပြုလုပ်လျက်ရှိရာ ၎င်းဖိတ်ကြားထားသည့် အဖွဲ့များ၊...
ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု အပြန်အလှန်တည်ဆောက်ရန် NCA ပွဲတက် KNU ဥက္ကဋ္ဌဟောင်း တိုက်တွန်း
အောက်တိုဘာ ၁၅ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ဥက္ကဋ္ဌဟောင်း စောမူးတူးစေးဖိုးက လက်တွေ့ကျ သည့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုအပြန်အလှန်တည်ဆောက်ရန်လိုကြောင်း နေပြည်တော်တွင် ပြုလုပ်နေသည့် တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်-NCA ဆယ်နှစ်ပြည့် ပွဲတက် မိန့်ခွန်းအတွင်း တိုက်တွန်း လိုက်သည်။
အိန္ဒိယ၊ တရုတ်နှင့်ထိုင်းနိုင်ငံတို့မှ ကိုယ်စားလှယ်များ၊ အပစ်ရပ်လက်မှတ်ထိုး...
ပုလောရှိ မင်းပြင်ရွာကို စစ်အုပ်တပ် ဒုတိယအကြိမ် မီးရှို့
အောက်တိုဘာ ၁၅ ရက်၊ ၂၀၂၅ ခုနှစ် ။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် မင်းပြင်ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်အုပ်စုတပ်မှ ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို နောက်တစ်ကြိမ် ထပ်မံမီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၃ ရက်နေ့ ညပိုင်းက ပလမြို့အနီးရှိ...
NCA ပွဲတက် ခေါင်းဆောင်ဟောင်းများသည် အဖွဲ့ကိုယ်စားမဟုတ်ကြောင်း KNU ရှင်းလင်း
အောက်တိုဘာ ၁၅ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
နေပြည်တော်တွင် ယနေ့နံနက်ပိုင်းမှစပြီး စစ်အုပ်စု ဦးစီးပြုလုပ်နေသော တစ်နိုင်ငံလုံး အပစ်ခတ် ရပ်စဲရေးစာချုပ်-NCA ဆယ်နှစ်ပြည့်ပွဲ တက်ရောက်ကြသည့် ဥက္ကဋ္ဌဟောင်းနှင့် ခေါင်းဆောင်ဟောင်းအချို့သည် အဖွဲ့ကို ကိုယ်စားမပြုကြောင်း ကေအဲန်ယူ–ကရင်အမျိုးသားအဖွဲ့အစည်းက ရှင်းလင်းပြောဆိုသည်။
ကေအဲန်ယူ၏ ယခင်ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုး၊ ကေအဲန်ယူ...
NCA ပွဲသွားခြင်းသည် သိက္ခာမဲ့လုပ်ရပ်ဖြစ်သည်ဟု ကေအဲန်ယူ ပြောရေးဆိုခွင့်ရှိသူပြော
အောက်တိုဘာ ၁၄ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
စစ်အုပ်စုဦးဆောင်ပြုလုပ်မည့် တစ်နိုင်လုံးအပစ်ခတ်ရပ်စဲရေးစာချုပ်-NCA ဆယ်နှစ်ပြည့်ပွဲကို သွားတက် ရောက်ခြင်းသည် သိက္ခာမဲ့သောလုပ်ရပ်ဖြစ်သည်ဟု ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ပြောရေး ဆိုခွင့်ရှိသူ ပဒိုစောတောနီးက အောက်တိုဘာ (၁၄)ရက်နေ့တွင် ပြုလုပ်သည့် ကေအိုင်စီနှင့် သီးသန့်အင်တာဗျူးတွင် ပြောသည်။
နိုင်ငံတော်အာဏာကို လေးနှစ်ကျော်ကြာ အဓမ္မသိမ်းယူထားသည့် စစ်အုပ်စုသည်...
ကရင်နီနှင့် ရှမ်းတောင်တွင် စစ်တပ်က ထိုးစစ်ဆင်လာမှုကြောင့် တိုက်ပွဲပြင်းထန်နေဟု KNDF ထုတ်ပြန်
အောက်တိုဘာ ၁၄ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်နီ (ကယား)ပြည်နယ် နှင့် ရှမ်း -ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်က စစ်မျက်နှာ (၅) ဖွင့်ပြီး ထိုးစစ်ဆင်တိုက်ခိုက်နေသောကြောင့် တော်လှန်တပ်ဖွဲ့များနှင့် နေ့စဥ်နီးပါး တိုက်ပွဲများ ပြင်းထန်နေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေး (KNDF) က ယမန်နေ့...














