ဇန်နဝါရီ ၂၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ မြိတ်ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်၊ ဖောင်းတောအရှေ့ကမ်း ဘောကွင်းအနီး၌ ဇန်နဝါရီလ ၂၆ ရက်၊ ညနေ ၄ နာရီခွဲအချိန်တွင် စစ်အုပ်စုတပ်မှ (Jet Fighter) ဖြင့် ဗုံး(၂)လုံးကြဲ တိုက်ခိုက်မှုကြောင့် နေ (၁) အိမ်လုံး ထိခိုက်ပျက်စီးခဲ့သည်ဟု ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံးက သတင်းထုတ်ပြန်ထားသည်။
စစ်အုပ်စုက ၎င်းတို့ အုပ်ချုပ်နယ်မြေများတွင် အတုယောင်ရွေးကောက်ပွဲကို အတင်း အဓမ္မပြုလုပ်ရန် အထူးကြိုးပန်းလျက်ပြီး ၎င်းတို့ လက်လွတ်ဆုံးရှုံးခဲ့ ရသောနယ်မြေများဖြစ်သည့် ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင်အုပ်ချုပ်ရာ ဒေသများအတွင်းရှိ ပြည်သူလူထုများအား အကြောက်တရား ဖြစ်ပေါ်စေရန် ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်ဟု ကေအဲန်ယူက ပြောသည်။
Home သတင်း မြိတ်-ထားဝယ်ခရိုင်တွင် စစ်အုပ်စု၏ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် ၁ လုံးပျက်စီးခဲ့



















